-
AA
+
🡀
|
🡂
ဧဇရမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀



အခန်းငယ်
၁၀
၁၁





ဧဇရမှတ်စာ
အခန်းကြီး ၁


ကုရုမင်းက ယေရုရှလင်မြို့၌ ဗိမာန်တော် ဆောက်ခိုင်း
CROSS REFERENCES





CROSS REFERENCES






ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို ပြည့်စုံစေခြင်းငှါ၊ [A] ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံ အရပ်ရပ်တို့၌ ကြော်ငြာစေ၍၊ ပေရသိ ရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အား ပေးတော်မူသည်ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည် ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။ [B] သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ [C] ဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူပါစေသော်။ ယုဒပြည် ယေရုရှလင်မြို့သို့သွား၍ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏။ ဘုရားသခင်၏ လူတည်းခိုရာ အရပ်ရပ်၌ နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့်မစစေ၊ ဟုမိန့်တော်မူ၏။


ယုဒ၊ ဗင်္ယာမိန်၊ ယဇ်ပုရောဟိတ် လေဝိများထကြ

ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေအမျိုးသူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့်တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသော သူအပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။ အိမ်နီးချင်းရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့် ရွှေအစရှိသောဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။


ကုရုမင်းက ဗိမာန်တော် တန်ဆာများပြန်ပေး

ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာ သိမ်းသွား၍၊ မိမိဘုရားတို့ ဗိမာန်၌ သွင်းထားသော ဗိမာန်တော် တန်ဆာတို့ကို၊ ပေရသိ ရှင်ဘုရင်ကုရုသည် ရွှေတိုက် စိုးမိသရေဒတ်လက်ဖြင့်ထုတ်၍၊ ယုဒမင်း ရှေရှဗာဇ၌ ရေတွက်လျက် အပ်တော်မူ၏။ [D] ဗိမာန်တော် တန်ဆာစာရင်းဟူမူကား၊ ရွှေဖလားသုံးဆယ်၊ ငွေဖလား တထောင်၊ ထားနှစ်ဆယ်ကိုးစင်၊ ၁၀ ရွှေအိုးသုံးဆယ်၊ ခြားနားသော ငွေအိုးလေးရာတဆယ်၊ အခြားသော တန်ဆာတထောင်၊ ၁၁ ရွှေတန်ဆာ၊ ငွေတန်ဆာ အရေအတွက်ပေါင်းကား၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှဗာဇာသည်ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန်မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.