-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၂၃


ထာ၀ရဘုရား၏ ပရိသတ်တော်၌ မပါမည့်သူများ

ယောက်ျား၏ အင်္ဂါ လက္ခဏာမစုံလင်၊ ချို့တဲ့သော ယောက်ျားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ နောက်မီးလင်း၍ ရသောသားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင် မဖြစ်ရ။ ဆယ်ဆက် မြောက်အောင် မဝင်ရ။ အမ္မုန်အမျိုးသား၊ မောဘ အမျိုးသားသည်လည်း၊ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ၊ ကာလအစဉ်မကုန်၊ ဆယ်ဆက် မြောက်အောင် မဝင်ရ။ အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သူတို့သည် မုန့်နှင့်ရေကို ဆောင်၍ ခရီးဦးကြို မလာကြ။ သင့်ကို ကျိန်ဆဲစေခြင်းငှာ၊ မေသောပေါတာမိပြည်၊ ပေသော်မြို့၌ နေသော ဗောရသားဗာလမ်ကို ငှားကြ၏။ သို့ရာတွင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဗာလမ်စကားကို နားမထောင်။ သင့်ကို ချစ်သောကြောင့် ကျိန်ဆဲခြင်းကို သင်၌ ကောင်းကြီး မင်္ဂလာ ဖြစ်စေတော်မူ၏။ သင်သည် သူတို့ချမ်းသာ၊ သူတို့စည်းစိမ်ကို တစ်သက်လုံး အစဉ်မပြုစုရ။ ဧဒုံအမျိုးသားကို မူကား၊ မမုန်းရ။ သူသည် သင်၏ ညီအစ်ကို ဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည်​ ကျွန်ခံခဲ့ဖူးပြီ။ သူတို့ အမျိုးအနွယ်သည် သုံးဆက်မြောက်မှာ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင် ဖြစ်ရသော အခွင့်ရှိ၏။


စစ်တိုက်သောအခါ သန့်ရှင်းရမည်

ရန်သူတို့ကို စစ်တိုက်သွားသောအခါ၊ မတရားသော အမှုရှိသမျှကို ရှောင်လော့။ ၁၀ ညအချိန်၌ ရောက်တတ်သော မစင်ကြယ်သော အကြောင်းကြောင့် မစင်ကြယ်သောသူသည် သင်တို့တွင်ရှိလျှင် သူသည် တပ်ပြင်သို့ ထွက်ရမည်၊ တပ်ထဲသို့မဝင်ရ။ ၁၁ မိုးချုပ်သောအခါ ရေချိုး၍၊ နေဝင်ပြီးမှ တပ်ထဲသို့ ဝင်ရမည်။ ၁၂ သင်ကျင်ကြီး စွန့်စရာအရပ်သည် တပ်ပြင်၌ ရှိရမည်။ ၁၃ တပ်ပြင်သို့ ထွက်၍ စွန့်သောအခါ၊ ကိုယ်၌ ပါသော သစ်သားတူးရွင်းနှင့် မြေ၌ တူးရမည်။ နောက်တဖန် လှည့်၍ မစင်ကို ဖုံးအုပ်ရမည်။ ၁၄ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကယ်တင်၍ ရန်သူတို့ကို သင့်လက်၌ အပ်ခြင်းငှာ၊ သင်၏ တပ်ထဲမှာ သွားလာတော်မူ၏။ ထိုကြောင့်၊ သင့်အထဲ၌ မစင်ကြယ်သော အရာ တစ်စုံတခုကို မြင်၍၊ သင်မှ ရှောင်သွားတော် မမူမည်အကြောင်း၊ သင်၏ တပ်သည် သန့်ရှင်းရမည်။


ပြေးသောကျွန် သခင်ထံ ပြန်မအပ်ရ

၁၅ မိမိသခင်ထံက ပြေး၍ သင့်ထံသို့ ရောက်သော ​ကျွန်ကို သခင်၌ မအပ်ရ။ ၁၆ ထို​ကျွန်သည် အလိုအလျောက် နေချင်သော အရပ်၊ သင့်နေရာမြို့ တစ်စုံတစ်မြို့၌ သင့်ထံမှာ နေရသော အခွင့်ရှိ၏။ သူ့ကို မညှဉ်းဆဲရ။


ပြည်တန်ဆာနှင့် မိန်းမလျှာ မရှိရ

၁၇ ဣသရေလ အမျိုးသမီးတို့တွင် ပြည်တန်ဆာမရှိရ။ ဣသရေလ အမျိုးသားတို့တွင်၊ ယောကျ်ားအလိုသို့ လိုက်တတ်သော မိန်းမလျှာ မရှိရ။ ၁၈ ပြည်တန်ဆာလုပ်၍ ရသောငွေ၊ ခွေးကိုရောင်း၍ ရသောငွေကို သစ္စာဂတိ ပြေစေခြင်းငှာ၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်သို့ မသွင်းရ။ ထိုသို့သောငွေကို စက်ဆုပ်ရွံရှာတော်မူ၏။


အမျိုးသားချင်း၌ ငွေတိုးမစားရ

၁၉ သင်၏ အမျိုးသားချင်း၌ အတိုးယူ၍ ငွေ၊ စားစရာ၊ အသုံးအဆောင်ကို မချေးမငှားရ။ ၂၀ တပါးအမျိုးသား၌ အတိုးယူ၍ ချေးငှားရ၏။ သင်သွား၍ ဝင်စားသော ပြည်တွင် သင်ပြုလေရာရာ၌ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီး ပေးတော်မူမည်အကြောင်း၊ အမျိုးသားချင်း၌ အတိုးယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။


ဘုရားထံဂတိပြုလျှင် ပြုသည့််အတိုင်းလုပ်ပါ

၂၁ သင်၏ ဘုရားသခင် ထာဝရဘုရားအား သစ္စာဂတိထားလျှင်၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဧကန်အမှန် တောင်းတော်မူမည်။ သင်သည် မပြုဘဲနေလျှင် အပြစ် ရောက်လိမ့်မည်။ ၂၂ သစ္စာဂတိ မထားဘဲ နေလျှင် အပြစ်မရောက်။ ၂၃ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားအား ကိုယ်အလိုအလျောက် သစ္စာဂတိထား၍၊ ကိုယ်နှုတ်နှင့် မြွက်ဆိုသော စကားကိုတည်စေ၍၊ ဂတိရှိသည်အတိုင်း ပြုရမည်။


စပျစ်ဥယျာဉ်၌ စားခွင့်ရှိ မသိမ်းမယူရ

၂၄ သင်သည် အိမ်နီးချင်း၏ စပျစ်ဥယျာဉ်ထဲသို့ ဝင်သောအခါ၊ အလိုအလျောက် စပျစ်သီးကို ဝစွာစားရသော်လည်း မသိမ်းမယူရ။ ၂၅ အိမ်နီးချင်း၏ စပါးလယ်ထဲသို့ ဝင်သောအခါ၊ စပါးနှံကို လက်နှင့် ဆွတ်ရသော်လည်း တံစဉ်နှင့်မရိတ်ရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.