-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၈


မြေကြီးပေါ်မှာမိုးစဲ၍ အာရရတ်တောင်ပေါ်မှာ သင်္ဘောတင်

ဘုရားသခင်သည် နောဧမှစ၍ အသက်ရှင်သမျှသောသတ္တဝါ၊ နောဧနှင့်အတူသင်္ဘောထဲ၌ ရှိသောတိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့၍၊ မြေကြီးပေါ်မှာ လေလာစေတော်မူသဖြင့် ရေငြိမ်လေ၏။ နက်နဲရာရေပေါက်ရေတွင်းများ၊ မိုးကောင်းကင် ပြွန်ဝများကိုဆို့ပိတ်၍၊ မိုးကိုစဲစေတော်မူ၏။ ရေသည်လည်း မြေပေါ်မှာအစဉ်အတိုင်းစီးသွား၍၊ အရက် တစ်ရာငါးဆယ် စေ့သောအခါယုတ်လျော့လေ၏။ သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင်သင်္ဘောသည်၊ အာရရတ်အမည်ရှိသောတောင်ပေါ်မှာ တင်လေ၏။ ဒသမလတိုင်အောင် ရေသည်အစဉ်မပြတ်ယုတ်လျော့၍၊ ထိုလဆန်းတစ်ရက်နေ့တွင် တောင်ထိပ်တို့သည် ပေါ်ကြ၏။


မြေကြီးပေါ်မှာ ရေခန်း၊ ငှက်များလွှတ်

ထိုမှ အရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါက်ကိုဖွင့်၍၊ ကျီးအ တစ်ကောင်ကို လွှတ်လေ၏။ ထိုကျီးအ သည် မြေပေါ်မှာ ရေမခန်းမ​ခြောက်မှီတိုင်အောင်၊ သွားလာလျက်နေလေ၏။ တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည်မကုန်သည်ကို သိခြင်းငှါ ချိုးတကောင်ကို လွှတ်ပြန်လေ၏။ ရေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမော​ဖြေစရာကိုမတွေ့သဖြင့်၊ နောဧရှိရာသင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာသင်္ဘောထဲသို့သွင်းလေ၏။ ၁၀ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။ ၁၁ ညဦးအချိန်၌ ချိုးသည် နောဧထံသို့ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့်ဆောင်ခဲ့သောကြောင့်၊ ၁၂ မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန်ချိုးသည် မပြန်မလာနေ၏။ ၁၃ အနှစ် ​ခြောက်ရာတခု ပဌမလဆန်းတစ်ရက်နေ့တွင်၊ မြေကြီးပေါ်မှာရေခန်းသည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကိုပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့​ခြောက်စ ရှိသည်ကိုမြင်၏။ ၁၄ ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီးသွေ့​ခြောက်လေ၏။


နောဧမိသားစု နှင့် တိရစ္ဆာန်များ သင်္ဘောထဲမှထွက်

၁၅ ဘုရားသခင်ကလည်း ၁၆ သင်သည် သား၊ မယား၊ ချွေးမတို့နှင့်တကွ သင်္ဘောထဲက ထွက်ဆင်းလော့။ ၁၇ သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ၊ မြေပေါ်၌ တွားတတ်သော တိရစ္ဆာန်များတို့သည်၊ မြေပေါ်မှာ သားကိုမွေး၍ အလွန်တိုးပွား များပြားမည်အကြောင်း၊ ထိုတိရစ္ဆာန် ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့၊ ဟုနောဧကိုမိန့်တော်မူ၏။ ၁၈ ထိုအခါနောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။ ၁၉ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ ငှက်များ၊ ရေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။


နောဧ ယဇ်ပလ္လင်တည်ပြီး ယဇ်ပူဇော်

၂၀ နောဧသည်လည်း၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးမှ၊ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲက ယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကို ပူဇော်လေ၏။ ၂၁ ထာဝရဘုရားသည်လည်း၊ မွှေးကြိုင်သော အနံ့ကိုခံယူ၍၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီးကိုမကျိန်၊ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံးအကြံအစည် ဆိုးကြ၏။ ငါသည် ယခုတစ်ခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သော အရာရှိသမျှတို့ကို နောက်တဖန်ဒဏ်မခတ်။ ၂၂ မြေကြီး မကုန်မှီတိုင်အောင်၊ မျိုးစေ့ကြဲရသောကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသောကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလမပြတ်ရ၊ ဟုအမိန့်တော်ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.