-
AA
+
🡀
|
🡂
တိတု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





တိတု ဩဝါဒစာ
အခန်းကြီး ၁


နှုတ်ခွန်းဆက်စကား
CROSS REFERENCES





CROSS REFERENCES






မုသာနှင့် ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍၊ ငါတို့ကို ကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊ ငါ၌ အပ်ထားသော တရားဟောခြင်းအခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသော အရာနှင့်စပ်ဆိုင်သော၊ ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း [A]နှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၎င်း၊ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်း အလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန် [B]တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊ ဆက်ဆံသော ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကို ကြားလိုက်ပါ၏။ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော်။


သင်းအုပ်၏ အရည်အချင်းများ

ငါသည်သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေ​ကျွန်း(Crete)၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာများ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထို​ကျွန်း၌ သင့်ကိုငါထားခဲ့သတည်း။ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတယောက်တည်း ရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီးတို့သည် ကာမဂုဏ်၌ လွန်ကျူးသည်၊ ဟုအပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့် လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။ အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ ဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့် ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောသူ မဖြစ်ရဘဲ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ​ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူ ဖြစ်ရမည်။ စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်း သွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း၊ တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။


လှည့်ဖြားတတ်သောသူ အများရှိကြ၏
CROSS REFERENCES






၁၀ အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသောစကားကို ပြော၍၊ လှည့်ဖြားတတ်သောသူ အများရှိကြ၏။ အရေဖျားလှီးခြင်း [C]ကို ခံသောသူတို့တွင်လည်း အထူးသဖြင့် ရှိကြ၏။ ၁၁ ထိုသူတို့၏ နှုတ်ကိုပိတ်ရမည်။ သူတို့သည် မစင်ကြယ်သော စီးပွားကို တပ်မက်လျက်၊ မပေးအပ်သော ဩဝါဒကိုပေး၍၊ တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။ ၁၂ သူတို့အပါအဝင်၊ အမျိုးသားချင်း ပရောဖက် ဆရာတယောက်က၊ ကရက်သားမြဲ၊ မုသာစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူယုတ်ပေ၊၊ ဟုစပ်ဆိုသတည်း။ ၁၃ ဤသက်သေမှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဍာရီစကားကို၎င်း၊ သမ္မာတရားကို စွန့်သောလူတို့၏ ပညတ်တို့ကို၎င်း၊ ၁၄ အမှုမထားဘဲ ယုံကြည်ခြင်းအမှု၌ စင်ကြယ်စေခြင်းငှါ၊ သူတို့ကို ကျပ်တည်းစွာ ဆုံးမပြစ်တင်လော့။ ၁၅ စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည်သော သူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ် သိသောစိတ်လည်း မစင်ကြယ်။ ၁၆ သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း၊ အကျင့်အားဖြင့် ဘုရားသခင်ကို ငြင်းပယ်ကြ၏။ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတခုကိုမျှ ပြုတတ်သော ဥာဏ်မရှိသောသူ ဖြစ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.