-
AA
+
🡀
|
🡂
ဂလာတိ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဂလာတိ ဩဝါဒစာ
အခန်းကြီး ၁


ပေါလုမှ ဂလာတိပြည်ရှိ အသင်းတော်များ ထံနှုတ်ဆက်

လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့် မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်၎င်း၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေတော်မူသော ခမည်းတော် ဘုရားသခင်၏ အခွင့်နှင့်၎င်း၊ တမန်တော်ဖြစ်သော ငါပေါလုမှစ၍၊ ငါ့ထံမှာရှိသော ညီအစ်ကို အပေါင်းတို့သည်၊ ဂလာတိပြည်၌ ရှိသော အသင်းတော်များကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။ ထိုသခင်သည် ငါတို့အဘ တည်းဟူသော ဘုရားသခင်၏ အလိုတော် နှင့်အညီ၊ ဆိုးညစ်သော ပစ္စုပ္ပန် [A] ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှာ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။


အခြားသော ဧဝံဂေလိဟောသောသူ ကျိန်ခြင်းခံစေ
CROSS REFERENCES






ခရစ်တော်၏ ကျေးဇူးအားဖြင့်၊ သင်တို့ကို ခေါ်တော်မူသောသူနှင့်၊ ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည်၊ အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့်၊ ငါသည် အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရား မဟုတ်။ သင်တို့ကို နှောင့်ယှက်၍၊ ခရစ်တော်၏ ဧဝံဂေလိတရားကို၊ မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။ သို့သော်လည်း သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရား မှတပါး၊ အခြားသော ဧဝံဂေလိတရားကို၊ ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှ လာသော ကောင်းကင်တမန် ဟောပြောသော်၎င်း၊ ဟောပြောသောသူသည်၊ ကျိန်တော်မူခြင်းကိုခံစေ။ [B] တဖန်တုံ၊ သင်တို့ ခံယူပြီးသော ဧဝံဂေလိတရားမှတပါး၊ အခြားသော ဧဝံဂေလိတရားကို တစ်စုံတစ်ယောက်သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေ၊ ဟုငါတို့ဆိုခဲ့ပြီးသည်အတိုင်း၊ ယခုငါထပ်၍ဆိုသေး၏။


ပေါလု လူ့အလိုမလိုက်
CROSS REFERENCES






၁၀ အကြောင်းမူကား၊ ယခုတွင် ငါသည် လူ၏အလိုသို့ လိုက်သလော၊ ဘုရားသခင်၏ အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသလော။ [C] လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံ​ကျွန် မဟုတ်ပြီ။ [D]၁၁ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည်၊ လူတို့၏တရား မဟုတ်။ ၁၂ လူထံမှာ ငါခံရသည်မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး၊ အခြားသော ဥပဒေသကို ငါမခံသည် အကြောင်းကို၊ သင်တို့အား ငါကြားလိုက်၏။


ပေါလု အသင်းတော်ညှဉ်းဆဲခဲ့

၁၃ အဘယ်သို့နည်းဟူမူကား၊ အထက်က ယုဒဘာသာ၌နေ၍၊ ငါကျင့်သော အကျင့်တည်းဟူသော၊ ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက် အလွန်၊ ညှဉ်းဆဲ ဖျက်ဆီးကြောင်းကို၎င်း၊ ၁၄ ဘိုးဘေးတို့၏ လက်မှ ငါခံရသော နည်းဥပဒေသဖက်၌၊ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်း အများတို့ထက်၊ ယုဒဘာသာကို ကျင်လည် လေ့ကျက်ကြောင်းကို၎င်း၊ သင်တို့ကြားသိရကြပြီ။


ပေါလု တပါးအမျိုးသားများအတွက်ရွေး

၁၅ သို့သော်လည်း၊ ငါ့ကို အမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍၊ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊၁၆ သားတော်၏ ဧဝံဂေလိတရားကို၊ တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ [E]မိမိအလိုတော်နှင့်အညီ သားတော်ကို ငါ့အားပြတော်မူသောအခါ၊ ငါသည် အသွေးအ သားနှင့် တိုင်ပင်ခြင်းကိုမပြု၊ ၁၇ ငါ့အရင် တမန်တော်ဖြစ်နှင့်သော သူတို့ရှိရာ၊ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည် [F] သို့ချက်ခြင်းသွား၍၊ တဖန်ဒမာသက်မြို့သို့ ပြန်လေ၏။


ပေါလု ယေရုရှလင်မြို့သို့သွား

၁၈ ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အ​ကျွမ်းဝင်လိုသောငှာ၊ ယေရုရှလင်မြို့သို့ သွား၍ [G](a) သူနှင့်အတူ တစ်ဆယ့်ငါးရက်နေ၏။ ၁၉ သူနှင့် သခင်ဘုရား၏ ညီတော် ယာကုပ် မှတပါး၊ အခြားသော တမန်တော် တစ်ယောက်ကိုမျှ ငါမတွေ့မမြင်။ ၂၀ ဤသို့သင်တို့အားငါရေး၍ ကြားလိုက်သည်တွင်၊ မုသာစကားကို ငါမပြောမသုံး၊ ဟုဘုရားသခင့်ရှေ့တော်၌ ငါဆို၏။ ၂၁ ထိုနောက်ရှုရိပြည် (Syria)၊ ကိလိကိပြည် (Cilicia) သို့ ငါသွား၍၊ [H] ၂၂ ယုဒပြည်၌ ခရစ်တော်၏ ဘာသာကို ခံယူသော သင်းဝင်တို့သည်၊ ငါ့မျက်နှာကိုမျှ မသိမမှတ်ဘဲနေ၍၊ ၂၃ ငါတို့ကို ညှဉ်းဆဲဖူးသောသူသည်၊ အထက်က မိမိဖျက်ဆီးသော ယုံကြည်ခြင်း တရားကို၊ ယခုမိမိဟောပြောသည်၊ ဟုသူတို့ကြားရုံရှိကာမျှနှင့်၊ ၂၄ ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။

_________________________
Footnotes


၁၈ (a) ပေါလု ပထမအကြိမ် ယေရုရှလင်မြို့သို့ သွားသည်။ ဂလာတိ ၂း၁ မှာ ဒုတိယအကြိမ် သွားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.