၃ သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာ ကို ခံရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။
၁၈ အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသောလူမျိုးများ ဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။
၁၈ သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုငါ၏စကားကို သင်နားထောင်သောကြောင့်၊ ငါသည် ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏၊ ဟုထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။
၄ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ်အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။
၃၀ ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်းကြီးမင်္ဂလာကိုခံ၍၊ အဘထံမှ ထွက်သွားသော ခဏချင်းတွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ၏။
၄ အထက်က အာဗြဟံအား ပေးတော်မူ၍၊ သင်ယခု ဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း၊ သင့်အား၎င်း၊ သင်၏အမျိုးအနွယ်အား၎င်း၊ အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးတော်မူစေသတည်း၊ ဟုကောင်းကြီးပေးလျက် မှာထား၍ လွှတ်လိုက်လေ၏။
၁၄ သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာအရပ်တို့သို့ နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။
၅ ထိုသို့ အိမ်နှင့်ဥစ္စာရှိသမျှကို အုပ်စိုးစေသည်ကာလမှစ၍၊ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် အတွင်း၊ အပြင်၊ ဥစ္စာရှိရှိသမျှ အပေါ်မှာလည်း သက်ရောက်လေ၏။
၂၆ သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ ဖြစ်သောကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သော အရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင်အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော်။
sဗင်္ယာမိန်နှင့်ပတ်သက်၍
၁၄ ယောသပ် အမျိုးသားတို့ ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရား ပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည် တဘို့၊ တခရိုင်တည်းကိုသာ အဘယ်ကြောင့် ပေးပါသနည်း၊ ဟုယောရှုအား မေးလျှောက်ကြသော်၊
၂၇ သို့ဖြစ်၍ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲ တည်ပါမည်အကြောင်း ကောင်းကြီးပေးခြင်းငှါ နူးညွတ်သော စိတ်ရှိတော်မူပါ။ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကြီး ပေးတော်မူလျှင်၊ ကောင်းကြီးမင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်၊ ဟုဆုတောင်းသတည်း။
၂ ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်းသာ ပေးတော်မူသဖြင့် ထိုသူသည် ပြည်တော်၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်။
၁၇ နာမတော်သည် အစဉ်အမြဲ တည်လိမ့်မည်။ နေသည်တည်သမျှသော ကာလပတ်လုံး နာမတော် တိုးပွါးလိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၍၊ မင်္ဂလာရှိတော်မူသည်၊ ဟုချီးမွမ်းကြလိမ့်မည်။
၂၅ အိုထာဝရဘုရား ကယ်တင်တော်မူပါ၊ ဟုတောင်းပန်ပါ၏။ အိုထာဝရဘုရား ကောင်းကြီးမင်္ဂလာကို ပေးတော်မူပါ၊ ဟုတောင်း ပန်ပါ၏။
sဘုရားအခွင့်နှင့် ကြွလာသူမင်္ဂလာရှိ
၂၂ ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်း အကြောင်းကို ရောနှောတော်မမူ။
၂၆ စပါးကိုသိုထားသောသူသည်လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌ မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။
၂၅ ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်ကောင်းကြီးမင်္ဂလာကိုခံလျက်ရှိကြလိမ့်မည်။
၂၀ သစ္စာစောင့်သောသူသည်ကောင်းကြီးမင်္ဂလာနှင့်ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါအလျင်အမြန်ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။
၇ ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိ ကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သောသူ ဖြစ်၏။
၁၄ ငါဖွားသောနေ့ရက်သည် အမင်္ဂလာ ရှိပါစေသော်။ ငါ့ကိုငါ့အမိဖွားသော နေ့ရက်သည် ကောင်းကြီးမင်္ဂလာကို မခံပါစေနှင့်။
၃၀ အဦးအသီးသော အသီးအမျိုးမျိုးနှင့်ချီးမြှောက်ရာပူဇော်သက္ကာအလုံးစုံတို့ကိုယဇ်ပူဇော်ပုရောဟိတ်သည်သိမ်းယူရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကိုသက်ရောက်စေခြင်းငှါအဦးနယ်သောမုန့်စိမ်းကိုသူ၌ လှူရမည်။ ငှက်ဖြစ်စေအလိုလိုသေသောအကောင်သားရဲကိုက်၍သေသောအကောင်ကိုယဇ်ပုရောဟိတ်မစားရ။
%ln
၁၄ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်ရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရားသခင်သည် တဖန်ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်။ အဘယ်သူသိနိုင်သနည်း။
၃၄ ထိုအခါ လက်ျာတော်ဘက်၌ ရှိသောသူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သော နိုင်ငံကိုလာ၍ အမွေခံကြလော့။
၂၅ သင်တို့သည် ပရောဖက်အမျိုးအနွယ် ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို သင်၏ အမျိုးအနွယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည် ၊ ဟုဗျာဒိတ်ထားတော်မူ၍၊ ငါတို့ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့်၊ သင်တို့သည် ဆိုင်ကြ၏။
၂၉ သင်တို့ရှိရာသို့ ငါရောက်သောအခါ၊ ခရစ်တော်၏ ဧဝံဂေလိတရား၌ ပါသော ကောင်းကြီးမင်္ဂလာ ပြည့်စုံခြင်းနှင့်၊ ရောက်လာမည်ကိုငါသိ၏။
sငါ့အဘို့ဆုတောင်းကြလော့
၈ ဘုရားသခင်သည် ယုံကြည်ခြင်းကို ထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည်၊ ဟုကျမ်းစာသည် မြော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုဧဝံဂေလိတရားကို ဟောနှင့်လေ၏။
၇ ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုးရေကိုသောက်၍၊ လုပ်သောသူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။
၁၇ သင်တို့သိသည်အတိုင်း ဧသောသည်နောက်မှ ကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှါ၊ အလိုရှိသောအခါ ငြင်းပယ်ခြင်းကိုခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီးမင်္ဂလာကို အလွန်ရှာသော်လည်း၊ မိမိအဘ၏ စိတ်ပြောင်းလဲခြင်းအခွင့်ကို မတွေ့မရ။
s ယုံကြည်သူများသည် ကောင်းကင်သို့ရောက်
၉ သင်တို့သည် ကောင်းကြီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှာ၊ ခေါ်တော်မူသောသူ ဖြစ်သည်၊ ဟုသိမှတ်၍ အချင်းချင်း ရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။
၁၂ ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏။ ဟုကြီးသောအသံနှင့် ပြောဆိုကြ၏။
၁၂ အာမင်၊ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိ ရှိတော်မူစေသတည်း။ အာမင်၊ ဟုပြောဆိုကြ၏။
s ဘေးဒဏ်ကြီးကာလမာတုရများ
၇ ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏ အမျိုးအနွယ်အား ငါပေးမည်၊ ဟုမိန့်တော်မူ၏။ ထိုသို့ ထင်ရှားတော်မူသော ထာဝရဘုရားဖို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကို တည်လေ၏။
၁ ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအား ထင်ရှားတော်မူသည် အကြောင်းအရာဟူမူကား၊ နေပူသောအချိန်တွင်၊ အာဗြဟံသည် တဲတံခါးဝ၌ ထိုင်လျက်၊
၁၀ ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစာ ခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားလေ၏။
၁ အာဗြဟံလက်ထက် ထိုပြည်၌ ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး၊ နောက်တဖန် အစာခေါင်းပါးခြင်း ရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာ ဂေရာမြို့သို့ သွားလေ၏။
၅ ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ ရောက်လာသောသူတို့တွင်၊ ဣသရေလသားတို့သည် စပါးကို ဝယ်ခြင်းငှာ လာကြ၏။
၁ ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည်ဖြစ်၍၊
၆ မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။
၄ ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွားကျက်စားရာ မရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှာ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌ နေရမည်အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း၊ လျှောက်ကြ၏။
၁ တရားသူကြီး အုပ်စိုးသော ကာလ၊ တရံရောအခါ ဣသရေလ ပြည်၌ အစာအဟာရ ခေါင်းပါး၍၊ ယုဒပြည်ဗက်လင်မြို့ %fo(a) သားတယောက်သည် မယားနှင့် သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာ သွား၏။
၃၈ တဖန်ဧလိရှဲသည် ဂိလဂါလသို့သွား၍ ထိုပြည်၌ အစာခေါင်းပါး၏။ ပရောဖက် အမျိုးသားတို့သည် ဧလိရှဲရှေ့မှာ ထိုင်ကြစဉ်၊ ပရောဖက် အမျိုးသားတို့အဖို့ ကြီးသော အိုးကင်းကိုပြင်၍ ဟင်းချက်လော့၊ ဟုမိမိကျွန်အားဆို၏။
၂၅ ကြာမြင့်စွာ ဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတစ်လုံးကို ငွေရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတစ်ပြည်ကို ငွေငါးကျပ်နှင့်၎င်း ရောင်းရ၏။
sကိုယ်သားကိုစားသော အမျိုးသမီး
၄ မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင် ရှင်ရမည်။ သတ်လျှင် သေရမည်၊ ဟုတိုင်ပင်ပြီးလျှင်၊
၁ တဖန် ဧလိရှဲသည် အထက်က အသက်ရှင်စေသော သူငယ်၏အမိကို ခေါ်၍၊ သင်သည် အိမ်သူအိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သောအရပ် တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရားသည် အစာခေါင်းပါးရာ ကာလကို မှာလိုက်တော်မူပြီ။တပြည်လုံး၌ ခုနစ်နှစ် ခေါင်းပါးလိမ့်မည်၊ ဟုသတိပေး၏။
၃ အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသော ကာလ၊ စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်း၊ ဟုဆိုကြ၏။
၂၀ အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ဓါးဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ်တော်မူလိမ့်မည်။
၁၉ သေဘေးနှင့် ကင်းလွတ်မည် အကြောင်း အစာခေါင်းပါးသည့် ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကို ကြည့်ရှုလျက် ရှိတော်မူ၏။
s ထာ၀ရဘုရားကိုမျှော်လင့်
၁၉ သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည် ကာလ၌ ဝစွာစားရကြ၏၊
၁၉ အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓါးဖြင့် ဖျက်ဆီးခြင်း ဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင့်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။
၁၁ ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော်မူမည်။ အစာ ခေါင်းပါးသည်ကာလ၌ ဝစွာကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့၎င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။
၂၉ သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှားခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။
၆ ငါသည်လည်း၊ သင်တို့မြို့ရွာ ရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်း ပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။
၁၁ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသော ကာလရောက်လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ်ခြင်း ဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်။
၇ လူတမျိုးနှင့် တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံ၊ ရန်ဘက်ပြု ကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
၈ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်း တို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည်၊ ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။
sလွှတ်ရုံးသို့အပ်နှံကြလိမ့်မည်
၁၄ ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်း ဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။
၁၁ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း တို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသော ပုပ္ပနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။
sခရစ်တော်နာမကြောင့် ညှဉ်းဆဲခြင်း
၁၁ ခါနာန်ပြည်နှင့် အဲဂုတ္တု(Canaan and Egypt)ပြည် တရှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသော ဆင်းရဲခြင်းရှိ၍ ငါတို့အဘများ၌ စားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်၊ ဟုယာကုပ်သည်ကြားလျှင်၊