-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၃၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၃၀


ယာကုပ်ကို မယားညီအမများက သူတို့၏ကျွန်မများ ပေးစား
CROSS REFERENCES






ရာခေလသည် ယာကုပ်အား သားမဖွားကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသောစိတ်ရှိ၍၊ ငါ့အားသားကို ပေးပါ။ သို့မဟုတ် ငါသေတော့အံ့၊ ဟုယာကုပ်ကိုဆိုလေ၏။ ယာကုပ်ကလည်း၊ ငါသည်သင့်အား သားဖွားသောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စားတော်ဖြစ်သလော ၊ ဟုရာခေလကို အမျက်ထွက်၍ ပြန်ဆို၏။ ရာခေလကလည်း၊ အ​ကျွန်ုပ်၌ ကျွန်မဗိလဟာရှိပါ၏။ သူ့ထံသို့ဝင်ပါ။ သူသည် အ​ကျွန်ုပ်ဒူးပေါ်မှာ သားဖွား၍၊ သူ့အားဖြင့် အ​ကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိပါလိမ့်မည် ဟုဆိုလျက်၊ ​ကျွန်မဗိလဟာကို ယာကုပ်၏မယား ဖြစ်စေခြင်းငှာအပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။ ဗိလဟာသည် ပဋိသန္ဓေ [A]ယူ၍၊ ယာကုပ်အား သားကိုဖွားမြင်သည် ရှိသော်၊ ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကိုပေးသနားတော်မူပြီ ဟုဆိုသည်နှင့်အညီ၊ ထိုသားကို ဒန်အမည်ဖြင့်မှည့်လေ၏။ တဖန် ရာခေလ၏ ကျွန်မဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကို ဖွားမြင်သည်ရှိသော်၊ ရာခေလက၊ ငါသည်ငါ့အစ်မနှင့် ကျပ်ကျပ်လုံးထွေး၍ နိုင်ခဲ့ပြီဟုဆို၍၊ ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ၏။

လေအာသည် သားပြတ်၍ မဖွားဘဲနေကြောင်းကို မိမိသိမြင်သောအခါ၊ မိမိ​ ကျွန်မ ဇိလပကိုယူ၍၊ ယာကုပ်မယား ဖြစ်စေခြင်းငှာ အပ်လေ၏။ ၁၀ လေအာ၏​ ကျွန်မဇိလပသည်လည်း ယာကုပ်အားသားကို ဖွားမြင်သည်ရှိသော်၊ ၁၁ လေအာက၊ ကောင်းကျိုးလာသည်ဟုဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။ ၁၂ တဖန် လေအာ၏​ ကျွန်မဇိလပသည် ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကို ဖွားမြင်သည်ရှိသော်၊ ၁၃ လေအာက၊ ငါ၌ မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူ ဟူ၍ခေါ်ကြလိမ့်မည် ဟုဆိုသဖြင့်၊ ထိုသားကို အာရှာ အမည်ဖြင့် မှည့်လေ၏။


လေအာသည် ယာကုပ်အတွက် သားနှစ်ယောက်နှင့် သမီးမွေးပေး
CROSS REFERENCES






၁၄ ထို့နောက် ဂျုံစပါးကို စုသိမ်းသော အချိန်ကာလ၌ ၊ ရုဗင်သည် လယ်ပြင်သို့ ထွက်သွားပြီးလျှင်၊ အနု ဆေးသီးကိုတွေ့၍၊ မိမိအမိ လေအာထံသို့ ဆောင်ခဲ့လေ၏။ ရာခေလကလည်း၊ သင်၏သားရခဲ့သော အနုဆေးသီးအချို့ကို ပေးပါလော့ ၊ ဟုလေအာကိုတောင်းလျှင်၊ ၁၅ လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက်မရှိ ထင်သလော၊ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင်သေးသည်တကား၊ ဟုဆိုလေသော်၊ ရာခေလက၊ သို့ဖြစ်လျှင်၊ သင့်သား၏ အနုဆေးသီးအတွက်၊ သင်သည် ယနေ့ညတွင် သင်နှင့်အိပ်ရမည် ဟုဆို၏။ ၁၆ ညဦးအချိန်၌၊ လယ်ပြင်မှ ယာကုပ်လာသောအခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှာသွား၍၊ သင်သည် အ​ကျွန်ုပ်ထံသို့ ဝင်ရမည်။ အ​ကျွန်ုပ်၏သား ရခဲ့သောအနုဆေးသီးနှင့် သင့်ကိုအ​ကျွန်ုပ်ငှားသည် မှန်ပါ၏ ဟုဆိုသဖြင့်၊ ထိုနေ့ညတွင် သူနှင့်အိပ်ရလေ၏။ ၁၇ လေအာစကားကို ဘုရားသခင် နားထောင်တော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ပဉ္စမသားကို ဖွားမြင်လေသော်၊ ၁၈ ငါ့​ကျွန်မကို ငါ့လင်အား ပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အားအခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါ အမည်ဖြင့်မှည့်လေ၏။ ၁၉ တဖန် လေအာသည် ပဋိသန္ဓေ [A]ယူပြန်၍၊ ယာကုပ်အား ဆဌမသားကို ဖွားမြင်လေသော်၊ ၂၀ ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သား​ခြောက်ယောက်ကို ဖွားမြင်သောကြောင့်၊ ယခု ငါနှင့် အမြဲနေလိမ့်မည်ဟုဆို၍၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့်မှည့်လေ၏။ ၂၁ ထို့နောက်မှ သမီးကိုဖွား၍ ဒိန အမည်ဖြင့် မှည့်လေ၏။


ရာခေလသည် သားယောသပ်ကိုမွေး
CROSS REFERENCES






၂၂ ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ၏။ သူ၏စကားကို နားထောင်၍၊ သားဖွားသောအခွင့်ကို ပေးတော်မူသဖြင့်၊ ၂၃ သူသည် ပဋိသန္ဓေ [A]ယူ၍ သားကိုဖွားမြင်လျှင်၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီဟူ၍၎င်း၊ ၂၄ ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ပေးတော်မူပါစေသော် ဟူ၍၎င်းဆိုလျက်၊ ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ၏။


ယာကုပ် အိမ်ပြန်လိုကြောင်း ဦးလေးလာဗန်ဆီခွင့်တောင်း

၂၅ ရာခေလသည် ယောသပ်ကို ဖွားမြင်ပြီးသောနောက်၊ ယာကုပ်က အ​ကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့ သွားမည့်အကြောင်း အ​ကျွန်ုပ်ကိုလွှတ်ပါလော့။ ၂၆ ​ကျွန်ုပ်သည် အစေခံ၍ရသော မယားနှင့်သားတို့ကို ဆောင်ယူ၍၊ သွားရသောအခွင့်ကို ပေးပါလော့။ ​ကျွန်ုပ်အစေခံသည် အကြောင်းကို အဘသိပါသည် ဟုလာဗန်အားဆိုလျှင်၊ ၂၇ လာဗန်က၊ သင်၏စိတ်နှင့် တွေ့ပါစေ။ ထာဝရဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အားကောင်းကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ။ ၂၈ ငါပေးရမည်အခကို ပြောပါ၊ ငါပေးမည်၊ ဟုဆိုလေသော်၊ ၂၉ ​ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံသည်ကို၎င်း၊ အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌ အဘယ်သို့ ရှိနေသည်ကို၎င်း အဘသိပါ၏။ ၃၀ အထက်က အဘ၏ဥစ္စာ နည်းလှ၏။ ယခုတိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ် သွားလာ လုပ်ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ​ကျွန်ုပ်သည် ကိုယ်အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ​ကျွန်ုပ်ရပါအံ့နည်း ဟုဆိုလေ၏။


သိုးဆိတ် ပြောက်ကျားသောအကောင်များ အခအဖြစ်သဘောတူ

၃၁ လာဗန်ကလည်း၊ အဘယ်အခကို ပေးရမည်နည်း ဟုမေးပြန်လျှင်၊ ယာကုပ်က ဘာကိုမျှမပေးပါနှင့်။ ​ကျွန်ုပ်၌ ကျေးဇူးတခု ပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တဖန်ကျွေးမွေး စောင့်ထိန်းပါဦးမည်။ ၃၂ ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ်သွား၍၊ ပြောက်ကျားသော ဆိတ်များ၊ ညိုသောသိုးများရှိသမျှတို့ကို ရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသော ဆိတ်၊ ညိုသောသိုးတို့သည် ​ကျွန်ုပ်၏အခ ဖြစ်စေလော့။ ၃၃ သို့ဖြစ်၍၊ နောင်ကာလ၌ ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ ရောက်သောအခါ၊ ​ကျွန်ုပ်၏ ​ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်။ မပြောက်မကျားသောဆိတ်၊ မညိုသောသိုးရှိသမျှတို့ကို၊ ​ကျွန်ုပ်ခိုးသော အကောင်ဟူ၍မှတ်စေလော့ ဟုဆိုလေ၏။ ၃၄ လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်စေလော့ ဟုဝန်ခံ၍၊ ထိုနေ့၌ပင်ပြောက်ကျားသော ဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊ ၃၅ အဖြူပါသော ဆိတ်ရှိသမျှတို့နှင့်၊ အဆင်း ညိုသောသိုး ရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့ လက်သို့အပ်ပေးလေ၏။ ၃၆ ကိုယ်နေရာအရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီးကွာစေခြင်းငှာ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသောလာဗန်၏ သိုးဆိတ်များကို ထိန်းလျက်နေရလေ၏။


ယာကုပ်သည်သိုးဆိတ်များ သူ့အတွက်များရန် ကြံစည်

၃၇ ထိုအခါ ယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တန်ဖျာများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့် ပေါ်အောင်အခွံကို လှီးခွါပြီးလျှင်၊ ၃၈ ရေသောက်လာသောသိုး၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း၊ သောက်ခွက်တို့၌ သိုးဆိတ်တို့ရှေ့မှာ စိုက်ထားလေ၏။ ၃၉ သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင်၍ အပြောက်အကျား စသည်တို့ကို ဖွားကြ၏။ ၄၀ ယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက်ကျားသော အကောင်၊ အဆင်းညိုသော အကောင်ရှိသမျှတို့ရှေ့မှာ သိုးဆိတ်များကို မျက်နှာပြုစေ၏။ မိမိတိရစ္ဆာန်များနှင့် လာဗန်၏တိရစ္ဆာန်များကိုလည်း မရောနှောစေဘဲ၊ တစ်စုစီ ခွဲထားလေ၏။ ၄၁ အားကြီးသော အကောင်တို့သည် ရှက်တင်သောအခါ တံဖျာတို့တွင် ရှက်တင်စေခြင်းငှာ၊ ယာကုပ်သည် တံဖျာများကို ရေကျင်း၌၊ သူတို့မျက်မှောက်တွင် ထားတတ်၏။ ၄၂ အားနည်းသော အကောင်တို့ရှေ့မှာ တံဖျာတို့ကို မပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာ ဖြစ်လေ၏။ အားကြီးသော အကောင်တို့မူကား၊ ယာကုပ်၏ဥစ္စာ ဖြစ်လေ ၏။ ၄၃ ထိုသို့ ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ ဆိတ်၊ ​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းအများရှိကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.