၁၀ ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစာ ခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားလေ၏။
၁ အာဗြဟံလက်ထက် ထိုပြည်၌ ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး၊ နောက်တဖန် အစာခေါင်းပါးခြင်း ရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာ ဂေရာမြို့သို့ သွားလေ၏။
၅ ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ ရောက်လာသောသူတို့တွင်၊ ဣသရေလသားတို့သည် စပါးကို ဝယ်ခြင်းငှာ လာကြ၏။
၁ ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည်ဖြစ်၍၊
၆ မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။
၄ ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွားကျက်စားရာ မရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှာ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌ နေရမည်အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း၊ လျှောက်ကြ၏။
၁ တရားသူကြီး အုပ်စိုးသော ကာလ၊ တရံရောအခါ ဣသရေလ ပြည်၌ အစာအဟာရ ခေါင်းပါး၍၊ ယုဒပြည်ဗက်လင်မြို့ %fo(a) သားတယောက်သည် မယားနှင့် သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာ သွား၏။
၃၈ တဖန်ဧလိရှဲသည် ဂိလဂါလသို့သွား၍ ထိုပြည်၌ အစာခေါင်းပါး၏။ ပရောဖက် အမျိုးသားတို့သည် ဧလိရှဲရှေ့မှာ ထိုင်ကြစဉ်၊ ပရောဖက် အမျိုးသားတို့အဖို့ ကြီးသော အိုးကင်းကိုပြင်၍ ဟင်းချက်လော့၊ ဟုမိမိကျွန်အားဆို၏။
၂၅ ကြာမြင့်စွာ ဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတစ်လုံးကို ငွေရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတစ်ပြည်ကို ငွေငါးကျပ်နှင့်၎င်း ရောင်းရ၏။
sကိုယ်သားကိုစားသော အမျိုးသမီး
၄ မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင် ရှင်ရမည်။ သတ်လျှင် သေရမည်၊ ဟုတိုင်ပင်ပြီးလျှင်၊
၁ တဖန် ဧလိရှဲသည် အထက်က အသက်ရှင်စေသော သူငယ်၏အမိကို ခေါ်၍၊ သင်သည် အိမ်သူအိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သောအရပ် တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရားသည် အစာခေါင်းပါးရာ ကာလကို မှာလိုက်တော်မူပြီ။တပြည်လုံး၌ ခုနစ်နှစ် ခေါင်းပါးလိမ့်မည်၊ ဟုသတိပေး၏။
၃ အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသော ကာလ၊ စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်း၊ ဟုဆိုကြ၏။
၂၀ အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ဓါးဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ်တော်မူလိမ့်မည်။
၁၉ သေဘေးနှင့် ကင်းလွတ်မည် အကြောင်း အစာခေါင်းပါးသည့် ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကို ကြည့်ရှုလျက် ရှိတော်မူ၏။
s ထာ၀ရဘုရားကိုမျှော်လင့်
၁၉ သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည် ကာလ၌ ဝစွာစားရကြ၏၊
၁၉ အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓါးဖြင့် ဖျက်ဆီးခြင်း ဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင့်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။
၁၁ ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော်မူမည်။ အစာ ခေါင်းပါးသည်ကာလ၌ ဝစွာကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့၎င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။
၂၉ သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှားခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။
၆ ငါသည်လည်း၊ သင်တို့မြို့ရွာ ရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်း ပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။
၁၁ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသော ကာလရောက်လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ်ခြင်း ဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်။
၇ လူတမျိုးနှင့် တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံ၊ ရန်ဘက်ပြု ကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
၈ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်း တို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည်၊ ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။
sလွှတ်ရုံးသို့အပ်နှံကြလိမ့်မည်
၁၄ ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်း ဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။
၁၁ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း တို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသော ပုပ္ပနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။
sခရစ်တော်နာမကြောင့် ညှဉ်းဆဲခြင်း
၁၁ ခါနာန်ပြည်နှင့် အဲဂုတ္တု(Canaan and Egypt)ပြည် တရှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသော ဆင်းရဲခြင်းရှိ၍ ငါတို့အဘများ၌ စားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်၊ ဟုယာကုပ်သည်ကြားလျှင်၊