-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၃

ဗာရှန်ရှင်ဘုရင်ဩဃ

ထိုအခါ ငါတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင် ဩဃသည်လည်း မိမိလူအပေါင်း တို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှာ ချီလာ၏။ ထာဝရဘုရား ကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူ အပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်း ပြုရမည်၊ ဟုငါ့အား မိန့်တော်မူ၏။ ထိုသို့ ငါတို့ ဘုရားသခင် ထာဝရဘုရားသည်၊ ဗာရှန် ရှင်ဘုရင်ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌ အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်းစေခြင်းငှာ၊ လုပ်ကြံကြ၏။ ထိုအခါ ငါတို့သည် မြို့​ခြောက်ဆယ်နှင့် ပြည့်စုံသော အာဂေါတတိုင်း၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း၏ နိုင်ငံကို၊ တစ်မြို့မျှ မကြွင်းစေခြင်းငှာ တိုက်ယူကြ၏။ ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သောမြို့ ဖြစ်သတည်း။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်း ဖျက်ဆီးကြ၏။ ဟေရှဘုန်ရှင် ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကို သုတ်သင်ပယ်ရှင်းကြ၏။ တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများ ရှိသမျှတို့ကို ကိုယ်ဖို့ သိမ်းယူကြ၏။ ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန် တောင်တိုင်အောင်၊ ယော်ဒန် မြစ်အရှေ့ဘက်၌ ရှိသောမြေကို ငါတို့သည် သိမ်းယူကြ၏။ ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍၎င်း၊ အာမောရိလူတို့သည် ရှနိရဟူ၍၎င်း ခေါ်ဝေါ်ကြ၏။ ၁၀ ချိုင့်၌ ရှိသမျှသော မြို့တို့နှင့် ဂိလဒ် ပြည်တလျှောက်လုံး ဩဃမင်း၏ နိုင်ငံအဝင်၊ သာလကမြို့၊ ဧ​ဒြမြို့တိုင်အောင် ဗာရှန် ပြည်တလျှောက်လုံးကို သိမ်းယူကြ၏။ ၁၁ အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃ တစ်ယောက်တည်းသာ ကျန်ကြွင်း၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေးတောင် ရှိသောသူ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်၌ ရှိသည် မဟုတ်လော။ ၁၂ ထိုအခါ ငါတို့သိမ်းယူသော မြေကို၊ အာနုန်မြစ်နားတွင် ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင် တဝက်တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အား ငါပေး၏။ ၁၃ ဂိလဒ်တောင် တဝက်နှင့် ဩဃမင်း အစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း၊ ဗာရှန်ပြည် တပြည်လုံးကို မနာရှေ အမျိုးသား တဝက်အား ငါပေး၏။ ၁၄ မနာရှေ အမျိုးသား ယာဣရသည်၊ အာဂေါဘတိုင်း တစ်တိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိ သိမ်းယူပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကို လိုက်၍ ဗာရှန်ဟာဝုတ် ယာဣရပြည်၊ ဟုသမုတ်လေ၏။ ၁၅ ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အား ငါပေး၏။ ၁၆ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သော မြေနှင့်တကွ၊ အမ္မုန်ပြည်အပိုင်း အခြားဖြစ်သော ယဗ္ဗုတ် မြစ်တိုင်အောင် မြေတလျှောက်လုံးကို၎င်း၊ ၁၇ လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက်အရပ်မှ လွင်ပြင်နှင့် ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ် ပိသဂါမြို့ တိုင်အောင်၊ မြေတလျှောက်လုံးကို၎င်း ငါပေး၏။ ၁၈ ထိုအခါငါက၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဤမြေကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သောသူ အပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသားတို့ရှေ့မှာ ကူးသွားရကြမည်။ ၁၉ ထာဝရဘုရားသည် သင်တို့အား ချမ်းသာ ပေးတော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမှီ တိုင်အောင်၎င်း၊ ယော်ဒန်မြစ် တဘက်၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မြေကို သူတို့သည် မသိမ်းမယူမှီ တိုင်အောင်၎င်း၊ သင်တို့မယား၊ သားသူငယ်များ၊ တိရစ္ဆာန်များတို့သည် ငါပေးသော မြို့တို့၌ နေရကြမည်။ ၂၀ သင်တို့တွင် တိရစ္ဆာန် များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှ ငါပေးနှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သော မြေသို့ပြန်လာရကြမည်၊ ဟုသင်တို့အား ငါမှာထား၏။ ၂၁ ထိုအခါ ယောရှုကိုလည်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဤရှင်နှစ်ပါး၌ ပြုတော်မူသောအမှု အလုံးစုံကို သင်သည် ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသော တိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။ ၂၂ ထိုသူတို့ကို မကြောက်နှင့်။ ငါ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ စစ်ကူတော်မူမည်၊ ဟုငါမှာထားလေ၏။



မောရှေခါနန်ပြည်ဝင်ခွင့်မပေး

၂၃ ထိုအခါ ထာဝရဘုရားကို ငါတောင်းပန်သည်ကား၊ ၂၄ အိုအရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်​ကျွန်အား တန်ခိုးအား နုဖေါ်တော်ကို၎င်း၊ အားကြီးသော လက်တော်ကို၎င်း ပြစပြုတော်မူပြီ။ ကိုယ်တော်စီရင်၍ တန်ခိုးတော်ကို ပြသည်အတိုင်း၊ ကောင်းကင် မြေကြီးပေါ်မှာ အဘယ်မည်သော ဘုရားပြုနိုင်ပါသနည်း။ ၂၅ အ​ကျွန်ုပ်သည် ယော်ဒန်မြစ် တဘက်သို့ကူး၍၊ ထိုကောင်းမွန်သော ပြည်နှင့် လေဗနုန်တောင်မှစ၍ တင့်တယ်သော တောင်များကို မြင်ရမည်အ ကြောင်း အခွင့်ပေးတော်မူပါ၊ ဟုတောင်းပန်သော်လည်း၊ ၂၆ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်ထွက် တော်မူသောကြောင့်၊ ငါ့စကားကို နားထောင်တော်မမူ။ ထာဝရဘုရား ကလည်း၊ တန်တော့၊ ဤအမှုနှင့် ဆိုင်သော စကားကို နောက်တဖန် မလျှောက်နှင့်။ ၂၇ ပိသဂါ တောင်ထိပ်ပေါ်သို့ တက်ပြီးလျှင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာသို့ မျှော်၍ ထိုပြည်ကို ကြည့်ရှုလော့။ ယော်ဒန်မြစ်ကို မကူးရ။ ၂၈ သို့ရာတွင် ယောရှုကိုမှာခဲ့၍ အားပေးလော့၊ မစ ထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာ သွား၍၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်၊ ဟုငါ့အားမိန့်တော်မူ၏။ ၂၉ ထိုသို့ငါတို့သည် ဗက်ပေဂုရမြို့ တဘက်၌ ရှိသောချိုင့်တွင် နေရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.