-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၂၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၂၇


ဧဗလတောင်ပေါ်မှာ ကျောက်ကို ထူထောင်ရမည်
CROSS REFERENCES






တဖန်မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကို မှာထားသည်ကား၊ ယနေ့ ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြလော့။ သင်သည် ယော်ဒန်မြစ်ကိုကူး၍၊ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ရောက်သောအခါ၊ ကြီးသောကျောက်တို့ကို ထူထောင်၍ အင်္ဂတေနှင့် မွမ်းမံရမည်။ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော် ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည် [A] သို့ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။ ယော်ဒန်မြစ်ကို ကူးပြီးမှ၊ ယနေ့ ငါမှာထားသော ကျောက်တို့ကို၊ ဧဗလတောင်ပေါ်မှာ ထူထောင်၍ အင်္ဂတေနှင့် မွမ်းမံရမည်။ ထိုအရပ်၌လည်း သင်၏ ဘုရားသခင် ထာဝရဘုရား အဖို့၊ ယဇ်ပလ္လင်ကို ကျောက်နှင့် တည်ရမည်။ သံတန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သော ကျောက်တို့နှင့် တည်ရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။ မိဿဟာယ ယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ်တွင် စားသောက်လျက် ရှေ့တော်၌ ပျော်မွေ့ခြင်းကို ပြုရမည်။ ထိုကျောက်ပေါ်မှာ ဤတရား စကားတော် အလုံးစုံတို့ကို သေချာစွာ ရေးထားရမည်၊ ဟုပြောဆိုကြ၏။


မောရှေနှင့် ယဇ်ပုရောဟိတ်တို့က ဘုရားစကားနားထောင်ဖို့ပြော

တဖန်မောရှေနှင့် ယဇ်ပုရောဟိတ်များ၊ လေဝိသားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့် နားထောင်လော့။ ယနေ့ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ လူမျိုး ဖြစ်လေပြီ။ ၁၀ သို့ဖြစ်၍၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ရမည်။ ယနေ့ ငါတို့ဆင့်ဆိုသော စီရင် ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်၊ ဟုဣသရေလ အမျိုးသား အပေါင်းတို့အား ပြောဆိုကြ၏။


ဂေရဇိမ်တောင်ပေါ်မှ မင်္ဂလာ၊ ဧဗလတောင်ပေါ်မှ အမင်္ဂလာ ကျိန်ရမည်

၁၁ တဖန် မောရှေသည် ထိုနေ့၌ လူများတို့ကို မှာထားသည်မှာ၊ ၁၂ သင်တို့သည် ယော်ဒန်မြစ်ကို ကူးသောနောက်၊ လူများတို့အား ကောင်းကြီး ပေးခြင်းအလိုငှာ၊ ဂေရဇိမ်တောင်ပေါ်မှာ ရပ်ရသောသူ ဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။ ၁၃ ကျိန်ခြင်းအလိုငှာ၊ ဧဗလ တောင်ပေါ်မှာ ရပ်ရသောသူ ဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။ ၁၄ ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလ အမျိုးသား အပေါင်းတို့အား ဟစ်ကြော်ရသော စကားဟူမူကား၊ ၁၅ ထာဝရဘုရား စက်ဆုပ်ရွံရှာသော အရာ၊ လက်သမားလက်နှင့် ထုလုပ်သောရုပ်တု၊ သွန်းသောဆင်းတုကို လုပ်၍ မထင်ရှားသော အရပ်၌ ထားသောသူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၁၆ မိဘကို မထီမဲ့မြင် ပြုသောသူသည် အမင်္ဂလာရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၁၇ အိမ်နီးချင်း၏ မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၁၈ မျက်စိမမြင်သောသူကို လမ်းလွှဲစေသောသူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၁၉ တရားတွေ့ခြင်းအမှုမှာ တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမကို မတရားသဖြင့်အရှုံး ပေးသောသူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၂၀ အဘနှင့်သာ ဆိုင်သော အဘ၏မယားနှင့် ပေါင်းဖော်သော သူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၂၁ တိရစ္ဆာန် တစ်စုံတမျိုးနှင့် ပေါင်းဖော်သော သူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၂၂ အဘ၏သမီး၊ အမိ၏သမီး တည်းဟူသော မိမိအစ်မနှမနှင့် ပေါင်းဖော်သော သူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၂၃ မယား၏ အမိနှင့် ပေါင်းဖော်သော သူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၂၄ အိမ်နီးချင်းကို မထင်မရှား ရိုက်သောသူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၂၅ အပြစ်မရှိသောသူ၏ အသက်ကို သတ်ခြင်းငှာ အခကို ယူသောသူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ ၂၆ ဤပညတ်တရား စကားတို့ကို အမြဲမကျင့်သောသူသည် အမင်္ဂလာ ရှိစေသတည်း [B]၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.