-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၄၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၇


ယောသပ်အစ်ကိုများ ဖာရောဘုရင်ထံသွား

ထိုစကားအတိုင်း ယောသပ်သည် ဖာရောမင်းထံသို့ သွား၍ ​ကျွန်တော်အဘနှင့် အစ်ကိုတို့သည် သိုးနွား၊ ဥစ္စာရှိသမျှကို ဆောင်လျက် ခါနာန်ပြည်က ရောက်လာ၍ ဂေါရှင်ပြည်၌ ရှိကြပါသည်၊ ဟုလျှောက်သဖြင့်၊ အစ်ကိုစုထဲကရွေး၍ ငါးယောက်တို့ကို အထံတော်သို့ သွင်းလေ၏။ ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်း ဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်းဖြစ်ကြပါ၏ ဟူ၍၎င်း၊ ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွားကျက်စားရာ မရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှာ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌ နေရမည်အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း၊ လျှောက်ကြ၏။ ဖာရောမင်းကလည်း၊ သင်၏အဘနှင့် အစ်ကိုတို့သည် သင့်ထံသို့ ရောက်လာကြပြီဖြစ်၍၊ အဲဂုတ္တုပြည်သည် သင့်ရှေ့မှာရှိ၏။ သင်၏အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌ နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိရှိသောသူ အချို့ကို တွေ့လျှင်ငါ၏ သိုးနွားအုပ်အရာ၌ ခန့်ထားလော့၊ ဟုယောသပ်အား မိန့်တော်မူ၏။

ယာကုပ် ဖာရောမင်းတွေ့၍ ကောင်းကြီးပေး
CROSS REFERENCES






ယောသပ်သည် အဘယာကုပ်ကို သွင်း၍ ဖာရောမင်းရှေ့မှာ ထားသဖြင့်၊ ယာကုပ်သည် ဖာရောမင်းကို ကောင်းကြီးပေး၏။ ဖာရောမင်းက၊ သင်သည် အသက်အဘယ်မျှလောက်ရှိပြီနည်း ဟုယာကုပ်အားမေးလျှင်၊ ​ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ် တစ်ရာ့သုံးဆယ်ရှိပါပြီ။ ​ကျွန်တော် အသက်ရှင်သောနှစ် နည်း၍ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော [A] ဘိုးဘေးတို့၏ အသက်တမ်းကို မမှီပါဟုလျှောက်ဆိုပြီးလျှင်၊ ၁၀ ဖာရောမင်းကို ကောင်းကြီးပေး၍ အထံတော်က ထွက်သွားလေ၏။ ၁၁ ဖာရောမင်း အမိန့်တော်ရှိသည်အတိုင်း၊ ယောသပ်သည် အဘနှင့်အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌ အကောင်းဆုံးသော အရပ် ရာမသက်မြေ (Rameses) ကိုအပိုင်ပေး၏။ ၁၂ အဘနှင့်အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှတို့ကို အနည်းအများအလိုက်​ ကျွေးမွေး၏။

အဲဂုတ္တုပြည်၊ ခါနာန်ပြည်သားတို့ငွေဖြင့် အစာဝယ်ကြ

၁၃ အလွန်အစာခေါင်းပါး၍ တပြည်လုံး စားစရာမရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ၏ ၁၄ ပြည်သားဝယ်သော စပါးအဖိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသောငွေကို ယောသပ်စုသိမ်း၍ နန်းတော်သို့ သွင်းထားလေ၏။၁၅ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ စားစရာကို ပေးသနားတော်မူပါ။ ​ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့် သေရပါအံ့နည်း၊ ဟုလျှောက်ကြသော်၊ ၁၆ ယောသပ်က၊ ငွေကုန်လျှင် တိရစ္ဆာန်များကို ပေးကြ၊ တိရစ္ဆာန်အတွက် စပါးကိုပေးမည်၊ ဟုဆိုသည်အတိုင်း၊ ၁၇ သူတို့သည် တိရစ္ဆာန်တို့ကို ယူခဲ့၍၊ ယောသပ်သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက် စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကို​ကျွေးမွေး၏။

အဲဂုတ္တုပြည်၊ ခါနာန်ပြည်သားတို့မြေဖြင့် အစာဝယ်ကြ

၁၈ ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင် လာကြလျှင်၊ ​ကျွန်တော်တို့ ငွေကုန်ကြောင်းကို သခင်ရှေ့မှာ မထိန်ဝှက်ပါ။ ​ကျွန်တော်တို့ တိရစ္ဆာန်များကိုလည်း သခင်ရပါပြီ။ သခင်ရှေ့မှာ ​ကျွန်တော်တို့ကိုယ်နှင့် မြေမှတပါး အဘယ်အရာမျှ မကျန်ပါ။ ၁၉ ရှေ့တော်၌ အဘယ်ကြောင့်သေ၍ ပြည်တော် ပျက်ရပါအံ့နည်း။ အစာကိုပေး၍ ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကို ဝယ်ပါ။ ​ကျွန်တော်တို့သည် မြေနှင့်တကွ ဖာရောဘုရင်၏​ ကျွန်ခံပါမည်။ ​ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှာ၎င်း၊ ပြည်တော်သည် လူ မဆိတ်ညံစေခြင်းငှာ၎င်း၊ မျိုးစေ့ကိုပေးပါ ဟုလျှောက်ကြသော်၊ ၂၀ ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖာရောမင်းဖို့ ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည် မတတ်နိုင်သောကြောင့်၊ အသီးအသီး ပိုင်သော မြေကွက်တို့ကို ရောင်းသဖြင့် မြေသည်ဘဏ္ဍာတော် ဖြစ်လေ၏။ ၂၁ လူတို့ကိုကား၊ အဲဂုတ္တုပြည် တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ ပြောင်းစေ၏။ ၂၂ ယဇ်ပုရောဟိတ်တို့ ပိုင်သောမြေကိုကား မဝယ်။ သူတို့သည် ဖာရောမင်း​ ကျွေးမွေးသည်အတိုင်း ​ကျွေးမွေးသောအစာကို စားရကြ၏။ ထိုကြောင့် မိမိတို့မြေကို မရောင်းရကြ။ ၂၃ ယောသပ်ကလည်း၊ သင်တို့နှင့် သင်တို့မြေကို ဖာရောမင်းဖို့ ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကိုယူ၍ လယ်လုပ်ကြလော့။ ၂၄ အသီးအနှံကို ရသောအခါ၊ ငါးဖို့တွင် တစ်ဖို့ကို ဖာရောမင်းအား ဆက်ရကြမည်။ လေးဖို့ကိုကား သင်တို့ယူ၍ နောက်တဖန် မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကို ကျွေးကြလော့ ဟုပြည်သားတို့အား ဆို၏။ ၂၅ သူတို့ကလည်း၊ ကိုယ်တော်သည်​ ကျွန်တော်တို့အသက်ကို ကယ်ပါပြီ။ သနားသောစိတ်နှင့် ကြည့်ရှုတော်မူပါ။ ​ကျွန်တော်တို့သည် ဖာရောဘုရင်၏ ကျွန်ခံရပါမည်၊ ဟုလျှောက်ကြ၏။ ၂၆ ထိုကြောင့် ဖာရောမင်း မပိုင်သော ယဇ်ပုရောဟိတ်တို့၏ မြေကိုထား၍၊ ဖာရောမင်းသည် ငါးဖို့တွင် တစ်ဖို့ကို ပိုင်တော်မူစေ ၊ ဟုယနေ့တိုင်အောင် အဲဂုတ္တုပြည်၌ တည်သော ဓမ္မသက်ကို ယောသပ်စီရင်၍ ထားသတည်း။

ယာကုပ်သည် သေခါနီး ယောသပ်ကို ကျိန်ဆိုစေ

၂၇ ဣသရေလသားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင်အရပ်၌ နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွားများပြားကြ၏။ ၂၈ ယာကုပ်သည် အဲဂုတ္တုပြည်၌ ဆယ့်ခုနစ်နှစ် အသက်ရှင်၍ အသက်နှစ်ပေါင်း တစ်ရာ့လေးဆယ့်ခုနစ်နှစ် ရှိသတည်း။ ၂၉ ဣသရေလသည် သေရသောအချိန်နီးသော်၊ သားယောသပ်ကိုခေါ်၍ ငါ့ကိုသနားလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့။ ကရုဏာ၊ သစ္စာနှင့် အညီ ငါ၌ ပြုပါ။ အဲဂုတ္တုပြည်၌ ငါ့ကို မသင်္ဂြိုလ်ပါနှင့်။ ၃၀ ငါသည် ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တုပြည်မှ ငါ့ကိုဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုလ်ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည်အတိုင်း အ​ကျွန်ုပ်ပြုပါမည်၊ ဟုဝန်ခံ၏။ ၃၁ ငါ့အား ကျိန်ဆိုခြင်းကိုပြုပါ ဟုဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကိုပြု၏။ ဣသရေလသည်လည်း ခုတင်ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.