-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁၇


အနာအဆာရှိသော တိရစ္ဆာန်များ မပူဇော်ရ

အပြစ်ပါသောသိုး၊ နွား၊ ယုတ်သော လက္ခဏာ ပါသောသိုး၊ နွားကို၊ သင်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူဇော်ရ။ ထိုသို့သော ယဇ်ကို သင်၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ် ရွံ့ရှာတော်မူ၏။


အခြားဘုရား ကိုးကွယ်သူကို ခဲနှင့် ပစ်၍ သတ်ရမည်

သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောမြို့တို့တွင်၊ နေ၊ လ၊ မိုးကောင်းကင် တန်ဆာအစရှိသော ငါမြစ်တားသမျှ၊ အခြားတစ်ပါးသော ဘုရားတို့ကို သွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ၊ ဒုစရိုက်ကို ပြုမိသော ယောကျ်ား မိန်းမရှိသည်၊ ဟု သင်သည် သတင်းကြား၍ စေ့စေ့ မေးမြန်းသောအခါ၊ ဣသရေလ အမျိုး၌ ထိုစက်ဆုပ် ရွံ့ရှာဘွယ်သော အမှုကို ပြုမိသည်မှန်လျှင်၊ ထိုဒုစရိုက်ကို ပြုမိသော ယောကျ်ားမိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရမည်။ သက်သေခံ နှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သောသူသည် အသေခံရမည်။ သက်သေခံ တစ်ယောက်ထဲ ရှိလျှင် အသေမခံရ။ ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံတို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။


အမှုရှိသောသူများကို တရားသူကြီး ယဇ်ပုရောဟိတ်ထံ ပို့ရမည်
CROSS REFERENCES






သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်း အမှုတို့သည်၊ မင်းရှေ့သို့ ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ်သို့သွား၍၊ ထိုကာလအခါ တရားသူကြီးလုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဖော်ပြရမည်။ [A] ၁၀ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ်သား တို့သည်လည်း ဖော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့ သွန်သင်သည်အတိုင်း၊ ပြုရခြင်းငှာ စောင့်ရှောက်ရမည်။ ၁၁ သူတို့ဖော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြားပြောသော ဆုံးဖြတ်ချက် ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြသော စီရင်ချက်မှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။ ၁၂ သင်၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ အမှုတော်ကို စောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီး စကားကို နားမထောင်ဘဲ ရဲရင့်စွာ ပြုသောသူကို အသေ သတ်သဖြင့် ဣသရေလ အမျိုးမှ ဒုစရိုက်ကို ပယ်ရမည်။ ၁၃ ထိုသတင်းကို လူခပ်သိမ်းတို့သည် ကြားလျှင် ကြောက် ရွံ့သော စိတ်ရှိသဖြင့် နောက်တဖန် ရဲရင့်စွာ မပြုဘဲ နေကြလိမ့်မည်။


ဘုရင်နှင့် ပတ်သက်၍ (a)

၁၄ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်ကို သင်သည် ဝင်စား၍ နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌ နေသော တစ်ပါးသော လူမျိုးအပေါင်းတို့ နည်းတူ၊ ငါသည် ရှင်ဘုရင် အရာ၌ တစ်စုံတစ်ယောက်ကို ချီးမြှောက်မည်၊ ဟုဆိုလျှင်၊ ၁၅ သင်၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင် အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသားချင်း မဟုတ်သော တပါးအမျိုးသားကို မချီးမြှောက်ရ။ ၁၆ ထိုရှင်ဘုရင်သည် ကိုယ်အဖို့ များစွာသော မြင်းတို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကို မပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့ မပြန်မသွားရ၊ ဟုထာဝရဘုရား အမိန့်တော်ရှိ၏။ ၁၇ သူ၏ စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာ မဆည်းဖူးရ။ ၁၈ ထိုရှင်ဘုရင်သည် သားစဉ် မြေးဆက်နှင့် တကွ၊ ဣသရေလ အမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ် တရားစကားတော် အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း၊ ၁၉ သူ၏ ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ ၂၀ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ ရှိသော ဤဓမ္မပညတ် တရားစာကို ရေးကူး၍ လက်ခံစာကို တစ်သက်လုံး စောင့်ရှောက် ကြည့်ရှုဖတ်ရွတ်ရမည်။

_________________________
Footnotes


(a) ဘုရင်နှင့်ပတ်သက်၍

၁။ တပါးအမျိုးသား မဖြစ်ရ။

၂။ မြင်းများစွာ မမွေးရ။

၃။ မိန်းမများစွာ မယူရ။

၄။ ရွှေငွေများစွာ မဆည်းဖူးရ။

၅။ ပညတ်တရားစာကို ရေးကူး၍ စောင့်ရှောက် ကြည့်ရှု ဖတ်ရွတ်ရမည်။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.