-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၉


ဘုရားသည် လောင်သောမီးကဲ့သို့ ရှေ့မှကြွမည်
CROSS REFERENCES






အိုဣသရေလအမျိုး၊ နားထောင်လော့။ သင့်ထက် အားကြီး၍ များပြားသော လူမျိုးတို့ကို၎င်း၊ မိုးကောင်းကင်ကို ထိသော မြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကို၎င်း၊ အာနက အမျိုးသား ရှေ့မှာ အဘယ်သူ ရပ်နိုင်သနည်းဟူသော စကားကို သင်ကြား၍၊ သင်သိသော အာနက အမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သော လူမျိုးကို၎င်း တိုက်ယူခြင်းငှာ၊ ယခု ယော်ဒန်မြစ် တဘက်သို့ ကူးလုပြီ။ သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွသဖြင့်၊ [A]လောင်သော မီးကဲ့သို့ ဖြစ်လျက် [B] သူတို့ကို ဖျက်ဆီး၍၊ [C] သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည် အကြောင်းကို ယခုသဘောကျလော့။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်း၊ သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည်။


သင်၏ ကုသိုလ်ကြောင့်မဟုတ်

သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ် တော်မူသောနောက်၊ သင်က၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း၍၊ ဤပြည်ကို အပိုင်ပေးတော်မူသည် ဟူ၍ မအောက်မေ့ရ။ [D] ထိုလူမျိုးတို့၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်တော်မူသည်ဟူ၍ စိတ်ထဲမှာ အောက်မေ့ရမည်။ သင်ပြုသော ကုသိုလ်ကြောင့်၎င်း၊ ​ဖြောင့်မတ်သော သဘောကြောင့်၎င်း၊ ထိုပြည်ကို သွား၍ ဝင်စားရမည်မဟုတ်။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့်၎င်း၊ ထာဝရဘုရားသည် သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော စကားတော်ကို တည်စေလိုသောငှာ၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်ရှေ့မှာ နှင်ထုတ်တော်မူ၏။



သင်သည်လည်ပင်းခိုင်မာသောအမျိုး
CROSS REFERENCES





CROSS REFERENCES






သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၏ ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သော ပြည်ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။ [E] သင်သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အမျက်တော် ထွက်စေခြင်းငှာ၊ တော၌ ပြုမိသည်ကို မမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့ မှစ၍ ဤအရပ်သို့ ရောက်သည် တိုင်အောင် ထာဝရဘုရားကို ပုန်ကန်ပြီ။ ဟောရပ် အရပ်၌ ထာဝရဘုရားကို အမျက်တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။ ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ၊ တောင်ပေါ်သို့ ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲ တောင်ပေါ်မှာ နေလေ၏။ [F] ၁၀ သင်တို့သည် စည်းဝေးကြသောနေ့၌ ၊ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မြွက်ဆိုတော်မူသော စကားတော် အလုံးစုံတို့ကို၊ လက်ညှိုးတော်ဖြင့် ရေးထားသော ကျောက်ပြား နှစ်ပြားတို့ကို၊ ထာဝရဘုရားသည် ငါ့အား အပ်ပေးတော်မူ၏။ [G]


ဘုရားက ဣသရေလအမျိုးကို ဖျက်ဆီးဖို့ကြံ

၁၁ အရက် လေးဆယ် စေ့သောအခါ၊ ထိုပဋိညာဉ် ကျောက်ပြားနှစ်ပြားကို ထာဝရဘုရားသည် ငါ့အား ပေးတော်မူလျှင်၊၁၂ သင်သည်ထ၍ အလျင်အမြန် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်၍၊ ငါမှာထားသော လမ်းမှ အလျင်အမြန် လွှဲ၍၊ ရုပ်တုကို သွန်းကြပြီ၊ ဟုမိန့်တော်မူ၏။ [H] ၁၃ တဖန် ထာဝရဘုရားက၊ ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်း ခိုင်မာသော အမျိုးဖြစ်၏။ [I] ၁၄ သို့ဖြစ်၍ ငါ့ကိုရှိစေလော့။ သူတို့ကို ငါဖျက်ဆီးမည်။ သူတို့နာမကိုလည်း ကောင်းကင်အောက်မှာ ငါချေမည်။ သင့်ကိုမူကား၊ သူတို့ထက် အားကြီး၍ များပြားသော အမျိုးဖြစ်စေမည်၊ ဟုငါ့အားမိန့်တော်မူ၏။


မောရှေသည် ကျောက်ပြားကို ချိုးဖဲ့ပြီး ပြန်ယူပြန်

၁၅ ထိုအခါ ငါသည် ပဋိညာဉ် ကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ လှည့်၍ မီးလောင်သော တောင်ပေါ်က ဆင်းလာ၏။ ၁၆ သင်တို့သည် သင်တို့ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ နွားသူငယ်ရုပ်တုကို သွန်းကြောင်းနှင့် ထာဝရဘုရား မှာထားတော်မူသောလမ်းမှ အလျှင်အမြန် လွဲသွားကြောင်းကို ငါသည် ကြည့်မြင်လျှင်၊ ၁၇ လက်နှစ်ဘက်နှင့် ကိုင်သော ကျောက်ပြားကို ချ၍၊ သင်တို့မျက်မှောက်၌ ငါချိုးဖဲ့၏။ [J] ၁၈ သင်တို့သည် ထာဝရဘုရားကို အမျက်တော် ထွက်စေခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသောအပြစ် ရှိသမျှတို့ကြောင့်၊ ငါသည် အရင် ပြုသကဲ့သို့ ထာဝရဘုရား ရှေ့တော်၌ ပြပ်ဝပ်၍ အရက် လေးဆယ်ပတ်လုံး မုန့်ကို မစား၊ ရေကို မသောက်ဘဲ နေရ၏။ [K] ၁၉ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာ ထွက်သော အမျက်တော်အရှိန်ကို ငါကြောက်၏။ [L]သို့ရာတွင်ထာဝရဘုရားသည် ငါ့စကားကို တဖန်နားထောင်မူ၏။ ၂၀ ထာဝရဘုရားသည်လည်း၊ အာရုန်ကို ဖျက်ဆီးခြင်းငှာ အလွန်အမျက် ထွက်တော်မူသောကြောင့်၊ အာရုန်အဖို့ကိုလည်း ဆုတောင်းလေ၏။ ၂၁ သင်တို့ ဒုစရိုက်တည်းဟူသော သင်တို့လုပ်သော နွားသူငယ်ကို ငါယူသဖြင့် အရည်ကျို၍၊ အမှုန့်ဖြစ်အောင် ညက်ညက်ချေပြီးလျှင်၊ တောင်ထဲက ထွက်သော ချောင်းရေပေါ်မှာ ချပစ်လေ၏။


မောရှေကသူ့လူမျိုးအတွက်တောင်းပန်ပေး

၂၂ တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ်၌လည်း၊ [M] သင်တို့သည် ထာဝရဘုရားကို အမျက်တော် ထွက်အောင် ပြုကြ၏။ ၂၃ ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ ငါပေးသောပြည်ကို သိမ်းယူကြလော့၊ ဟုသင်တို့ကို စေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကို မယုံ၊ စကားတော်ကို နားမထောင်ဘဲ နေကြ၏။ ၂၄ ငါသိ​ကျွမ်းသော နေ့မှစ၍၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ။ ၂၅ ထာဝရဘုရားသည် သင်တို့ကို ဖျက်ဆီးမည်၊ ဟုမိန့်တော်မူသောကြောင့်၊ ငါသည် အရင် ပြပ်ဝပ်သကဲ့သို့၊ အရက်လေးဆယ်ပတ်လုံး ပြပ်ဝပ်လျက် နေရ၏။ ၂၆ ထာဝရဘုရားအားလည်း၊ အိုအရှင်ဘုရားသခင်၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ၍၊ အားကြီးသော လက်တော်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေဥစ္စာ ဖြစ်သော ဤလူတို့ကို ဖျက်ဆီးတော်မမူပါနှင့်။ ၂၇ ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို အောက်မေ့တော်မူပါ။ ဤလူမျိုးသည် ခိုင်မာသော သဘောရှိ၍၊ ပြစ်မှားမိသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်။ ၂၈ သို့မဟုတ် အ​ကျွန်ုပ်တို့ကို နှုတ်ဆောင်တော်မူသော ပြည်သားတို့က၊ ထာဝရဘုရားသည် ကတိထားသော ပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှာ မတတ်နိုင်သောကြောင့်၎င်း၊ သူတို့ကို မုန်းသောကြောင့်၎င်း၊ တော၌ သတ်လိုသောငှာ ထုတ်သွားပြီ၊ ဟုဆိုကြပါလိမ့်မည်တကား။ ၂၉ ဤလူတို့သည်ကား၊ မဟာ တန်ခိုးတော်နှင့် လက်ရုံးတော်ကိုဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူ ဖြစ်ကြပါသည်၊ ဟုငါသည်ဆုတောင်းလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.