-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁၂


ရုပ်တုဆင်းတုများကို ရှင်းရှင်းဖျက်ဆီးရမည်

သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး ဝင်စားစေခြင်းငှာ၊ သင်တို့ ဘိုးဘေးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ ၊ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင်ထုံးဖွဲ့ချက်များဟူမူကား၊ သင်တို့ အစိုးရသော လူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသော သစ်ပင်အောက်၌ မိမိတို့ဘုရားများကို ဝတ်ပြုရာ အရပ်ရှိသမျှ တို့ကို ရှင်းရှင်း ဖျက်ဆီးရမည်။ သူတို့ ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏ နာမကိုပင် ပယ်ရှင်းရမည်။


ဘုရား ရွေးကောက်သောအရပ်၌ သာပူဇော်ရမည်
CROSS REFERENCES






သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား မပြုဘဲ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ အမျိုးအနွယ် ရှိသမျှတို့တွင် နာမတော်ကို တည်စေဖို့ရာ၊ ရွေးကောက်တော်မူသော အရပ်တည်းဟူသော၊ ကျိန်းဝပ်တော်မူရာ အရပ်ကိုရှာ၍ လာရကြမည်။ ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်များ၊ ဆယ်ဘို့တစ်ဘို့ ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ၍၊ သိုးနွားတွင် အဦးဖွားသော သားငယ်တို့ကို ဆောင်ခဲ့ရကြမည်။ ထိုအရပ်၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။ ယခုကာလ၊ ဤအရပ်၌ ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်း ကိုယ်ဥာဏ်ကို လိုက်၍ မပြုရကြ။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော အမွေခံရာ ချမ်းသာထဲသို့ သင်တို့သည် မဝင်ရကြသေး။ ၁၀ သင်တို့သည် ယော်ဒန်မြစ် တဘက်သို့ ကူး၍၊ သင်တို့ အမွေခံရာဖို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ နေကြသောအခါ၊ ရန်သူအပေါင်းတို့ လက်မှ သင်တို့ကို ကယ်နှုတ်တော်မူသဖြင့် ငြိပ်ဝပ်စွာ နေကြသောအခါ၊ ၁၁ နာမတော်ကိုတည် စေဖို့ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်ရှိရမည်။ [A] ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့ မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တစ်ဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ထာဝရဘုရားအား ဂတိရှိသည်အတိုင်း၊ မြတ်သော ပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည်။ ၁၂ ကိုယ်တိုင်မှစ၍၊ သားသမီး၊ ​ကျွန်ယောကျ်ား မိန်းမတို့နှင့် ကိုယ်အဖို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌ တည်းခိုသော လေဝိသားတို့သည်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ရွှင်လန်းခြင်းကို ပြုရကြမည်။ ၁၃ တွေ့မြင်ရာရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည်အကြောင်း သတိပြုကြလော့။ ၁၄ သင်တို့ အမျိုးတမျိုးတွင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ မီးရှို့ရာယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှကို ပြုရကြမည်။ ၁၅ သို့ရာတွင် သင်၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည်အတိုင်း၊ သင်တို့နေရာအရပ်ရပ်၌ စားချင်သော အလိုသို့ လိုက်၍ သတ်စားရသော အခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကို စားသကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သော သူတို့သည် အတူစားရကြမည်။ ၁၆ သို့ရာတွင် အသွေးကို မစားရ။ ရေကို သွန်သကဲ့သို့ မြေပေါ်မှာ သွန်ရမည်။


ပူဇော်သက္ကာများကို ကိုယ့်နေရာ၌ မစားရ

၁၇ စပါး၊ စပျစ်ရည်၊ ဆီ၊ ဆယ်ဘို့တွင် ပူဇော်သော တစ်ဘို့၊ သိုးနွားတွင် အဦးဖွားသော သားငယ်၊ သစ္စာဂတိနှင့် ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ တစ်စုံတခုကိုမျှ၊ သင်တို့သည် ကိုယ်နေရာအရပ်၌ မစားရကြ။ ၁၈ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍ သားသမီး၊ ​ကျွန်ယောကျ်ား မိန်းမ၊ တည်းခိုသော လေဝိသားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည်။ ၁၉ မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး၊ လေဝိသားတို့ကို မမေ့လျော့မည် အကြောင်း သတိပြုကြလော့၊


ကိုယ်နေရာ၌ အသားကို စားခွင့်ရှိ၏

၂၀ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည်အတိုင်း၊ သင်၏ နေရာပြည်ကို ကျယ်စေတော်မူ သောအခါ၊ သင်သည် အမဲသားကို စားချင်သော စိတ်ရှိ၍၊ အမဲသားကို ငါစားမည်၊ ဟုဆိုလျှင်၊ စားချင်တိုင်း စားရသော အခွင့်ရှိ၏။ ၂၁ သင်၏ ဘုရားသခင် ထာဝရဘုရားသည် နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရား ပေးတော်မူသော သိုးနွားကို၊ ငါမှာ ထားသည်အတိုင်း သတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်း စားရသော အခွင့်ရှိ၏။ ၂၂ သမင်၊ ဒရယ်ကို စားသကဲ့သို့ စားရမည်၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍ စားရသောအခွင့် ရှိကြ၏။


အသွေးမစားရ

၂၃ သို့ရာတွင်၊ အသွေးကို မစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌ တည်၏။ အသားနှင့်တကွ အသက်ကို မစားရ။ ၂၄ ထို့ကြောင့် အသွေးကို မစားရ၊ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာ သွန်ရမည်။ ၂၅ သင်သည် ထာဝရဘုရား နှစ်သက်တော်မူဘွယ်သော အမှုကိုပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ အသွေးကို ရှောင်ရမည်။ ၂၆ သင်၌ သန့်ရှင်းသော ပူဇော်သက္ကာ၊ သစ္စာဂတိအတိုင်း ပြုသော ပူဇော်သက္ကာ တို့ကိုယူ၍၊ ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့သွားရမည်၊ ၂၇ အသားနှင့် အသွေးကို ရောနှော၍၊ မီးရှို့ရာယဇ်တို့ကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကို စားရမည်။ ၂၈ သင်၏ ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူ ဘွယ်သော အမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေး အစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာ ထားသမျှသော ဤစကားတို့ကို စေ့စေ့ နားထောင်၍ စောင့်ရှောက်လော့။


အခြားလူမျိုးများ၏ ဘုရားများအကြောင်း မမေးမြန်းရ

၂၉ သင်သွား၍ ဝင်စားလတံ့သော ပြည်၌ ရှိသော လူမျိုးတို့ကို၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာ ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ ပြည်၌ သင်သည် ဝင်၍ နေသောအခါ၊ ၃၀ သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက်၊ သူတို့ အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည် အကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်၊ ဟုသူတို့ ဘုရားဝတ်ကို မမေးမြန်းမည် အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုလော့။ ၃၁ သူတို့ပြု သကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားအား သင်မပြုရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှတို့ကို သူတို့၏ ဘုရား၌ ပြုကြပြီ။ ကိုယ်သားသမီးကိုပင် သူတို့ဘုရားအား ဝတ်ပြု၍ မီးရှို့ကြပြီ။ ၃၂ ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်လော့၊ ထပ်၍ မပိုရ၊ နှုတ်၍ မလျော့စေရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.