-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၂၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၂၆


အဦးသီးသော အသီးအမျိုးမျိုးကို ပူဇော်ရမည်
CROSS REFERENCES






သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဖို့ ပေးတော်မူသော ပြည်သို့ သင်သည် ဝင်စား၍ နေသောအခါ။ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်၌ ၊ အဦးသီးသော အသီးအမျိုးမျိုးကို ယူ၍ ခြင်းတောင်း၌ ထည့်ပြီးမှ သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော် တည်စရာဖို့ ရွေးကောက် တော်မူသော အရပ်သို့သွား၍၊ ထိုကာလ၌ ယဇ်ပုရောဟိတ် လုပ်သောသူထံသို့ ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ အ​ကျွန်ုပ် ရောက်ပါပြီ၊ ဟုကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယနေ့ အ​ကျွန်ုပ်ဝန်ခံပါသည်၊ ဟုယဇ်ပုရောဟိတ်အား ပြောဆိုရမည်။ ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ချထားရမည်။ သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အ​ကျွန်ုပ်အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တု ပြည်သို့ သွား၍၊ လူအနည်းငယ်နှင့်တကွ တည်းခိုစဉ်တွင် ကြီးမား များပြားသော လူမျိုးဖြစ်ပါ၏။ အဲဂုတ္တုလူ တို့သည်အ​ကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ်စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားကို အော်ဟစ်၍ လျှောက်ကြသောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူသဖြင့်၊ အ​ကျွန်ုပ်တို့ ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ကို ကြည့်တော် ရှုတော်မူ၏။ ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးမားသော လက်ရုံးတော်ကို ဆန့်၍၊ ကြောက်မက် ဘွယ်သော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ဖြင့် အ​ကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ပြီးလျှင်၊ နို့နှင့်ပျားရည်စီးသောဤပြည် [A] သို့ပို့ဆောင်၍ ပေးသနားတော်မူ၏။ ၁၀ ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော် ပေးသနားတော်မူသော ပြည်၌၊ အဦးသီးသော အသီးကို အ​ကျွန်ုပ် ဆောင်ခဲ့ပါပြီ၊ ဟုသင်၏ ဘုရားသခင် ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင်၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကို ပြုရမည်။ ၁၁ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် သင်၏ အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှသော ကျေးဇူး၌၊ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ၍၊ တပါးအမျိုးသား တို့နှင့်တကွ ပျော်မွေ့ခြင်းကို ပြုရမည်။


သုံးနှစ်တွင် ဆယ်ဘို့တစ်ဘို့ ပေးသောအခါ

၁၂ သုံးနှစ်တွင် ဆယ်ဘို့တစ်ဘို့ ပေးရသော တတိယနှစ် ရောက်သောအခါ၊ အစီးအပွား ရှိသမျှတို့ကို ဆယ်ဘို့တစ်ဘို့ ကောက်ယူ၍၊ လေဝိသား၊ တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာ ကျွေးမွေးပြီးမှ၊ ၁၃ သင်၏ ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို မှာထားတော်မူသမျှ အတိုင်း၊ သန့်ရှင်းသော ဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမတို့အား ပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။ ၁၄ မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အ​ကျွန်ုပ် မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဖို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဖို့ အနည်းငယ်ကိုမျှ မပေးပါ။ အ​ကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာ ထားတော်မူသမျှအတိုင်း ပြုပါပြီ။ ၁၅ ကိုယ်တော်၏ သန့်ရှင်းသော နေရာ ကောင်းကင်ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလ အမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည် အတိုင်း၊ အ​ကျွန်ုပ်တို့အား ပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါ၊ ဟုလျှောက်ဆိုရမည်။


ဘုရား စကားနားထောင်ဖို့ဝန်ခံပြီ
CROSS REFERENCES






၁၆ ယခု စီရင်ထုံးဖွဲ့သမျှ အတိုင်း ကျင့်ရမည်၊ ဟုသင်၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည် ဖြစ်၍၊ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည်။ ၁၇ ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍၎င်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့်ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ ၍၎င်း၊ ယနေ့သင်သည် ဝန်ခံပြီ။ [B]၁၈ ထာဝရဘုရားသည်လည်း ဂတိ ထားတော်မူသမျှ အတိုင်း၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ အထူးသဖြင့် ကိုယ်တော်၏ လူမျိုးဖြစ်သည်ဟူ ၍၎င်း၊ ၁၉ ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ ဂုဏ်အသရေ ကျော်စောကိတ္တိကို လွန်ကဲစေတော်မူမည်ဟူ၍၎င်း ဂတိတော်ရှိသည်အတိုင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသော လူမျိုး ဖြစ်စေခြင်းငှာ၎င်း၊ ယနေ့ဝန်ခံတော်မူပြီ၊ ဟုဣသရေလ အမျိုးသားတို့အား ဟောပြောလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.