-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၂၈


ယာကုပ် ဦးလေးလာဗန်ဆီသို့သွား
CROSS REFERENCES






ထိုအခါ ဣဇာက်သည် ယာကုပ်ကိုခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ။ အမိ၏အဘ ဗေသွေလ အမျိုးသားနေရာ ပါဒနာရံအရပ်သို့ ထ၍သွားလော့။ သင့်ဦးရီး လာဗန်၏သမီး တစုံတယောက်နှင့် အိမ်ထောင်ဖက်ပြုလော့။ အနန္တတန်ခိုးရှင် [A]ဘုရားသခင်သည် ကောင်းကြီးပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။ အထက်က အာဗြဟံအား ပေးတော်မူ၍၊ သင်ယခု ဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း၊ သင့်အား၎င်း၊ သင်၏အမျိုးအနွယ်အား၎င်း၊ အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးတော်မူစေသတည်း၊ ဟုကောင်းကြီးပေးလျက် မှာထား၍ လွှတ်လိုက်လေ၏။ ထိုသို့ ယာကုပ်နှင့်ဧသော၏ အမိ၊ ရေဗက္က၏မောင်၊ ရှုရိလူ ဗေသွေလ သား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။


ဧသော ဣရှမေလသမီးနှင့်ထပ်၍ အိမ်ထောင်ပြု

ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီးပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှာ လွှတ်လိုက်သောအကြောင်း ကို၎င်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဖက် မပြုရ၊ ဟုကောင်းကြီးပေးသောအခါ မှာထားကြောင်းကို၎င်း၊ ယာကုပ်သည် မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့ သွားကြောင်းကို၎င်း၊ ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို၎င်း၊ ဧသောသိမြင်လျှင်၊ ဣရှမေလထံသို့သွား၍၊ အထက်မယားတို့မှတပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တဖန်အိမ်ထောင်ဖက် ပြုပြန်လေ၏။


ယာကုပ်ကို ဘုရားသခင်က အိပ်မက်အားဖြင့် ကတိပေး

၁၀ ယာကုပ်သည် ဗေရရှေဘရွာမှ ထွက်၍၊ ခါရန်ပြည်သို့ ခရီးသွားစဉ်တွင်၊ ၁၁ တစုံတခုသော အရပ်သို့ရောက်၍၊ မိုးချုပ်သောကြောင့်၊ ညကိုလွန်စေမည် အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဖို့ ထားပြီးလျှင်အိပ်လေ၏။ ၁၂ မြင်ရသော အိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေခါးထောင်လျက် အဖျားသည် မိုးကောင်းကင်တိုင်အောင်မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည်၊ ထိုလှေခါးဖြင့် ဆင်းလျက်တက်လျက် ရှိကြ၏။ ၁၃ ထာဝရဘုရားသည် လှေခါးထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သောမြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေးမည်။ ၁၄ သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာအရပ်တို့သို့ နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ ၁၅ ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့ တဖန်ဆောင်ခဲ့ဦးမည်။ ကတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့် ဟုမိန့်တော်မူ၏။ ၁၆ ယာကုပ်သည် အိပ်ပျော်ရာမှ နိုးလျှင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။ ၁၇ ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက်ဘွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည်တကား၊ ဟုကြောက်ရွံ့ခြင်းသို့ ရောက်၍ဆို၏။


ယာကုပ် ဗေသလ၌ ဘုရားထံကတိသစ္စာပြု

၁၈ နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံးသောကျောက်ကို ယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။ ၁၉ ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့် မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇ ဟူသတည်း။ ၂၀ ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက်၌ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကိုစောင့်မ၍ စားစရာအစာ၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူလျှင်၎င်း၊ ၂၁ ငါသည် တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာ ပြန်ရောက်၍၊ ထာဝရဘုရားသည် ငါ၏ဘုရား ဖြစ်တော်မူလျှင်၎င်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း၊ ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။ ၂၂ ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တစ်ဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.