-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၃၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၃၇


ယောသပ်ကို ဖခင်ကပိုချစ်သောကြောင့် အစ်ကိုများက မနာလို

ယာကုပ်သည် မိမိအဘတည်းခိုရာ ခါနာန်ပြည်၌ နေ၏။ ယာကုပ်အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ ယောသပ်သည်အသက်တစ်ဆယ့်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ၏။ အဘ၏မယား ဗိလဟာနှင့် ဇိလပ၏သားတို့နှင့် အတူနေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။ ဣသရေလသည် အသက်ကြီးစဉ်အခါ သားယောသပ်ကို ရသောကြောင့်၊ အခြားသော သားအပေါင်းတို့ကို ချစ်သည်ထက် ယောသပ်ကို သာ၍ချစ်၏။ အဆင်းအရောင် ထူးခြားသောအင်္ကျီကို ချုပ်၍ပေး၏။ အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ်ကို သာ၍ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍၊ မေတ္တာစကားကို သူ့အားမပြောနိုင်ကြ။

ယောသပ် ပဌမအိပ်မက်

ယောသပ်သည် အိပ်မက်ကိုမြင်၍၊ အစ်ကိုတို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။ အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်းဟူမူကား၊ ​ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါလော့။ ​ကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းကိုစည်း၍ နေကြစဉ်တွင်၊ ​ကျွန်ုပ်ကောက်လှိုင်းသည် ထ၍မတ်တပ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ​ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည် ဟုပြောဆိုလေ၏။ အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌ မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လော ဟုပြန်ဆို၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။

ယောသပ် ဒုတိယအိပ်မက်

တဖန် အိပ်မက်ကို မြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသောအိပ်မက်ကို ​ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ့်တလုံးတို့သည်၊ ​ကျွန်ုပ်ကိုရှိခိုးကြ၏ ဟုကြားပြောလေ၏။ ၁၀ ထိုသို့ အဘနှင့်အစ်ကိုတို့အား ကြားပြောသောအခါ အဘက၊ သင်မြင်သော အိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ၊ သင်၏အစ်ကိုတို့သည် သင့်ထံသို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကိုဆုံးမလေ၏။ ၁၁ အစ်ကိုတို့သည်သူ့ကို ငြူစူကြ၏။ အဘသည် ထိုအရာကိုမှတ်လေ၏။

ယောသပ် အစ်ကိုတို့ရှိရာသို့သွား

၁၂ အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းခြင်းငှာ သွားကြ၏။ ၁၃ ဣသရေလသည် ယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြသည်မဟုတ်လော။ လာပါ၊ သင့်ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်၊ ဟုခေါ်လျှင်၊ ​ကျွန်ုပ်ရှိပါသည် ဟုဆိုသော်၊ ၁၄ အဘက သွားပါ၊ အစ်ကိုတို့သည် ချမ်းသာသလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလောဟူ၍ကြည့်ရှုပြီးလျှင် ငါ့အားသတင်းကြားပြောပါ ဟုမှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှ စေလွှတ်သဖြင့်၊ သူသည်ရှေခင်မြို့သို့ ရောက်လေ၏။ ၁၅ တော၌ လှည့်လည်စဉ်တွင်၊ တစ်စုံတစ်ယောက်သောသူနှင့်တွေ့၍၊ ထိုသူက၊ သင်သည် ဘာကိုရှာသနည်း ဟုမေးလျှင်၊ ၁၆ အစ်ကိုများကိုရှာ၏၊ အဘယ်မှာထိန်းကြသည်ကို ပြောပါဟုဆိုသော်၊ ၁၇ ထိုသူက၊ ဤအရပ်မှထွက်သွားပြီး၊ ဒေါသန်မြို့သို့ သွားကြစို့ ဟုသူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီ ဟုဆို၏။ ယောသပ်သည်လည်း၊ အစ်ကိုတို့ကို လိုက်ရှာ၍ ဒေါသန်မြို့မှာတွေ့လေ၏။

အစ်ကိုတို့က ယောသပ်ကို သတ်ဖို့ကြံစည်

၁၈ အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်တွင်၊ အစ်ကိုတို့သည်မြင်လျှင်၊ သတ်ခြင်းငှာတိုင်ပင်လျက်၊ ၁၉ ကြည့်လော့။ အိပ်မက်ဆရာလာပြီ။ ၂၀ ကိုင်ကြ၊ သူ့ကိုသတ်၍ တစ်စုံတခုသောတွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲ တစ်စုံတခု ကိုက်စားပြီ၊ ဟုပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏အိပ်မက်တို့သည် အဘယ်သို့ နေရာကျမည်ကို ကြည့်ကြစို့၊ ဟုအချင်းချင်းပြောဆိုကြ၏။၂၁ ထိုစကားကို ရုဗင်ကြားလျှင်၊ သူ့ကိုမသတ်ဘဲနေကြစို့ ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကို နှုတ်လေ၏။ ၂၂ တဖန် ရုဗင်က၊ သူ၏အသွေးကို မသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ ချကြစို့၊ ဟုသူတို့လက်မှ ယောသပ်ကိုနှုတ်ယူ၍၊ အဘ၌ တဖန် အပ်မည်အကြံရှိသည်နှင့် ဆိုလေ၏။

ယောသပ်ကို ငွေနှစ်ဆယ်နှင့်ရောင်း

၂၃ ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သောအခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသောအင်္ကျီကို ချွတ်ပြီးမှ၊၂၄ သူ့ကိုကိုင်ယူ၍ တွင်းထဲသို့ချကြ၏။ ထိုတွင်း၌ ရေမရှိ၊ သွေ့​ခြောက်သောတွင်း ဖြစ်သတည်း။ ၂၅ ထိုနောက် အစာစားခြင်းငှာ ထိုင်ကြစဉ် မျှော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကို မြင်လျှင်၊ ၂၆ ယုဒက ငါတို့သည် ညီကိုသတ်၍ သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။ ၂၇ ကိုင်ကြ၊ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလလူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုး ဖြစ်၏၊ ဟုအစ်ကိုတို့အား ဆိုသည်ရှိသော်၊ ညီအစ်ကိုတို့သည် ဝန်ခံကြ၏။ ၂၈ ထိုအခါ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲကဆွဲတင်ပြီးလျှင်၊ ငွေအကျပ်နှစ်ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ [A] ထိုသူတို့သည် ယောသပ်ကို အဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။

ယာကုပ်သားများကလိမ်

၂၉ ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆွဲဆုတ်လျက်၊ ၃၀ ညီအစ်ကိုတို့ရှိရာသို့ သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့သွားရပါမည်နည်း ဟုဆိုလေ၏။ ၃၁ သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကို သတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌ နှစ်လေ၏။ ၃၂ ထိုနောက်မှ၊ အဆင်းထူးခြားသော ထိုအင်္ကျီကို ပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက်၊ ဤအင်္ကျီကို အ​ကျွန်ုပ်တို့တွေ့ပါပြီ။ သား၏အင်္ကျီ ဟုတ်သည်မဟုတ်သည်ကို ကြည့်ပါဟုဆိုလျှင်၊ ၃၃ ထိုအင်္ကျီကို အဘမှတ်မိ၍၊ ငါ့သား၏အင်္ကျီမှန်၏။ သူ့ကို ဆိုးသောသားရဲကိုက်စားပြီ။ အကယ်၍ ယောသပ်ကို အပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊ ၃၄ မိမိအဝတ်ကို ဆွဲဆုတ်၍ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာညည်းတွားလျက် နေလေ၏။ ၃၅ သားသမီးအပေါင်းတို့သည်၊ အဘကိုနှစ်သိမ့်စေခြင်းငှာ ကြိုးစားသော်လည်း၊ သူသည်နှစ်သိမ့်စေသောစကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်၊ ဟုဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။ ၃၆ ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည်သို့ ဆောင်သွား၍၊ ဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖာထံမှာ ရောင်းကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.