-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁


ထာဝရဘုရား အလွန်ဝမ်းနည်း

ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည်၊ ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ [A] မိန့်တော်မူချက်ဟူမူကား၊ ငါ​ကျွေးမွေးပြုစုသော သားသမီးတို့သည်၊ ငါ့ကို ပုန်ကန်ကြပြီ၊၊ နွားသော်လည်း မိမိအရှင်ကိုသိ၏၊၊ မြည်းသော်လည်း မိမိသခင်၏ မြည်းဇောင်းကိုသိ၏၊၊ ဣသရေလ အမျိုးသားတို့မူကား ငါ့ကိုမသိကြ၊၊ ငါ၏လူမျိုးမူကား၊ မဆင်ချင်တတ်ပါတကား၊၊


ထာ၀ရဘုရားကို စွန့်ကြပြီ

ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သောလူစု၊ မတရားသဖြင့် ပြုသောအနွယ်၊ ဖောက်ပြန်သော သားသမီးပါတကား၊၊ ထာဝရဘုရားကို စွန့်ကြပြီ၊၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ၊၊ ကျောခိုင်း၍ ခွာသွားကြပြီ၊၊ သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊၊ အဘယ်သို့ထပ်၍ ဆုံးမရဦးမည်နည်း၊၊ ဦးခေါင်းသည် အနာသက်သက်ရှိ၏၊၊ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ ​ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင်၊ ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ၊၊ အဝတ်နှင့်မစည်းရ၊၊ ဘယောင်းဆီနှင့် မပြော့စေရသေး၊၊ သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏၊၊ သင်တို့မြို့များကို မီးလောင်ပြီ။ သင်တို့မြေများကိုလည်း တ​ကျွန်းတနိုင်ငံသားတို့သည်၊ သင်တို့ မျက်မှောက်၌ စားကြ၏၊၊ ရန်သူဖျက်ပြီးသကဲ့သို့ လူဆိတ်ညံလျက်ရှိ၏၊၊ ဇိအုန်သတို့ သမီးသည်လည်း၊ စပျစ်ဥယျာဉ်၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း၊ ကျန်ရစ်လေ၏၊၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည်၊ ငါတို့၌ အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူ ကြပြီ၊၊ [C]


ပူဇော်သော ယဇ်များဘုရားမနှစ်သက်
CROSS REFERENCES





CROSS REFERENCES






၁၀ သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့၊၊ ဂေါမောရမြို့သားတို့၊ ငါတို့ ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့၊၊(a) ၁၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ပူဇော်သော ယဇ်အများကို၊ ငါသည် အဘယ်သို့ဆိုင်သနည်း၊၊ [D] မီးရှို့၍ ပူဇော်သော သိုးကောင်၊ ဆူဖြိုးအောင်​ ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့်ငါဝပြီ၊၊ နွားနှင့်သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်၊၊ ၁၂ သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌၊ ထိုသို့သောဝတ်ကို အဘယ်သူတောင်းသနည်း၊၊ ၁၃ အချည်းနှီးသောသူ ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊၊ သင်တို့မီးရှို့သော နံ့သာပေါင်းကို ငါရွံ့ရှာ၏၊ [E] လဆန်းနေ့၊ [F] ဥပုသ်နေ့၊ [G] ပရိသတ် စည်းဝေးသောနေ့ကိုလည်း ရွံရှာ၏၊၊ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်၊၊ ၁၄ ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့် သင်တို့ပွဲများကိုမုန်း၏၊၊ ငါ့ကိုနှောင့်ယှက်စရာဖြစ်၏၊၊ သည်းခံခြင်းအားဖြင့်ငါပင်ပန်း၏၊၊ [H] ၁၅ သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည် မျက်စိကိုလွှဲမည်၊၊ [I] များစွာသော ပဌနာကို ပြုကြသောအခါ ငါသည် နားမထောင်။ [J] သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။ ၁၆ ကိုယ်ကိုကိုယ် ဆေးကြောကြလော့။ ကိုယ်ကိုကိုယ် စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့၊၊ ၁၇ ကောင်းသော အကျင့်ကိုကျင့်အံ့သောငှါ သင်ကြလော့၊ တရားသဖြင့် ပြုခြင်းငှါ ရှာကြံကြလော့၊၊ ကောက်သောအရာကို​ ဖြောင့်စေကြလော့၊၊ မိဘမရှိသောသူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မုဆိုးမတို့၏အမှုကို စောင့်ကြလော့၊၊


လာကြ တရားစီရင်ကြကုန်အံ့
CROSS REFERENCES






၁၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လာကြ၊၊ တရားစီရင်ကြကုန်အံ့၊၊ [K] သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်၊၊ ကတ္တီပါနီ (b) နှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်၊၊ ၁၉ သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီး အနှံကို စားရကြလိမ့်မည်၊၊ ၂၀ သို့မဟုတ်၊ ငြင်းဆန်ပုန်ကန်လျှင် ဓါးလက်နက်ဖြင့် ဆုံးရကြလိမ့်မည်၊ ဟုထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏၊၊


မတရားသဖြင့် စီရင်ကြ
CROSS REFERENCES






၂၁ သစ္စာရှိသောမြို့သည် အဘယ်သို့ နောက်မီးလင်းပြန်သနည်း၊၊ (c) [L]အထက်က ​ဖြောင့်မတ်စွာ စီရင်ခြင်းနှင့်ပြည့်၏၊၊ တရားသည်သူ၏အထဲမှာ နေရာကျ၏၊၊ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာကျကြ၏၊၊ ၂၂ သင်၏ငွေသည်လည်း ချော်ဖြစ်လေပြီ၊၊ သင်၏စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏၊၊ ၂၃ သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ၊၊ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏၊၊ တံစိုးကိုစားကြ၏၊၊ မိဘမရှိသော သူတို့အဘို့ တရားမစီရင်ကြ၊၊ မုဆိုးမအမှုကို နားမထောင်ကြ၊၊


ထာဝရဘုရား တရားစီရင်တော်မူမည်

၂၄ ထိုကြောင့်၊ ဣသရေလအမျိုး၌ တန်ခိုးကြီးသောဘုရား၊ ကောင်းကင် ဗိုလ်​ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသောသူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကိုအပြစ်နှင့် အလျောက်စီရင်မည်။ ၂၅ သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့် ရှင်းရှင်းကင်းစင်စေ၍ သင်၏ ​ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။ [M] ၂၆ သင်၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦးစွာ ခန့်ထားသည်နည်းတူ၊ တဖန်ငါခန့်ထားဦးမည်၊၊ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့၊ ဟုသမုတ်ကြလိမ့်မည်၊၊ ၂၇ ဇိအုန်မြို့သည် တရားအားဖြင့်၎င်း၊ မြို့သူမြို့သားတို့သည် ဖြောင့်မတ်သောအားဖြင့်၎င်း၊ ရွေးနှုတ်ခြင်းကို ခံရကြလိမ့်မည်၊၊ ၂၈ လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက်၍၊ ထာဝရဘုရားကို စွန့်သောသူတို့သည် ဆုံးရှုံးကြလိမ့်မည်၊၊ ၂၉ သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင် တို့ကြောင့် ရှက်ကြလိမ့်မည်၊၊ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်၊၊ ၃၀ အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင်ကဲ့သို့၎င်း၊ ရေမရှိသော ဥယျာဉ်ကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်၊၊ ၃၁ ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ်လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်ကြလိမ့်မည်၊၊ ထိုမီးကိုအဘယ်သူမျှ မသတ်ရ၊၊

_________________________
Footnotes



၁၀ (a) ဤနေရာ၌ ယေရုရှလင်မြို့၌ အုပ်စိုးသူများကို သောဒုံမြို့ကိုအုပ်စိုးသောသူတို့ ဂေါမောရမြို့သားတို့၊ ဟုဘုရား သခင်က တင်စား၍ပြောခြင်းဖြစ်သည်။ သောဒုံနှင့် ဂေါမောရမြို့သားတို့သည် လိင်တူဆက်ဆံခြင်း အပြစ်ကြောင့် ဘုရားသခင်က မီးဖြင့်ဖျက်ဆီးခဲ့သည် (ကမ္ဘာ ၁၉း၂၄)။

၁၈ (b) ကတ္တီပါ သည်ကြက်သွေးရောင်ဖြစ်သည်။

၂၁ (c)

မြန်မာကျမ်းစာအုပ်၌ "မြောက်မထား" ဟုရေးထားသည်။ "နောက်မီးလင်း" ဆိုသည်မှာ လင်မယားအကြား ဖောက်ပြန်ခြင်းကို ဆိုလိုသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.