-
AA
+
🡀
|
🡂
ဒေသနာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒေသနာကျမ်း
အခန်းကြီး ၁


ခပ်သိမ်းသောအရာတို့သည် အနတ္တ
CROSS REFERENCES





CROSS REFERENCES






ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏ စကားဟူမူကား၊ အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။ [A] လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို့၌ အဘယ် အကျိုးရှိသနည်း။ လူတစ်ဆက်လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။ နေလည်း ထွက်လျက် ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန်မြောက်လမ်းသို့ ပြန်တတ်၏။ လေသည်လည်း အစဉ်လည်သွား၍ လည်ပြီးသော အရပ်သို့ တဖန်ပြန်၍ လည်ပြန်တတ်၏။ ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တဖန် ပြန်သွားတတ်၏။ ခပ်သိမ်းသော အရာတို့သည် လူမပြောနိုင်အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ၏။ မျက်စိသည် မြင်၍မကုန်တတ်။ နားသည်လည်း ကြား၍ မဝတတ်။ ဖြစ်ဖူးသောအရာသည် ဖြစ်လတံ့သောအရာနှင့် တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သော အမှုအရာမရှိ။ ၁၀ ကြည့်ပါ။ အသစ်ဖြစ်၏၊ ဟုဆိုရသော အမှုအရာ တစုံတခု ရှိသလော။ ထိုအမှုအရာသည်၊ ရှေးကာလ၌ ဖြစ်ဖူးပြီ။ ၁၁ ရှေးဖြစ်ဖူးသော အမှုအရာတို့ကို မေ့လျော့တတ်၏။ နောက်၌ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ ထိုအမှုအရာ နောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျော့ကြလိမ့်မည်။ ၁၂ ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလ ရှင်ဘုရင်ဖြစ်စဉ်တွင် ၁၃ မိုးကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာအားဖြင့် ရှာဖွေစစ်ဆေးခြင်းငှာ နှလုံးထား၏၊၊ လူသားတို့ ကျင်လည်ရာဖို့၊ ထိုပင်ပန်းစေသော အမှုကို ဘုရားသခင် ပေးတော်မှုပြီ။ ၁၄ နေရောင်အောက်မှာ ပြုလေသမျှသော အမှုအရာတို့ကို ငါမြင်ပြီ၊၊ အလုံးစုံတို့သည်အနတ္တအမှု၊ [A] လေကို ကျက်စားသောအမှု ဖြစ်ကြ၏၊၊ ၁၅ ကောက်သောအရာကို မ​ဖြောင့်စေနိုင်၊၊ ချို့တဲ့သောအရာကို မရေတွက်ရာ၊၊(a) ၁၆ ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည် ငါ့အရင် ယေရုရှလင်မြို့၌ ဖြစ်ဖူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ ပညာရှိ၏၊၊ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျင့်၏၊၊ ၁၇ ပညာတရားများကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို၎င်း၊ ပိုင်းခြား၍ သိအံ့သောငှာ ငါသည် နှလုံးထား၏၊၊ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏၊၊ ၁၈ အကြောင်းမူကား၊ ပညာများလျှင် ငြိုငြင်စရာအကြောင်းများ၏၊၊ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏၊၊

_________________________
Footnotes


၁၅ (a)

"ချို့တဲ့သောအရာကိုမရေတွက်ရာ" ဟူသောအရာသည် "မပြည့်စုံ၊ မစုံလင်သောအရာတို့ကို မရေတွက်ရာ" ဟုဆိုလိုခြင်းဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.