-
AA
+
🡀
|
🡂
ဩဗဒိဗျာဒိတ်ရူပါရုံ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဩဗဒိဗျာဒိတ်ရူပါရုံ
အခန်းကြီး ၁


ဧဒုံပြည်ကိုကြယ်တို့မှနှိမ့်ချမည်

အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီကြလော့၊ ဟုတပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။ သင့်ကို တပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်းငှါ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချခြင်းရှိလိမ့်မည်။ ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကိုမြေသို့ အဘယ်သူ နှိမ့်ချနိုင်ချနိုင်သနည်း၊ ဟုအောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် လင်းယုန်ကဲ့သို့ ကိုယ်ကို ချီးမြှောက်၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကိုငါနှိမ့်ချမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ [A] ညအခါ သူခိုးဓါးပြတို့သည် သင်ရှိရာသို့လာလျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သော သူတို့သည်လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။ သင်သည် အလွန်ပျက်စီးပြီတကား။ ဧသောသည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသော ဥစ္စာကို အလွန်ရှာဖွေကြသည်တကား။ သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သောသူတို့သည် သင့်ကိုလှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက်သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင်ထားကြပြီ။ သင်၏ ဥာဏ်ပညာကုန်ပြီ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ဧဒုံပြည်မှ ပညာရှိတို့ကို၎င်း၊ ဧသော၏တောင်မှ ဥာဏ်ကောင်းသော သူတို့ကို၎င်း၊ ငါပယ်ရှားမည်။ အိုတေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသောသူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏ သူရဲတို့သည် ကြောက်ကြမည်။

၁၀ သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်း အပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ၍၊ အကုန်အစင် ပယ်ဖျက်ခြင်းကို ခံရလိမ့်မည်။ ၁၁ သင်သည် တဘက်၌ နေသောနေ့၊ တ​ကျွန်းတနိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသောနေ့၊ တပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ဝင်၍၊ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။ ၁၂ သင်၏ညီသည် တပါးအမျိုးသား ဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသော စကားကိုမပြောသင့်။ ၁၃ ငါ၏လူတို့သည် ဘေးဥပဒ်ကိုခံရသောနေ့၌ သူတို့နေရာတံခါးတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့၏ ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။ ၁၄ လွတ်သောသူတို့ကို ဆီးတားခြင်းငှါ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသောသူတို့ကို မအပ်သင့်။ ၁၅ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် ခပ်သိမ်းသောလူမျိုးတို့နှင့်နီးပြီ။ သင်ပြုသည်အတိုင်း သင်၌သူတပါး ပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။ ၁၆ ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင်ပေါ်မှာ စားသောက်သကဲ့သို့ ပတ်လည်၌ နေသောလူမျိုးအပေါင်းတို့သည် စားသောက် ရကြလိမ့်မည်။ စားသောက်၍ မျိုသဖြင့် မရှိဘူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။


၁၇ ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူ အချို့ရှိကြလိမ့်မည်။ သန့်ရှင်းသော အရပ်ဖြစ်လိမ့်မည်။ ယာကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။ ၁၈ ယာကုပ်အမျိုးသည်မီး၊ ယောသပ်အမျိုးသည်မီးလျှံ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက်၊ မီးညှိ၍လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ၊ ထာဝရဘုရား မိန့်တော်မူပြီ။ ၁၉ တောင်မျက်နှာသားတို့သည် ဧသော၏ တောင်ကို၎င်း၊ မြေညီသော အရပ်သားတို့သည် ဖိလိတ္တိပြည်ကို၎င်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို၎င်း၊ ဗင်္ယာမိန်အမျိုးသည် ဂိလဒ်ပြည်ကို၎င်း၊ သိမ်းယူကြလိမ့်မည်။ ၂၀ သိမ်းသွားခြင်းကိုခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလ အမျိုးအလုံးအရင်းသည် ဇရတ္တမြို့ တိုင်အောင်၎င်း၊ သိမ်းသွားခြင်းကိုခံရ၍ သေဖရဒ်ပြည်၌ ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကို၎င်း၊ သိမ်းယူကြလိမ့်မည်။ ၂၁ ဧသော၏တောင်ကို တရားစီရင်ခြင်းငှါ ကယ်တင်သော သူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့်မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏ နိုင်ငံတော်ဖြစ်လိမ့်သတည်း။

ပရောဖက် ဩဗဒိ၏ ဗျာဒိတ်ရှုပါရုံပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.