-
AA
+
🡀
|
🡂
၂ တိမောသေ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၂ တိမောသေ ဩဝါဒစာ
အခန်းကြီး ၁


နှုတ်ခွန်းဆက်စကား

ယေရှုခရစ်၌ တည်သော အသက်ကို ပေးမည်၊ ဟုကတိတော်နှင့်အညီ၊ ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊ ငါ့ချစ်သား တိမောသေကို ကြားလိုက်ပါ၏။ ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း ရှိပါစေသော်။


ပေါလု တိမောသေနှင့်ပတ်သက်၍ ကျေးဇူးတော်ချီးမွမ်း

သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှာ အလွန်လွမ်းသော စိတ်ရှိသဖြင့်၎င်း၊ သင်၏အဖွား လောဣ၊ အမိ ဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်း တည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်း တည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်၎င်း၊ နေ့ညမပြတ် ဆုတောင်း ပဌနာပြု သည်တွင်၊ သင့်ကို မခြားမလပ် အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေး ကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ် သိသောစိတ် စင်ကြယ်ခြင်း နှင့်တကွ၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။


တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်ကိုပေး

ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင် ပေးတော်မူသော ဆုကို နှိုးဆော်မည်အကြောင်း၊ ငါသည် သင့်ကိုသတိပေး၏။ အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို၊ [A] ငါတို့အား ပေးတော်မူသည် မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏။ ထိုကြောင့်၊ ငါတို့ သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူ ဖြစ်သော ငါကို၎င်း၊ ရှက်ကြောက်ခြင်း မရှိနှင့်။ ဘုရားသခင် ပေးတော်မူသော တန်ခိုးကို ရသည်အတိုင်း၊ ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကို ခံလော့။ ဘုရားသခင်သည် ငါတို့ကျင့်သော အကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလ မရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဖို့ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ၊ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။


အဘယ်သူကို ငါယုံကြည်သည်၊ ဟုငါသိ၏

၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကို ကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ၊ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်း အကြောင်းကို ပယ်ရှား၍၊ [B] အသက်ရှင်ခြင်း အကြောင်းနှင့် မဖောက်ပြန်ခြင်း အကြောင်းကို၊ ဧဝံဂေလိတရား အားဖြင့် ထင်ရှားစေတော်မူပြီ။ ၁၁ ထိုတရားကို ဟောပြောသော သူအရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ တစ်ပါး အမျိုးသားတို့၏ ဆရာအရာ၌၎င်း၊ ငါ့ကို ခန့်ထားတော်မူပြီ။ ၁၂ ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်း မရှိ။ [C] အဘယ်သူကို ငါယုံကြည်သည်၊ ဟုငါသိ၏။ သူ၌ ငါအပ်ထားသော အရာကိုလည်း၊ ထိုနေ့ရက် တိုင်အောင် စောင့်နိုင်တော်မူသည်၊ ဟုငါသဘောကျ၏။ ၁၃ ငါ့ထံ၌ ကြားရပြီးသော၊ စင်ကြယ်သော တရားစကား အချုပ်အခြာကို၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်း နှင့်တကွ စွဲလမ်းလော့။ ၁၄ သင်၌ အပ်ထားသော အရာမြတ်ကို၊ ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်၊ စောင့်ရှောက်လော့။


ပေါလုကို ပယ်သောသူနှင့် မ,စသောသူ

၁၅ အာရှိပြည်၌ နေသော သူအပေါင်းတို့သည် ငါ့ကို ပယ်ကြပြီ၊၊ ဟုသင်သည် ကြားသိ၏။ ထိုသူတို့တွင် ဖုဂေလုနှင့် ဟေရမောဂင် (Phygelus and Hermogenes) ပါ သတည်း။ ၁၆ ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော် (Onesiphorus) ၏အိမ်၌ သက်ရောက်ပါစေသော်။ သူသည် ငါ့ကို အဖန်ဖန် သက်သာစေပြီ။ ငါ၌ သံကြိုး ချည်နှောင်လျက် ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်း မရှိဘဲ၊ ၁၇ ရောမမြို့သို့ ရောက်သောအခါ သာ၍ ကြိုးစားလျက် ငါ့ကိုရှာ၍ တွေ့၏။ ၁၈ သူသည် ထိုနေ့ရက်၌၊ သခင်ဘုရား၏ လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော်။ သူသည် ဧဖက်မြို့၌လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.