-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁၉


လူသတ်မိသောသူများ ခိုလှူံရာမြို့များ

သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်၌ နေသော လူမျိုးတို့ကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌ နေသောအခါ၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် အပိုင်ပေး တော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထားရမည်။ လူ့အသက်ကို သတ်မိသော သူအပေါင်းတို့သည်၊ ထိုမြို့သို့ ပြေးနိုင်မည် အကြောင်း၊ သင့်အမွေခံစရာဖို့ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်ကို သုံးပိုင်းပိုင်း၍၊ လမ်းခရီးလည်း ပြင်ဆင်ရမည်။ လူ့အသက်ကို သတ်မိ၍၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ၊ ထိုမြို့သို့ ပြေးရသောသူ၏ အမှုဟူကား၊ လူသည် ထင်းခုတ်ခြင်းငှာ အဖော်နှင့် တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုး​ကျွတ်၍ အဖော်ကို ထိသောကြောင့်၊ မိမိ အဖော်သေအောင် ပြုမိသောသူနှင့် တူ၍၊ ရန်ငြိုးဖွဲ့ခြင်း မရှိဘဲ မိမိအဖော်ကို အမှတ်တမဲ့ သတ်မိသောသူသည်၊ ထိုမြို့ တစ်စုံတစ်မြို့သို့ ပြေး၍ အသက်ချမ်းသာ ရလိမ့်မည်။ သို့မဟုတ် သေစား သေစေသောသူသည် စိတ်မာန် ထစဉ်အခါ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသောကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဖော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။ ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်၊ ဟုငါမှာထား၏။ ယနေ့ ငါမှာထားသမျှသော ဤပညတ်တော်တို့ကို ကျင့်စောင့်၍၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့ လိုက်လျှင်၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အား ပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှကို သင့်အား ပေးတော်မူ၍၊ သင်၏ ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်း စေတော်မူလျှင်၎င်း၊ ၁၀ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသော ပြည်၌ အသေ မခံထိုက်သောသူသည် အသေခံ ၍ လူ့အသက်ကို သတ်သောအပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့ မှတပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ ခွဲထားရမည်။


အညှိုးထား၍ လူသတ်သူ အမှန်အသတ်ခံရမည်

၁၁ တနည်းကား၊ မိမိအဖော်ကို ရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍၊ သေအောင် တိုက်သောသူသည် ထိုမြို့ တစ်စုံတစ်မြို့သို့ ပြေး၍ ရောက်သော်လည်း၊ ၁၂ သူ့နေရာမြို့ ၌ အသက်ကြီးသူတို့သည် လူကိုစေလွှတ်၍ ထိုသူကို ဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစား သေစေသော သူ၏ လက်၌ အပ်လိုက်ရကြမည်။ ၁၃ သင်၏ မျက်စိသည် သူ့ကို မသနားရ။ သင်သည် ချမ်းသာရမည် အကြောင်း၊ လူအသက်သတ်ခြင်း အပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှင်းရမည်။


သက်သေခံ နှစ်ဦးသုံးဦး ရှိရမည်

၁၄ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသော ပြည်မှာ အမွေခံရာမြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီးချင်း၏ မြေမှတ်တိုင်ကို မရွှေ့ရ။ ၁၅ လူသည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံ တစ်ဦးတည်းရှိလျှင် သူ၏ စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦးအားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။ ၁၆ မမှန်သော သက်သေခံ တစ်ယောက်သည်၊ သူတပါး တဘက်၌ မမှန်သော သက်သေကို ခံလျှင်၊ ၁၇ တရားတွေ့သောသူ နှစ်ယောက်တို့သည် ထာဝရဘုရား ရှေ့တော်သို့၎င်း၊ ထိုကာလ၌ ရှိသော ယဇ်ပုရောဟိတ်၊ တရားသူကြီး ရှေ့သို့၎င်း လာသဖြင့်၊ ၁၈ တရားသူကြီးတို့သည် စေ့စေ့စစ်ကြော၍ ထိုသက်သေခံ သောသူသည် မိမိအဖော် တဘက်၌ မမှန်သော သက်သေကို ခံပြီးလျှင်၊ ၁၉ မိမိအဖော်၌ ပြုမည်၊ ဟုအကြံရှိသည် အတိုင်းသူ၌ ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ ပယ်ရှားရမည်။ ၂၀ ကြွင်းသော သူတို့သည်လည်း ထိုသတင်းကို ကြား၍ ကြောက်သောကြောင့်၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲ နေကြလိမ့်မည်။ ၂၁ သင်၏မျက်စိသည် မသနားရ။ အသက်အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ​ခြေအတွက် ခြေကို၎င်း ဒဏ်ပေးရမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.