-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁၃


ပရောဖက်ပြုသောသူ အိပ်မက်မြင်သောသူ သတ်ရမည်
CROSS REFERENCES






သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊ သင်တို့မသိသော အခြားတစ်ပါးသော ဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့၊ ဟုပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုကို ပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း၊ ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သော သူတို့၏ စကားကို နားမထောင်ရ၊ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ချစ်သည် မချစ်သည်ကို၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သော စိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ [A] စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲ ကြရမည်။ ​ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို ကယ်နှုတ် ဆောင်ယူခဲ့တော်မူသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွှဲစေခြင်းငှာ၎င်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ လိုက်စရာဖို့ မှာထားတော်မူသော လမ်းမှ ထွက်စေခြင်းငှာ၎င်း ဟောပြောသောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူတို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။


အခြားဘုရား ကိုးကွယ်ဖို့ သွေးဆောင်သူ သတ်ရမည်

သင်၏ ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ရင်ခွင်၌ နေသောမယား၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်း တစ်စုံတစ်ယောက်က၊ သွားကြစို့၊ သင်လည်းမသိ၊ ဘိုးဘေးတို့လည်း မသိသော အခြားတစ်ပါးသော ဘုရား၊ သင့်ပတ်လည် အနီးအဝေး၌ နေသောသူ၊ မြေကြီးစွန်း တဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ်သော ဘုရားကို ဝတ်ပြုကြစို့၊ ဟုတိတ်ဆိတ်စွာ သွေးဆောင်လျှင်၊ သင်သည်ဝန်မခံရ။ သူ၏စကားကို နားမထောင်ရ။ သူ့ကို မြင်သောအခါ မသနားရ။ နှမြောသဖြင့် ဖွက်၍ မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်၊ သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ၁၀ ​ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နှုတ်ဆောင်တော်မူသော သင်၏ ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွှဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့် ပစ်၍ အသေသတ်ရကြမည်။ ၁၁ ထိုသိတင်းကို ဣသရေလ အမျိုးသား အပေါင်းတို့သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တဖန် မပြုဝံ့ဘဲ နေကြလိမ့်မည်။


အခြားဘုရား ကိုးကွယ်သောမြို့ကို ရှင်းရှင်းဖျက်ဆီးရမည်

၁၂ အဓမ္မလူတို့သည် သင်တို့အထဲက ထွက်၍၊ သင်တို့မသိသော၊ ၁၃ အခြားတစ်ပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကြစို့၊ ဟုပြောဆိုလျက်၊ သူတို့မြို့သူ မြို့သားတို့ကို သွေးဆောင်ကြောင်းကို၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်နေစရာဖို့ ပေးတော်မူသော မြို့တစ်စုံတစ်မြို့၌ သင်သည် သတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့ မေးမြန်းစစ်ကြောရမည်၊ ၁၄ သတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန်မှန်၍၊ ထိုသို့သော စက်ဆုပ်ဘွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊ ၁၅ ထိုမြို့သူ မြို့သားတို့ကို ဓားနှင့် လုပ်ကြံရမည်။ မြို့မှစ၍ မြို့၌ရှိသော လူနှင့်တိရစ္ဆာန် အပေါင်းတို့ကို ဓားနှင့် ရှင်းရှင်း ဖျက်ဆီးရမည်။ ၁၆ လုယူရာ ဥစ္စာရှိသမျှကို မြို့လမ်းမ အလယ်၌ စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာ ဥစ္စာရှိသမျှကို သင်၏ ဘုရားသခင် ထာဝရဘုရားအဖို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တဖန် မတည်ဆောက်ရ။ ၁၇ ထာဝရဘုရားသည် အမျက်တော်အရှိန်ကို ငြိမ်းစေ၍၊ သင်၏ ဘိုးဘေးတို့အား ဂတိတော်ရှိသည်အတိုင်း၊ သင့်ကို ကယ်မ သနားတော်မူသဖြင့် များပြား စေတော်မူမည်အကြောင်း၊ ကျိန်အပ်သော ဥစ္စာ တစ်စုံတခုကိုမျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။ ၁၈ ယနေ့ငါမှာ ထားသည်အတိုင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ ပညတ်တော် အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ ဘုရားသခင် ထာဝရဘုရား နှစ်သက်တော်မူဘွယ် ပြုသောအခါ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.