-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁


နှုတ်ခွန်းဆက်စကား

ရှေ့ဦးစွာမှစ၍ ကိုယ်တိုင်မြင်သော သက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူတို့သည်၊ ငါတို့တွင် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အား ကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို၊ စီရင်ရေးသားသောသူ အများရှိကြသည်ဖြစ်၍၊ ငါသည်လည်း ထိုအတ္ထုပ္ပတ္တိများ အလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊ စေ့စေ့ဖွေရှာ လိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသော အကြောင်းအရာတို့သည်၊ ဧကန်အမှန်ဖြစ်ကြောင်းကို၊ ကိုယ်တော်သိစေခြင်းငှါ၊ အစဉ်အတိုင်း ရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သော သော်ဖိလု။


ဇာခရိအား ယောဟန်မွေးမည့်အကြောင်းပြော
CROSS REFERENCES





CROSS REFERENCES






ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီး လက်ထက်၊ အဘိယအသင်းဝင်ဖြစ်၍၊ ဇာခရိအမည်ရှိသော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော် အမျိုးမျိုးတို့ကို ကျင့်ဆောင်၍၊ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့်၊ ဘုရားသခင့် ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။ ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့် ရှေ့တော်၌ ယဇ်ပုရောဟိတ် အမှုကိုဆောင်ရွက်သည်တွင်၊ ယဇ်ပုရောဟိတ် ထုံးစံအတိုင်း စာရေးတံချသဖြင့်၊ သူသည် ထာဝရဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင်၍၊ နံ့သာပေါင်းကို မီးရှို့ရ၏။ [A] ၁၀ ထိုသို့နံ့သာပေါင်းကို မီးရှို့သည် အချိန်တွင်၊ လူများအပေါင်းတို့သည် ပြင်၌ ဆုတောင်းလျက် နေကြ၏။ ၁၁ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာ ပေါင်းကိုရှို့သော ယဇ်ပလ္လင်လက်ျာဘက်၌ ရပ်နေသည်ကို၊ ၁၂ ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံး မငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ ရောက်၏။ ၁၃ ကောင်းကင်တမန် ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော်မူပြီ။ သင်၏ ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။ ၁၄ သင်သည် ဝမ်းသာရွှင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကို ဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။ ၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့၌ ၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။ ၁၆ ဣသရေလ အမျိုးသားအများတို့ကို၊ သူတို့ဘုရားသခင် ထာဝရဘုရားထံသို့ ပြောင်းလဲစေလိမ့်မည်။ ၁၇ အဘတို့သည် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရား အဘို့အလိုငှါ ပြင်ဆင်သော လူမျိုးဖြစ်စေခြင်းငှါ၎င်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့် ပြည့်စုံလျက်၊ [B] ဘုရားသခင့် ရှေ့တော်သို့ သွားလိမ့်မည်၊ ဟုကောင်းကင်တမန် ပြောဆို၏။


ဇာခရိမယုံသောကြောင့်စကားအ

၁၈ ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကိုအ​ကျွန်ုပ်အဘယ်သို့သိရပါမည်နည်း၊ အ​ကျွန်ုပ်သည်လူအိုဖြစ်ပါ၏။ အ​ကျွန်ုပ်မယားသည်လည်းအသက်အရွယ်ကြီးရင့်ပါပြီ၊ ဟုကောင်းကင်တမန်အားပြောဆိုလျှင်၊ ၁၉ ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသောဂါ​ဗြေလဖြစ်၏။ သင့်ကိုနှုတ်ဆက်၍ဤဝမ်းမြောက်စရာသိတင်းကို၊ ကြားပြောစေခြင်းငှါငါ့ကိုစေလွှတ်တော်မူ၏။ ၂၀ သင်သည်ငါ့စကားကိုမယုံသောကြောင့်၊ ဤအကြောင်းအရာမဖြစ်မီနေ့တိုင်အောင်စကားမပြောနိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကားအချိန်တန်လျှင်၊ ပြည့်စုံလိမ့်မည်ဟုပြောဆို၏။ ၂၁ လူများတို့သည်ဇာခရိကိုငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကိုအံ့ဩခြင်းရှိကြ၏။ ၂၂ သူသည်ထွက်လာသောအခါ၊ စကားမပြောနိုင်သည်ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရူပါရုံကိုမြင်ပြီဟုရိပ်မိကြ၏။ ဇာခရိသည်သူတို့အား၊ အရိပ်အမှတ်ကိုသာပေး၍၊ စကားအ လျက်နေ၏။ ၂၃ ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါ၊ ဇာခရိသည်မိမိအိမ်သို့သွားလေ၏။


ဧလိရှဗက်သည်ပဋိန္ဓေစွဲ

၂၄ ထိုနောက်သူ၏ခင်ပွန်းဧလိရှဗက်သည်ပဋိန္ဓေစွဲ၍၊ ၂၅ ငါသည်လူတို့တွင်ခံရသောကဲ့ရဲ့ခြင်းအကြောင်းကို၊ ထာဝရ ဘုရားသည်ပယ်ရှင်းခြင်းငှါငါ့ကိုကြည့်ရှုတော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကိုပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံးအိမ်တွင်း၌ အောင်း၍နေလေ၏။


မာရိထံကောင်းကင်တမန်လာ

၂၆ ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့်ထိမ်းမြားဆောင်နှင်းဘို့ စေ့စပ်၍၊ ၂၇ မရှက်တင်သေးသောသတိုးသမီးကညာဆီသို့၊ ဘုရားသခင်သည်၊ ကောင်းကင်တမန်ဂါ​ဗြေလကိုစေလွှတ်တော်မူ၏။ ထိုသတိုးသမီးကညာကား၊ မာရိအမည်ရှိ၏။ ၂၈ ကောင်းကင်တမန်သည်ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည်သင်နှင့်အတူရှိတော်မူ၏။ သင်သည်မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိသည်ဟုပြောဆို၏။ ၂၉ မာရိသည်ထိုစကားကိုကြားလျှင်စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကားအဘယ်သို့သောနှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်း၊ ဟုတွေးတောဆင်ခြင်၍နေ၏။ ၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။ ၃၁ သင်သည်ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့်မှည့်ရမည်။ ၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်၊ ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို၊ ထာဝရအရှင်ဘုရားသခင်သည်သူ့အားပေးတော်မူမည်။ ၃၃ ထိုသူသည်လည်း၊ ယာကုပ်အမျိုးအနွယ်ကိုအစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်းဆုံးခြင်းမရှိရဟုပြောဆို၏။ ၃၄ မာရိကလည်း၊ ဤအမှုအရာသည်အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အ​ကျွန်ုပ်သည် ယောက်ျားနှင့်မဆက်ဆံပါ၊ ဟုကောင်းကင်တမန်အားပြန်ပြော၏။ ၃၅ ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည်သင်၏အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည်၊ သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့်၊ ထိုသန့်ရှင်းသောသားသည်လည်း၊ ဘုရားသခင်၏သားတော်၊ ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။


မာရိဧလိရှဗက်ထံသွား

၃၆ ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏အဆွေအမျိုး ဧလိရှဗက်သည်ပဋိသန္ဓေစွဲယူ၍၊ ယခု​ခြောက်လအဝင်ရှိပြီ။ ၃၇ ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟုပြောဆိုလျှင်၊ ၃၈ မာရိက၊ အ​ကျွန်ုပ်သည်ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏။ ကိုယ်တော်၏စကားအတိုင်းအ​ကျွန်ုပ်၌ ဖြစ်ပါစေသော်ဟုဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည်မာရိထံမှသွားလေ၏။ ၃၉ ထိုအခါမာရိသည်ထ၍၊ တောင်ကြားအရပ်၌ ရှိသောယုဒမြို့တမြို့သို့အလျှင်အမြန်သွားပြီးလျှင်၊ ၄၀ ဇာခရိအိမ်သို့ဝင်၍ဧလိရှဗက်ကိုနှုတ်ဆက်လေ၏။ ၄၁ ထိုနှုတ်ဆက်ခြင်းစကားကိုဧလိရှဗက်သည်ကြားစဉ်တွင်၊ မိမိဝမ်း၌ ရှိသောသူငယ်သည်ခုန်၍၊ မိမိသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်၊ ၄၂ သင်သည်မိန်းမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိ၏၊ သင်၏ဝမ်း၌ ရှိသောသူငယ်သည်လည်းမြတ်စွာသောမင်္ဂလာရှိ၏။ ၄၃ အ​ကျွန်ုပ်သခင်၏မယ်တော်သည်အ​ကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို၊ အဘယ်အကြောင်းကြောင့်အ​ကျွန်ုပ်ခံရပါသနည်း။ ၄၄ သင်၏နှုတ်ဆက်ခြင်းစကားသံကိုအ​ကျွန်ုပ်ကြားစဉ်တွင်၊ အ​ကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသောစိတ်နှင့်ခုန်၏။ ၄၅ ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအားထာဝရဘုရားမိန့်တော်မူသောစကားသည်ပြည့်စုံလိမ့်မည်၊ ဟုကြီးသောအသံနှင့်မြွက်ဆို၏။


မာရိ၏ချီးမွမ်းခြင်း
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၄၆ မာရိကလည်း၊ ငါ့စိတ်နှလုံးသည်ထာဝရဘုရားကိုချီးမွမ်း၏။ [C] ၄၇ ငါ့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကို အမှီပြု၍၊ ငါ့ဝိညာဉ်သည်ရွှင်လန်းခြင်းရှိ၏။ ၄၈ အကြောင်းမူကား၊ မိမိ​ကျွန်မ၏နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူအစဉ်အဆက်တို့သည်၊ ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ခေါ်ကြလိမ့်မည်။ ၄၉ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည်၊ အံ့ဘွယ်သောကျေးဇူးတော်ကိုငါ့အားပြုတော်မူပြီ။ ထိုဘုရား၏နာမတော်သည်၊ ရိုသေဘွယ်ဖြစ်တော်မူ၏။ ၅၀ ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်၊ [D] သနားတော်မူခြင်းကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏။ ၅၁ လက်ရုံးတော်အားဖြင့်တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို၊ ကွဲလွင့်စေတော်မူပြီ။ ၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍၊ နှိမ့်ချသောသူတို့ကိုချီးမြှောက်တော်မူပြီ။ [E] ၅၃ ငတ်မွတ်သောသူတို့ကိုကောင်းမွန်စွာပေး၍၊ ရတတ်သောသူတို့ကိုလက်ချည်းလွှတ်လိုက်တော်မူပြီ။ ၅၄ ငါတို့ဘိုးဘေးများတို့အားဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ၅၅ အာဗြဟံမှစသောသူ၏အမျိုးအနွယ်အား၊ သနားခြင်းကျေးဇူးတော်ကိုအစဉ်အမြဲပြုခြင်းငှါသတိထား၍၊ မိမိ​ကျွန်ဣသရေလကို မစတော်မူသည်ဟုဆို၏။ ၅၆ မာရိသည်လည်းဧလိရှဗက်ထံမှာသုံးလခန့်နေပြီးမှမိမိအိမ်သို့ပြန်လေ၏။


ယောဟန်မွေးဖွား
CROSS REFERENCES






၅၇ ဧလိရှဗက်သည်ဖွားအံ့သောနေ့လစေ့သောအခါ၊ သားယောက်ျားကိုဖွားမြင်၏။ ၅၈ ထာဝရဘုရားသည်ထူးမြတ် သောသနားခြင်းကျေးဇူးတော်ကို၊ ဧလိရှဗက်အားပြုတော်မူသည်ကို၊ အိမ်နီးချင်းအဆွေအမျိုးတို့သည်ကြားလတ်သော်၊ သူနှင့်အတူဝမ်းမြောက်ဝမ်းသာကြ၏။ ၅၉ ရှစ်ရက်မြောက်သောနေ့၌၊ အရေဖျားလှီးခြင်း [F]ကိုသူငယ်အားပေးအံ့သောငှါလာကြ၍၊ အဘ၏အမည်ဖြစ်သောဇာခရိအမည်ဖြင့်မှည့်သောအခါ၊ အမိကထိုသို့မမှည့်ရ။ ၆၀ ယောဟန်အမည်ဖြင့်မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊ ၆၁ ယောဟန်အမည်ဖြင့်သင်၏အဆွေအမျိုးတွင်တယောက်ကိုမျှမမှည့်ဟုဆို၍၊ ၆၂ အဘသည်အဘယ်သို့မှည့်စေလိုသနည်း၊ ဟုအမှတ်အားဖြင့်မေးကြ၏။ ၆၃ အဘသည်လည်းသင်ပုံးကိုတောင်း၍၊ သူ၏အမည်ကား ယောဟန်ဖြစ်၏ဟုရေးလေသော်၊ ထိုသူအပေါင်းတို့သည်အံ့ဩခြင်းရှိကြ၏။ ၆၄ ထိုခဏခြင်းတွင်ဇာခရိသည်နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလေ၏။ ၆၅ အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍၊ ထိုအမှုအရာများသည်ယုဒပြည်တောင်ကြားအရပ်တို့၌ ၊ အနှံ့အပြားကျောစောလေ၏။ ၆၆ ကြားသောသူအပေါင်းတို့သည်နှလုံးထဲ၌ မှတ်သား၍၊ ဤသူငယ်သည်အဘယ်သို့သောသူဖြစ်လိမ့်မည်နည်းဟုဆိုကြ၏။ ထာဝရဘုရား ၏လက်တော်သည်လည်းသူငယ်နှင့်အတူရှိတော်မူ၏။


ဇာခရိကျေးဇူးတော်ချီးမွမ်း

၆၇ သူ၏အဘဇာခရိသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်၊ ၆၈ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရ ဘုရားသည်မင်္ဂလာရှိတော်မူစေသတည်း။ ၆၉ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ပေါ်ထွန်းသောမိမိသန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့်ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ၇၀ ငါတို့သည်ရန်သူဘေးနှင့်ကင်းလွတ်၍၊ ၇၁ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်း​ဖြောင့်မတ်ခြင်းပါရမီအားဖြင့်၊ ၇၂ ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်၊ ဟု၇၃ ငါတို့အဘအာဗြဟံအားကျိန်ဆိုခြင်းဂတိတော်တည်းဟူသော၊ သန့်ရှင်းသောပဋိညာဉ်တရားကိုအောက်မေ့တော်မူသဖြင့်၎င်း၊ ၇၄ ငါတို့ဘိုးဘေးများနှင့်ဝန်ခံတော်မူသောသနားခြင်းကျေးဇူးကိုပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကိုအကြည့်အရှုကြွလာလျက်၊ ရွေးနှုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း၊ ၇၅ ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကိုမိမိ​ကျွန်ဒါဝိဒ်အမျိုးထဲ၌၊ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။


ဖခင်ဇာခရိပရောဖက်ပြု

၇၆ အချင်းသူငယ်၊ သင်သည်လည်းအမြင့်ဆုံးသောဘုရား၏ပရောဖက်၊ ဟုခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ၇၇ အ ကြောင်းမူကား၊ ငါတို့ဘုရားသခင်၏သနားတော်မူခြင်းကျေးဇူးတော်အားဖြင့်အပြစ်ဖြေ၍၊ ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအားဖေါ်ပြသဖြင့်၊ ထာဝရဘုရား၏လမ်းခရီးတော်ကိုပြင်ဆင်ခြင်းငှါ၊ သင်သည်ရှေ့တော်၌ သွားရလိမ့်မည်။ ၇၈ ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှနေအာရုဏ်သည်၊ ငါတို့အပေါ်သို့တက်သဖြင့်၊ ၇၉ မှောင်မိုက်နှင့်သေမင်း၏အရပ်ထဲတွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အားငြိမ်သက်ခြင်းလမ်းကိုပြလျက်ရှိသည်၊ ဟုပရောဖက်ဥာဏ်နှင့်ဟောလေ၏။ ၈၀ ထိုသူငယ်သည်ကား၊ ကြီးပွား၍၊ ဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အားမထင်ရှားမှီတိုင်အောင်တောအရပ်၌ နေလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.