-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁၈


လေဝိသားတို့၏ အမွေသည် ထာ၀ရဘုရားဖြစ်

လေဝိသား ယဇ်ပုရောဟိတ် အစရှိသော လေဝိသား အပေါင်းတို့သည်၊ ဣသရေလ အမျိုးသားတို့နှင့် ရော၍ အဖို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရား၏ အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သက္ကာတို့ကို စားရကြမည်။ ထို့ကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေ မခံရကြ။ ထာဝရဘုရားသည် အမိန့်တော် ရှိသည်အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။ [A] လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဖို့ ပခုံးတဘက်၊ ပါးနှစ်ဘက်၊ အအူများကို၎င်း၊ အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကို၎င်း လှူရမည်။ အကြောင်းမူကား၊ သူမှစ၍ သားစဉ် မြေးဆက်တို့သည် ထာဝရဘုရား အခွင့်နှင့် အမှုတော်ကို အစဉ် ဆောင်ရွက်စေခြင်းငှာ၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးအနွယ် အပေါင်းတို့တွင် သူ့ကို ရွေးကောက်တော်မူပြီ။ ဣသရေလ မြို့ရွာတို့၌ တည်းခိုသော လေဝိသား တစ်စုံတစ်ယောက်သည်၊ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ်ကို ကြည်ညိုသော စိတ်အားကြီး၍ ရောက်လာလျှင်၊ ထာဝရဘုရား ရှေ့တော်၌ နေရာရသော ညီအစ်ကို လေဝိသား အပေါင်းတို့ နည်းတူ၊ သူ၏ ဘုရားသခင် ထာဝရဘုရား အခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည်။ သူ၏ အမွေကိုရောင်း၍ ရသောဥစ္စာ မှတပါး၊ လေဝိသားများတို့ နှင့်အတူ အညီအမျှ ခံရမည်။


စက်ဆုပ်ရွံရှာဘွယ်အမှုများ မပြုလုပ်ရ

သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌ နေသောလူမျိုးတို့ ပြုတတ်သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို ပြုခြင်းငှာ မသင်ရ။ ၁၀ သင်တို့တွင် မိမိ သားသမီးကို မီးဖြင့် ပူဇော်သောသူ၊ ဖြစ်လတံ့သော အမှုကို ကိုယ်ဥာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊ ၁၁ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့် ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ ၁၂ ထိုသို့ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ် ရွံရှာဘွယ်သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။ ၁၃ သင်သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်း ရှိရမည်။ ၁၄ သင် အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သော အမှုကို၊ ကိုယ်ဥာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နားထောင်တတ်ကြ၏။ သင်မူကား ထို့သို့ပြုရအောင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။


မောရှေနှင့်တူသော ပရောဖက်ပေါ်စေမည်
CROSS REFERENCES






၁၅ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးသားချင်းတို့ အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင့်အဖို့ ပေါ် ထွန်းစေတော်မူမည်။ [B]ထိုပရောဖက်၏ စကားကို နားထောင်ရမည်။ ၁၆ ဟောရပ်အရပ်တွင် စည်းဝေးကြသောနေ့၌ သင်က၊ နောက်တဖန် အ​ကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၏ စကားတော် အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသော မီးကို မမြင်ရပါစေနှင့်။ အ​ကျွန်ုပ် သေမည်ကို စိုးရိမ်ပါသည်၊ ဟုသင်၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တောင်းပန်သမျှ အတိုင်း၊ ၁၇ ထာဝရဘုရားက သူတို့စကားသည် လျောက်ပတ်ပေ၏။ ၁၈ သူတို့ အမျိုးသားခြင်းတို့ အထဲ၌ သင်နှင့်တူသော ပရောဖက် တစ်ပါးကို သူတို့အဖို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့်၊ ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။ ၁၉ ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြောသော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲ နေအံ့၊ ထိုသူကို ငါစစ်ကြောမည်။


ပရောဖက်အတုကို သတ်ရမည်

၂၀ ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်၊ ဟုငါ့အားမိန့်တော်မူ၏။ ၂၁ သင်ကလည်း ထာဝရဘုရား မိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့ သိနိုင်သနည်း၊ ဟုတွေးတောလျှင်၊ ၂၂ ပရောဖက်သည် ထာဝရဘုရား၏ အခွင့်ကို ဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြောသော စကား မပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရား မိန့်တော်မမူ။ ပရောဖက်သည် ရဲရင့်စွာ ဟောပြောပြီ။ သူ့ကို မကြောက်ရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.