-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၁

ရှေ့တော်ပြေးဗတ္တိဇံယောဟန်
CROSS REFERENCES





CROSS REFERENCES






ဘုရားသခင် သားတော် ယေရှုခရစ်၏ ဧဝံဂေလိတရား၏အစကို ဆိုပေအံ့။ အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ [A] တော၌ ဟစ်ကြော်သော သူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ​ဖြောင့်စေကြလော့၊ ဟုလာသည်နှင့်အညီ၊ ယောဟန်သည် တော၌ဗတ္တိဇံကို ပေးလျက်၊ အပြစ်လွှတ်ခြင်း အဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏။ ယေရုရှလင် မြို့သားများမှစ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည်၊ ယောဟန်ထံသို့ ထွက်သွား၍ မိမိတို့အပြစ်များကို ဖေါ်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။ ယောဟန်သည် ကုလားအုတ်အမွှေးနှင့် ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌ သားရေခါးပန်းကိုစည်းလျက်၊ ကျိုင်းကောင် နှင့်တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။ ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ ဖြည်ခြင်းငှါ ငါမထိုက်။ ငါသည် သင်တို့အားရေ၌ ဗတ္တိဇံကိုပေး၏။ [B] ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်၊ ဟုဟောသတည်း။


ယေရှုဗတ္တိဇံခံ [C]
CROSS REFERENCES






ထိုအခါ ယေရှုသည် ဂါလိလဲပြည် နာဇရက်မြို့မှ ကြွလာ၍၊ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။ ၁၀ ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူသည်ကို မြင်ရ၍၊ ၁၁ သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်း၊ [D] ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။ ၁၂ ထိုခဏခြင်းတွင် ဝိညာဉ်တော်သည် ယေရှုကိုတောသို့ သွားစေတော်မူ၏။ ၁၃ အရက်လေးဆယ် ပတ်လုံး ထိုတော၌ နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်​ကျွေးကြ၏။

၁၄ ယောဟန်သည် ထောင်ထဲသို့ ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊ ၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့၊ ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။


တံငါသည်များခေါ် [E]

၁၆ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကို နှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊ ၁၇ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသော တံငါဖြစ်စေခြင်းငှါ ငါပြုမည်၊ ဟုအမိန့်တော်ရှိသော်၊ ၁၈ ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကို စွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။ ၁၉ ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ ဇေဗေဒဲ၏ သားယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ချက်ခြင်းခေါ်တော်မူ၏။ ၂၀ ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကို စွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။


ဥပုသ်နေ့၌ နတ်ဆိုးနှင်ထုတ်
CROSS REFERENCES






၂၁ ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ကိုယ်တော်သည် ချက်ခြင်း တရားစရပ်သို့ဝင်၍ ဆုံးမဩဝါဒပေးတော်မူ၏။ ၂၂ ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။ [F] ၂၃ ထိုသူတို့၏ တရားစရပ်၌ ညစ်ညူးသော နတ်စွဲသောသူရှိ၍၊ [G] ၂၄ ​ဪနာဇရက် မြို့သားယေရှု၊ ကိုယ်တော်သည် အ​ကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အ​ကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အ​ကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်၊ ဟုဟစ်ကြော်လေ၏။ ၂၅ ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့၊ ဟုဆုံးမတော်မူလျှင်၊ ၂၆ ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသောအသံနှင့် အော်ဟစ်၍ ထွက်သွား၏။ ၂၇ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသော နတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကား၊ ဟုအချင်းချင်း မေးမြန်းပြောဆိုကြ၏။ ၂၈ သိတင်းတော်သည်လည်း ဂါလိလဲပြည် အရပ်ရပ်တို့၌ ချက်ခြင်း နှံ့ပြားကျော်စောလေ၏။


ရှိမုန်ယောက္ခမကျန်းမာစေ
CROSS REFERENCES






၂၉ တရားစရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ၏။ ၃၀ ရှိမုန်၏ ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျှင်အမြန်လျှောက်ကြ၏။ ၃၁ ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏ လက်ကိုကိုင်လျက် ချီကြွတော်မူသည် ခဏချင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည် ဝတ်ကိုပြုလေ၏။ [H] ၃၂ နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့် နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ၃၃ တမြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။ ၃၄ အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မမူ။


ယေရှုမိုးမလင်းမှီဆုတောင်း

၃၅ နံနက်အချိန်၊ မိုးမလင်းမှီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ ထွက်ကြွ၍ [I] ဆုတောင်းတော်မူ၏။ ၃၆ ရှိမုန်နှင့် သူ၏အပေါင်းအဖေါ်တို့သည် လိုက်၍ ရှာကြသော်၊ ၃၇ ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်၊ ဟုလျှောက်ဆို၏။ ၃၈ ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှါ သွားကြကုန်အံ့။ ထိုသို့အလိုငှါ ငါကြွလာပြီ၊ ဟုမိန့်တော်မူ၏။ ၃၉ ဂါလိလဲပြည် အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက် နေတော်မူ၏။


နူနာစွဲသောသူကျန်းမာစေ
CROSS REFERENCES






၄၀ နူနာစွဲသောသူ တယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်း စေနိုင်တော်မူသည်၊ ဟုတောင်းပန်လေ၏။ ၄၁ ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေ၊ ဟုမိန့်တော်မူ၏။ ၄၂ ထိုသို့မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။ [J] ၄၃ ယေရှုကလည်း၊ သင်သတိပြု။ ၄၄ အဘယ်သူအား စကားတခွန်းကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ [K] သူတပါး၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက်၊ မောရှေစီရင်မှာ ထားသော ပူဇော်သက္ကာကို ဆက်လော့၊ ဟုမြစ်တား၍ချက်ခြင်း လွှတ်လိုက်တော်မူ၏။ ၄၅ ထိုသူသည် ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို၊ အနှံ့အပြား ကျော်စောစေ၏။ ထိုကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာ မဝင်ရဘဲ၊ မြို့ပြင်တောအရပ်၌ သာနေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.