၁၇ ထိုသို့ ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ်နှင့်၊ သား ယောက်ျားကိုရပြီ၊ ဟုဆိုလေ၏။
၃ ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင်ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့ သွားမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။
၈ သင်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့် ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊စိတ်မပျက်နှင့်၊ ဟုဣသရေလ အမျိုးသား အပေါင်းတို့ ရှေ့မှာပြောဆို၏။
sဤပညတ်တရားကို ခုနစ်နှစ်စေ့ သကေနေပွဲတိုင်း၌ ဖတ်ရမည်
၂၃ ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်၊ ဟုမိန့်တော်မူ၏။
၁၁ မစိုးရိမ်နှင့်ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည် သီလနှင့် ပြည့်စုံသော မိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့လုံးသိ၏။
၂၀ သေလုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မစိုးရိမ်နှင့်၊သားယောက်ျားကို ဖွားမြင်ပြီ၊ ဟုဆိုသော်လည်း ပြန်မပြော၊ အမှုမထားဘဲ နေ၏။
၂၃ ငါနှင့်အတူနေပါလော့။ မစိုးရိမ်နှင့်။ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်၊ ဟု အဗျာသာအား ပြောဆို၏။
၁၇ မစိုးရိမ်နှင့်၊ သင်သည် ကျွန်ုပ်အဘ ရှောလု၏လက်မှ လွတ်၍ ဣသရေလ ရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘ ရှောလု သိသည်၊ ဟုဆိုသဖြင့်၊
၁၃ ရှင်ဘုရင်က မစိုးရိမ်နှင့်။အဘယ်အရာကို မြင်သနည်း၊ ဟုမေးသော်၊ မိန်းမက မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်၊ ဟုလျှောက်၏။
၁၃ ဧလိယကလည်း မစိုးရိမ်နှင့်။သင်ဆိုသည် အတိုင်းသွား၍ ပြုလော့။ သို့ရာတွ င်ငါ့အဘို့ မုန့်ပြားငယ်တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့်သင်၏ သားငယ်အဘို့ လုပ်လော့။
၂၀ သားတော် ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သောစိတ်နှင့် လုပ်ဆောင်လော့။ မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။ ငါ၏ ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရာဘို့ လုပ်ဆောင်၍ လက်စမသတ်မှီ တိုင်အောင် သင့်ကို စွန့်တော်မမူ။ ပစ်ထားတော်မမူ။
၁၆ သူတပါးသည် ဥစ္စာကြွယ်ဝ၍ အိမ်၏ ဂုဏ်အသရေ တိုးပွားသောအခါ သင်သည် မစိုးရိမ်နှင့်။
၄ သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက်သော ဤထင်းစနှစ်ခုတည်းဟူသော ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာ အမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။
၆ အိမ်နီးချင်း တယောက်ကို တယောက်မစ၍၊ ညီအစ်ကိုချင်း တယောက်ကို တယောက်၊ မစိုးရိမ်နှင့်၊ ဟုဆိုကြ၏။
၁၀ မစိုးရိမ်နှင့်။ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာ လက်ျာလက်ဖြင့် ထောက်ပင့်မည်။
၁၃ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်၊ ဟုသင့်အား ဆိုလျက်၊ သင်၏ လက်ျာလက်ကို ကိုင်မည်။
၁ အိုယာကုပ်အမျိုး ဣသရေလ အနွယ်၊ သင့်ကို ဖန်ဆင်း ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနှုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။
၅ မစိုးရိမ်နှင့်။ငါသည် သင်နှင့်အတူရှိ၏။ အရှေ့မျက်နှာမှ သင်၏ အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကိုစုသိမ်းမည်။
၂ သင့်ကို ဖန်ဆင်းတော်မူသော ဘုရား၊ ဖွားစကပင် သင့်ကို ပြုပြင်၍၊ နောင်၌လည်း မစလတံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူယေရှုရုန်၊%fo(a) မစိုးရိမ်နှင့်။
၄ မစိုးရိမ်နှင့်။ရှက်ကြောက်ခြင်းသို့ မရောက်ရ။ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းမခံရ။ အသက်ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုဆိုးမဖြစ်၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက်တဖန် မအောက်မေ့ရ။
sထာ၀ရဘုရား ဣသရေလ၏လင်
၂၁ အိုပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။
၁၆ မစိုးရိမ်နှင့်၊ ဟုယေရုရှလင်မြို့အား၎င်း၊ လက်အားမလျော့စေနှင့်၊ ဟုဇိအုန်တောင်အား၎င်း၊ ထိုအခါဆိုရ၏။
၅ အဲဂုတ္တု ပြည်မှ ထွက်သွားသောအခါ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်စကားနှင့်အညီ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်၊ ဟုကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
sနောက်အိမ်တော်သည် သာ၍ ဘုန်းကြီးမည်
၁၃ အိုယုဒအမျိုးနှင့် ဣသရေလ အမျိုးတို့ သင်တို့သည် တပါးအမျိုးသားတို့တွင် ကျိန်ဆဲရာ ဖြစ်ဘူးသကဲ့သို့၊ ကောင်းကြီးခံရာ ဖြစ်စေခြင်းငှါ၊ ငါကယ်တင်မည်။ မစိုးရိမ်ဘဲ လက်အားကြီးကြလော့။
၂၀ ထိုသို့ကြံစည်၍ နေစဉ်တွင် အိပ်မက်ကို မြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုး ယောသပ်၊ သင်၏ခင်ပွန်း မာရိကို ထိန်းသိမ်းရမည့် အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ဖြစ်၏။
၂ လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။ သင်၏ အပြစ်ကို လွတ်စေပြီ၊ ဟုမိန့်တော်မူ၏။
၂၂ ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး မစိုးရိမ်နှင့်၊ သင်၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ၊ ဟုမိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာ ကင်းပျောက်လေ၏။
s တရားစရပ်မှုး၏ သမီးရှင်စေ
၄၉ ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့၊ ဟုအမိန့်တော်ရှိ၏။ သူတပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကိုခေါ်တော်မူသည်၊ ဟုဆိုကြ၏။
၄၈ ကိုယ်တော်ကလည်းငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့၊ ဟုမိန့်တော်မူ၏။
s ယာဣရုသမီးပြန်ရှင်
၄၁ ယေရှုက၊ မာသ၊ မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍၊ နှောင့်ရှက်ခြင်းကို ခံရ၏။ လိုသောအရာတခုတည်းရှိ၏။
၁၁ သင်တို့ကို တရားစရပ်သို့၎င်း၊ အကဲအမှူးမင်းများ ရှေ့သို့၎င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို၊ မစိုးရိမ်ကြနှင့်။
၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍၊ အသက်အဘို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍၊ ကိုယ်အဘို့ မစိုးရိမ်ကြနှင့်၊ ဟုငါဆို၏။
၁၁ နက်ဖြန်နေ့ညတွင် သခင်ဘုရားသည် ပေါလုအနား၌ ပေါ်လာတော်မူလျက်၊ ပေါလုမစိုးရိမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်း ခံရဦးမည်၊ ဟုမိန့်တော်မူ၏။
၂၄ ပေါလု၊ သင်သည် မစိုးရိမ်နှင့်၊ ကဲသာဘုရင်ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသောသူ အပေါင်းတို့ကို၊ ဘုရားသခင်သည် သင့်အား ပေးတော်မူပြီဟုဆို၏။
၆ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ၊ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို၊ ဘုရားသခင်အား ကြားလျှောက်ကြလော့။
၇ သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။