-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၁၅


အာဗြံယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရ
CROSS REFERENCES






ထို့နောက်မှ ရူပါရုံအားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာ ဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏၊ ဟုမိန့်တော်မူလျှင်၊ အာဗြံက၊ အရှင်ထာဝရဘုရား၊ အ​ကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အ​ကျွန်ုပ်၏အမွေခံ ဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်း၊ ဟုလျှောက်ဆို၏။ တဖန်အာဗြံက၊ အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ။ အ​ကျွန်ုပ်၏အိမ်၌ ဖွားသောသူသည်၊ အ​ကျွန်ုပ်၏အမွေခံ ဖြစ်ရပါသည်တကား၊ ဟုလျှောက်ဆို၏။ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံ မဖြစ်ရ။ သင်၏ကိုယ်ထဲက ထွက်သောသူသည် သင်၏အမွေခံ ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူပြီးလျှင်၊ အာဗြံကို ပြင်သို့ထုတ်ဆောင်တော်မူ၍၊ မိုးကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏ အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ [A]


အာဗြံကို ပြည်ပေးမည့်အကြောင်း ဘုရားကထပ်၍ပြော

တဖန်၊ ငါသည် ဤပြည်ကို သင့်အမွေခံစရာဖို့၊ သင်အားပေးလိုသောငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ်သည်၊ ဟုမိန့်တော်မူလျှင်၊ အရှင်ထာဝရဘုရား၊ ဤပြည်ကို အ​ကျွန်ုပ် အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်း၊ ဟုမေးလျှောက်လေ၏။ ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသော နွားမတစ်ကောင်၊ သုံးနှစ်အသက်ရှိသော ဆိတ်မတစ်ကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတစ်ကောင်၊ ချိုးတစ်ကောင်၊ ခိုသူငယ်တစ်ကောင်တို့ကို ငါ့အဘို့ယူလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၁၀ ထိုတိရစ္ဆာန် အပေါင်းတို့ကိုယူ၍၊ တစ်ကောင်တစ်ကောင်ကို ထက်ဝက်စီခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို တဘက်တချက်၌ ထားလေ၏။ ငှက်ကောင်တို့ကိုမခွဲ။ ၁၁ ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည် နှင်လေ၏။


အာဗြံ၏အမျိုးအနွယ်သည် နှစ်ပေါင်းလေးရာ ကျွန်ခံမည်

၁၂ နေဝင်သောအခါ၊ အာဗြံသည် ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့်ခြင်းသို့ ရောက်လေ၏။ ၁၃ ထာဝရဘုရားကလည်း၊ သင်၏အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည် ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။ ၁၄ သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထို့နောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။ ၁၅ သင်သည် ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုလ်ခြင်းကို ခံရလိမ့်မည်။ ၁၆ လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအားမိန့်တော်မူ၏။


အာဗြံအား ပေးသောပြည် အဲဂုတ္တုမြစ်မှ ဥဖရတ်မြစ်ထိ

၁၇ တဖန်နေဝင်၍ မိုက်သောအခါ၊ ခွဲထားသော အသားအလယ်၌ ၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသော မီးခွက်သည် ထင်ရှားစွာ လျှောက်သွားလေ၏။ ၁၈ ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင် ဤပြည်ကို၎င်း၊ ၁၉ ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊ ၂၀ ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊ ၂၁ သင်၏အမျိုးအနွယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.