-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁၄


ခွါကွဲ၍ စားမြုံ့ပြန်သော အသားသာ စားရမည်
CROSS REFERENCES






သင်တို့သည် သင်တို့ ဘုရားသခင် ထာဝရဘုရား၏သား ဖြစ်ကြ၏။ သေသောသူအတွက် အသားကို မခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကို မရိတ်ရ။ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအဖို့၊ သန့်ရှင်းသော လူမျိုးဖြစ်ကြ၏။ [A] ထာဝရဘုရားသည် မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက်၊ ကိုယ်တော် ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။ စက်ဆုပ် ရွံရှာဘွယ်သော အရာကို သင်တို့မစားရ၊ စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊ သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရ အစရှိသော၊ ခွာကွဲပြား၍ စားမြုံ့ပြန်သော သားများကို စားရသော အခွင့်ရှိ၏။


စားမြုံ့မပြန်၊ ခွါမကွဲ၊ အယပ်အကြေးမရှိသော သားများမစားရ

သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသော သားတို့တွင် မစားရသောသား ဟူမူကား၊ ကုလားအုပ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။ ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြုံ မပြန်သောကြောင့်၊ သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ ရေ၌ နေသော တိရစ္ဆာန်တကာတို့တွင် အယပ်နှင့် အ​ကြေးရှိသော တိရစ္ဆာန်ကိုသာစားရ၏။ ၁၀ အယပ်နှင့်အ​ကြေးမရှိသော တိရစ္ဆာန်ကိုမစားရ။ သင်တို့၌ မစင်ကြယ်။ ၁၁ စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသောအခွင့်ရှိ၏။ ၁၂ မစားရသော ငှက်ဟူမူကား၊ လင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊ ၁၃ ဒါဟ၊ စွန်၊ ၁၄ လင်းတကြမ်းမျိုး၊ ၁၅ ကျီးမျိုးရှိသမျှ၊ ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊ ၁၆ ဇိကွက်၊ ဣဗိတ်၊ ငှက်ကျား၊ ၁၇ ဝံပို၊ ဝံလို၊ ကြိုးကြာ၊ ၁၈ တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊ ၁၉ အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန် ရှိသမျှတို့သည်၊ သင်တို့၌ မစင်ကြယ်သည် ဖြစ်၍ အသားကို မစားရ။ ၂၀ စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။ ၂၁ အလိုလို သေသော အကောင်ကိုမစားရ။ သင်တို့၌ တည်းခိုသော တပါးအမျိုးသား စားစရာဖို့ ပေးရမည်။ သို့မဟုတ် တစ်​ကျွန်း တနိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသော လူမျိုးဖြစ်ကြ၏။ ဆိတ်သူငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။


ဆယ်ဘို့တစ်ဘို့ ပတ်သက်၍
CROSS REFERENCES






၂၂ လယ်ယာ၌ တစ်နှစ်တစ်နှစ်တွင် သိမ်းရသော အသီးအနှံ ဆယ်ဘို့တစ်ဘို့ကို အမှန်ခွဲထားရမည်။ ၂၃ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်၌စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဖွားသော သားငယ်၊ ဆယ်ဘို့တစ်ဘို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို အစဉ် ကြောက် ရွံ့ရမည်အကြောင်း၊ [A] သင်ရကြလိမ့်မည်။ ၂၄ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောအခါ၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း၍ ခရီးရှည်လျားသဖြင့်၊ ဥစ္စာ ဆယ်ဘို့တစ်ဘို့ကို ဆောင်၍ မသွားနိုင်လျှင်၊ ၂၅ ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကို ကိုင်လျက်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊ ၂၆ စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည် အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်မှာ၊ အိမ်သူ အိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုကြရမည်။ ၂၇ သို့ရာတွင်၊ သင်တို့၌ တည်းခိုသော လေဝိသားဟူမူကား၊ သင်တို့နှင့် ရော၍၊ အဘို့မရှိ၊ အမွေကို မခံရသောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊ ၂၈ တတိယနှစ်တွင် သိမ်းသော အသီးအနှံ ဆယ်ဘို့တစ်ဘို့ ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။ ၂၉ သင်တို့နှင့်ရော၍ အဘို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ ရှိသော တပါးအမျိုးသား၊ မိဘမရှိသော သူငယ်၊ မုဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ပြုလေရာ၌ ကောင်းကြီး ပေးတော်မူမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.