-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၂၁


လူသတ်သမား မသိလျှင်

သင်၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်တွင်၊ လွတ်လပ်သော အရပ်၌ လူအသေကောင် ရှိသည်ကို တွေ့၍၊ အဘယ်သူ သတ်သည်ကို မသိလျှင်၊ သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင် မြို့ရွာများ တိုင်အောင် တိုင်းထွာ ရကြမည်။ အသေကောင်နှင့် အနီးဆုံးသောမြို့ ၌ အသက်ကြီးသူတို့သည် ထမ်းပိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဖူးသေးသော နွားသူငယ်ကို ယူ၍ လယ်မလုပ် မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ်သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွားလည်ပင်းကို ဖြတ်ပြီးမှ၊ သင်၏ ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီး ပေးစေခြင်းငှာ၎င်း၊ ရွေးချယ်တော်မူသော လေဝိသား ယဇ်ပုရောဟိတ် တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင် ဆုံးဖြတ်ရကြမည်။ အသေကောင်နှင့် အနီးဆုံးသော မြို့သား အသက်ကြီးသူ အပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်းဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊ ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့မျက်စိသည် မမြင်။ အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော်၏လူ ဣသရေလ အမျိုးကို သနားတော်မူပါ၊ မသေထိုက်သောသူကို သတ်သော အပြစ်သည် ကိုယ်တော်၏ လူဣသရေလ အမျိုးအပေါ်သို့ ရောက်စေတော် မမူပါနှင့်၊ ဟုမြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သောအပြစ် လွတ်လိမ့်မည်။ ထိုသို့သင်သည် ထာဝရဘုရား ရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သောသူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။


စစ်တိုက်ရာမှ အဆင်းလှသော မိန်းမယူလျှင်

၁၀ သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဖမ်းယူသောအခါ၊ ၁၁ ဖမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမကိုမြင်၍၊ စုံဘက်ခြင်းငှာ အလိုရှိလျှင်။ ၁၂ သင့်အိမ်သို့သူ့ကို ခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်း လှီးဖြတ်ခြင်းတို့ကို ပြုလျက်၊ ၁၃ ဖမ်းယူရာ အဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့် စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။ ၁၄ နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအလျောက် သွားသောအခွင့်ကို ပေးရမည်။ သူ့ကို ရှုတ်ချသောကြောင့် ငွေနှင့် မရောင်းရ၊ ​ကျွန်အရာ၌ မထားရ။


မုန်းသော မယားသားဦးဖြစ်လျှင်

၁၅ လင်ချစ်သောမယား၊ မုန်းသော မယား နှစ်ယောက်တို့သည် သားကိုဖွား၍၊ အဦးဖွားသော သားသည် မုန်းသော မယား၏ သားဖြစ်လျှင်။ ၁၆ ထိုသူသည် မိမိ အမွေဥစ္စာကို ဝေသောအခါ၊ မုန်းသော မယား၏ သားဦးကို နှိမ့်ချ၍ ချစ်သော မယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။ ၁၇ မုန်းသော မယား၏သားသည် သားဦးဖြစ်သည်၊ ဟုဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အား ပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အား အစအဦးဖြစ်၏။ သားဦး အရိပ်အရာနှင့် ဆိုင်ပေ၏။


စကားနားမထောင်သော သားကို သတ်ရမည်

၁၈ အဘ၌ ဆိုးသောသား၊ ခက်ထန်သော သဘောရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသား ရှိလျှင်။ ၁၉ မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူ တို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်။ ၂၀ အ​ကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန်သော သဘောရှိ၍ အ​ကျွန်ုပ်တို့ စကားကို နားမထောင်သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသောသူ ဖြစ်ပါ၏၊ ဟုမြို့၌ အသက်ကြီးသူတို့အား လျှောက်ဆိုရမည်။ ၂၁ မြို့သား ယောကျ်ား အပေါင်းတို့သည်၊ ထိုသားကို ကျောက်ခဲနှင့် ပစ်၍ အသေသတ်ရကြမည်။ ထိုသို့သင်တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ထိုသတင်းကို ကြား၍ ကြောက်ရွံ့ခြင်း ရှိကြလိမ့်မည်။


ကျိန်ခြင်းခံသူသစ်တိုင်၌ ဆွဲရမည်

၂၂ သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်။ ၂၃ အသေကောင်ကို သစ်တိုင်၌ တစ်ညလုံး မထားရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသောသူ ဖြစ်၏။ [A] သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသော ပြည်သည်၊ မညစ်ညူး စေမည့်အကြောင်း ထိုသို့ပြုရမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.