-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၄

ပညတ်တော်အတိုင်းကျင့်ကြလော့

အိုဣသရေလ အမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍၊ သင်တို့ ဘိုးဘေးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်ကို ဝင်စားမည်အကြောင်း၊ သင်တို့ ကျင့်စရာဖို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။ ငါမှာ ထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်း မနှုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။ ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြုတော်မူသော အမှုကို သင်တို့သည် ကိုယ်တိုင် မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူ အပေါင်းတို့ကို သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင် ပယ်ရှင်းတော်မူပြီ။ သင်တို့ ဘုရားသခင် ထာဝရဘုရား၌ မှီဝဲသမျှသော သင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။ သင်တို့သည်သွား၍ ဝင်စားသောပြည်၌ ကျင့်စရာဖို့၊ ငါ၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ စီရင် ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။ သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရား ရှိသမျှတို့ကို ကြားရသော လူမျိုးများရှေ့မှာ၊ သင်တို့၏ ဥာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ်သော လူမျိုးသည် အကယ်စင်စစ် ဥာဏ်ပညာနှင့် ပြည့်စုံသော အမျိုးဖြစ်၏၊ ဟုဆိုကြလိမ့်မည်။


ထူးခြားသောလူမျိုး
CROSS REFERENCES






ငါတို့သည် ဆုတောင်း လေရာရာ၌ ၊ ငါတို့ ဘုရားသခင် ထာဝရဘုရား ကြည့်ရှု ပြုစုတော်မူခြင်း ကျေးဇူးကို ခံရသည်နည်းတူ၊ အခြားသော ဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုးကြီးခံရသနည်း။ ငါသည် ယနေ့သင်တို့၌ ထားသော တရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကို ရသော အဘယ်လူမျိုးကြီးရှိသနည်း။ သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင် မြင်သောအမှုအရာတို့ကို မမေ့မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည် အကြောင်း၊ [A] ကိုယ်ကိုကိုယ် သတိပြုကြလော့။ စိတ်နှလုံးကို ကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။


သိနာတောင်၌ ဘုရားစကားပြော
CROSS REFERENCES





CROSS REFERENCES






၁၀ ထိုအခါ ထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာ စုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ [B] သားမြေးတို့အား သွန်သင်စေခြင်းငှာ ငါ့စကားကို ကြားစေမည်၊ ဟုငါ့အား မိန့်တော်မူသည်အတိုင်း၊ ၁၁ သင်တို့သည် အနီးတော်သို့ ချဉ်းကပ်၍၊ တောင်​ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။ [C] ၁၂ ထာဝရဘုရား သည်လည်း၊ မီးထဲက သင်တို့အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဍာန်တော်ကို မမြင်ရဘဲ၊ စကားတော် အသံကိုသာ ကြားရကြ၏။ ၁၃ သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ် တရားတည်းဟူသော ပညတ်တော် ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြား နှစ်ပြားပေါ်၌ ရေးထားတော်မူ၏။ ၁၄ သင်တို့သည်သွား၍ ဝင်စားသောပြည်၌ ကျင့်စရာဖို့ သင့်တို့အား ငါသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း၊ ထိုအခါ ထာဝရဘုရားသည် ငါ့အား မှာထားတော်မူ၏။


ရုပ်တုမလုပ်ရ
CROSS REFERENCES






၁၅ ဟောရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲက သင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့် အဆင်းသဏ္ဍာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊ ၁၆ နောက်တဖန် သင်တို့သည် လူယောက်ျား၊ လူမိန်းမသဏ္ဍာန်၊ ၁၇ မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဍာန်၊ မိုးကောင်းကင်၌ ပျံတတ်သော ငှက်သဏ္ဍာန်၊ ၁၈ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်သဏ္ဍာန်၊ မြေနိမ့်ရာရေ၌ နေသော ငါးသဏ္ဍာန်ရှိသော ရုပ်တုကို၊ သင်တို့သည် ဖောက်ပြန်၍ ကိုယ်အဖို့ မလုပ်ရမည်အကြောင်း၊ ၁၉ မိုးကောင်းကင်ကို မျှော်၍၊ နေ၊ လ၊ ကြယ်များတည်းဟူသော မိုးကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ မိုးကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့အား ဝေငှ ပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြု ကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။ ၂၀ သင်တို့သည် ယနေ့၌ဖြစ်သကဲ့သို့၊ ထာဝရဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည် သံမီးဖို [D] ထဲက နှုတ်၍ယူ ဆောင်တော်မူပြီ။


မောရှေမြစ်မကူးရ

၂၁ ထိုမှတပါး၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်တော်ထွက်၍၊ ငါသည် ယောဒန်မြစ် တဘက်သို့ မကူးရမည် အကြောင်းနှင့် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အမွေခံစရာဖို့ ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည်အကြောင်း ကျိန်ဆိုတော်မူပြီ။ ၂၂ သို့ဖြစ်၍ ဤပြည်၌ ငါသေရမည်၊ ယော်ဒန်မြစ်ကို မကူးရ။ သင်တို့သည်ကူး၍ ထိုကောင်းမွန်သော ပြည်ကို ဝင်စားကြလိမ့်မည်။


ဘုရားသခင်သည် လောင်သောမီး

၂၃ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌ ထားတော်မူသော ပဋိညာဉ်တရားကို မေ့လျော့၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတို့၏ သဏ္ဍာန်ရှိသော ရုပ်တုကို မလုပ်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။ ၂၄ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ [E] သဝန်တို သောဘုရား (a) ဖြစ်တော်မူ၏။


ရုပ်တုကိုးကွယ်လျှင် ပျောက်ပျက်ကြမည်

၂၅ သင်တို့သည် သားမြေးတို့ကို ဖွားမြင်၍၊ ထိုပြည်၌ ကြာမြင့်စွာနေပြီးမှ၊ တဖန်ဖေါက်ပြန်သဖြင့်၊ သဏ္ဍာန် တစ်စုံ တခုရှိသော ရုပ်တုကိုလုပ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ ဒုစရိုက်ကိုပြုလျှင်။ ၂၆ ကောင်းကင် မြေကြီးကို သင်တို့တဘက်၌ ယနေ့ ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ဝင်စားသောပြည်၌၊ မကြာမမြင့်မှီ ဆက်ဆက် ပျောက်ပျက်ရ ကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။ ၂၇ ထာဝရဘုရားသည်လည်း၊ သင်တို့ကို တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော်မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်းရကြလိမ့်မည်။ ၂၈ ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုကြရလိမ့်မည်။


ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာလျှင်
CROSS REFERENCES






၂၉ သို့သော်လည်း ထိုအရပ်တို့၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို တဖန် ရှာလိုသောအခါ၊ စိတ်နှလုံး အကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။ [F] ၃၀ သင်တို့သည် နောင်ကာလ၌ ဒုက္ခဆင်းရဲကို ခံရ၍၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာ၍ စကားတော်ကို နားထောင်လျှင်၊ ၃၁ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သနားတတ်သောဘုရား ဖြစ်တော်မူသောကြောင့်၊ သင်တို့ကို စွန့်ပစ် ဖျက်ဆီးတော်မမူ။ သင်တို့ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားကို မေ့လျော့တော်မမူ။


ထာဝရဘုရားကဲ့သို့သော ဘုရားရှိသလော
CROSS REFERENCES





CROSS REFERENCES






၃၂ ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသော နေ့မှစ၍၊ သင်တို့မဖြစ်မှီ လွန်လေပြီးသော ကာလပတ်လုံး၊ မိုးကောင်းကင် တဘက်မှ တဘက်တိုင်အောင် မေးမြန်းကြလော့။ ဤမျှလောက်ကြီးသော အမှုဖြစ်ဖူးသလော။ ဤကဲ့သို့သော အမှု၏ သတင်းကို ကြားဖူးသလော။ ၃၃ ဘုရားသခင်သည် မီးထဲက မိန့်မြွက်တော်မူသံကို သင်တို့သည် ကြားသကဲ့သို့၊ အခြားသော လူမျိုးသည် ကြား၍၊ အသက် ချမ်းသာရဖူးသလော။ ၃၄ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်း နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သော အမှုတို့ကိုပြခြင်း၊ စစ်မှုကို ရောက်စေခြင်း၊ အားကြီးသော လက်ရုံးတော်ကို ဆန့်ခြင်း၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတစ်ပါးသော ဘုရားသည် သွား၍ လူတမျိုးထဲက တမျိုးကို မိမိအဖို့ နှုတ်ယူဖူးသလော။ ၃၅ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ [G] ကိုယ်တော်မှတပါး၊ အခြားသော ဘုရားမရှိကြောင်းကို၎င်း၊ သင်တို့သိစေခြင်းငှာ၊ ထိုအခြင်းအရာတို့ကို သင်တို့အား ပြတော်မူပြီ။ ၃၆ သင်တို့ကိုသွန်သင်၍ ကောင်းကင်ထဲက စကားတော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာသော မီးတော်ကိုလည်း ပြတော်မူ၍၊ သင်တို့သည် မီးထဲက စကားတော်ကို ကြားရကြပြီ။ ၃၇ သင်တို့ ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ [H] သူတို့အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။ ၃၈ သင်တို့ထက် အားကြီး၍ များပြားသော လူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင် ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကို သွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌ နှုတ်ဆောင်တော်မှုပြီ။ ၃၉ သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်းကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ ယနေ့သိမှတ်၍ နှလုံး၌ သွင်းမိကြလော့။ ၄၀ သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရခြင်းငှာ၎င်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ အသက်တာ ရှည်စေခြင်းငှာ၎င်း၊ ယနေ့ ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့်ရှောက်ရကြမည်၊ ဟုမောရှေသည် ဟောပြောလေ၏။


ယော်ဒန်မြစ် အရှေ့ဘက်ရှိ ခိုလှုံရာသုံးမြို့

၄၁ ထိုအခါ အိမ်နီးချင်းကို အငြိုးမထားဘဲ၊ အမှတ်တမဲ့ သတ်မိသောသူသည် ပြေး၍၊ ၄၂ အသက်ချမ်းသာရသော မြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ မောရှေသည် ခွဲထားလေ၏။ ၄၃ ထိုမြို့တို့၏ အမည်ကား၊ ရုဗင်အမျိုးသား နေရာ တောလွင်ပြင်၌ ဗဇောမြို့၊ ဂဒ်အမျိုးသား နေရာ ဂိလဒ်ပြည်၌ ရာမုတ်မြို့၊ မနာရှေ အမျိုးသား နေရာ ဗာရှန်ပြည်၌ ဂေါလန်မြို့တည်း။


မောရှေထားသော တရားနှင့် သက်သေစကား

၄၄ ဤရွေ့ကား၊ မောရှေသည် ဣသရေလ အမျိုးသားတို့၌ ထားသော တရား၊ ၄၅ သူတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံအတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တဘက်၌ရှိသော ချိုင့်တွင်၊ မောရှေ ဟောပြောသော သက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။ ၄၆ မောရှေနှင့် ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊ ၄၇ ဗာရှန် ရှင်ဘုရင် ဩဃတည်းဟူသော၊ ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ နေသော အာမောရိရှင်ဘုရင် နှစ်ပါးကို လုပ်ကြံ၍၊ သူတို့ပြည်ကို၊ ၄၈ အာနုန်မြစ်နားမှာရှိသော အာရော်မြို့မှစ၍ ဟေရမုန်တောင်တည်းဟူသော ဇိအုန်တောင်တိုင်အောင်၎င်း၊ ၄၉ ယော်ဒန်မြစ် အရှေ့ဘက်လွင်ပြင် နှင့်တကွ လွင်ပြင်နှင့်ဆိုင်သော အိုင်နား၊ အာဇုတ်ပိသဂါမြို့ တိုင်အောင်၎င်း သိမ်းယူကြ၏။

_________________________
Footnotes


၂၄ (a) မြန်မာကျမ်းစာအုပ်၌ "အပြစ်ရှိသည်၊ ဟုယုံလွယ်သောဘုရား" ဟုဘာသာပြန်ထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.