-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၂၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၂၉


မောရှေက ထာ၀ရဘုရား ပြုခဲ့သော အရာများပြန်ပြော
CROSS REFERENCES






ဤရွေ့ကား၊ ဟောရပ်အရပ်၌ ထာဝရဘုရားသည် ဣသရေလ အမျိုးနှင့် ပြုတော်မူသော ပဋိညာဉ် မှတပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ်ပြုစေခြင်းငှာ၊ ထာဝရဘုရား မှာထားတော်မူသော ပဋိညာဉ် စကားတော်ဖြစ်သတည်း။ တဖန် မောရှေသည် ဣသရေလ အမျိုးသား အပေါင်းတို့ကို ခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည်မှာ ဖာရောဘုရင်၌၎င်း၊ သူ၏ ကျွန်အပေါင်းတို့၌၎င်း၊ သူ၏ ပြည်တလျှောက်လုံး၌၎င်း၊ သင်တို့ မျက်မှောက်တွင် ပြုတော်မူသမျှ တည်းဟူသော၊ ကိုယ်မျက်စိနှင့် မြင်သော အလွန်ကြီးစွာသော စုံစမ်းခြင်းအမှု၊ အလွန်ကြီးသော နိမိတ်လက္ခဏာ၊ ထူးဆန်းသော တန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။ သို့သော်လည်း နားလည်နိုင်သော နှလုံး၊ မြင်နိုင်သော မျက်စိ၊ ကြားနိုင်သော နားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး။ [A] အနှစ် လေးဆယ်ပတ်လုံး သင်တို့ကို တော၌ ငါပို့ဆောင်တော်မူပြီ။ သင်တို့အဝတ်သည် မဟောင်းမနွမ်း၊ သင်တို့စီးသော ​ခြေနင်းလည်း မပျက်။ သင်တို့သည် မုန့်ကိုမစား၊ စပျစ်ရည်နှင့် သေရည်သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် သင်တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိရ၏။ သင်တို့သည် ဤအရပ်သို့ ရောက်သောအခါ၊ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်၊ ဗာရှန်ရှင်ဘုရင် ဩဃတို့သည် ငါတို့ကို စစ်တိုက်ခြင်းငှာ ထွက်လာသဖြင့်၊ ငါတို့သည် သူတို့ကို လုပ်ကြံ၍၊ သူတို့ပြည်ကို သိမ်းယူပြီးမှ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်၌ ပေးလေ၏။ သို့ဖြစ်၍ သင်တို့ပြုလေရာရာ၌ အောင်နိုင်မည်အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက်၍ ကျင့်ကြလော့။


ပဋိညာဉ်သည် သင်နှင့်သာမက ယနေ့မပါသောသူတို့နှင့်လည်းပြု

၁၀ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်းငှာ၎င်း၊ ၁၁ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ ခန့်ထားတော်မူစေခြင်းငှာ၎င်း၊ ၁၂ အထက်က မိန့်တော်မူ၍၊ သင်၏ အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသည် အတိုင်း၊ သင်၏ ဘုရားသခင် ဖြစ်တော်မူစေခြင်းငှာ၎င်း၊ ၁၃ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလ အမျိုး ယောကျ်ား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သော သူမှစ၍ တပ်၌ ရှိသမျှသောသူတို့သည်၊ သင်တို့ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ယနေ့ ရပ်နေကြ၏။ ၁၄ ထိုမှတပါး ဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့် ငါပြုသည်သာမက၊ ၁၅ ငါတို့ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ယနေ့ရပ်နေသော သူတို့နှင့်၎င်း၊ ငါတို့တွင် ယနေ့မပါသော သူတို့နှင့်၎င်း ငါပြု၏။


အခြားဘုရား ကိုးကွယ်၍ ထာ၀ရဘုရားကို စွန့်သောကြောင့်
CROSS REFERENCES






၁၆ သင်တို့သည် အဲဂုတ္တုပြည်၌ ပေါင်းဖော်သောသူ၊ ခရီးသွား၍ လမ်း၌ တွေ့ကြုံသော လူမျိုးတို့ကို သင်တို့သိကြ၏။ ၁၇ သူတို့၌ရှိသော စက်ဆုပ် ရွံရှာဘွယ်သော သစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို မြင်ကြပြီ။ ၁၈ ငါတို့ ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရားများထံသို့ သွား၍ ဝတ်ပြုသော ယောက်ျား၊ မိန်းမ၊ အဆွေအမျိုး တစ်စုံတစ်ယောက်သည် သင်တို့တွင် ပါမည်ဟူ၍၎င်း၊ ခါးစွာသော အသီး၊ ဒေါနကို သီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟူ၍၎င်း၊ ၁၉ ထိုသို့သောသူသည် ဤကျိန်ခြင်း စကားကို ကြားသောအခါ၊ စိတ်ခိုင်မာ သည်အတိုင်း၊ ငါကျင့်၍ ရေငတ်ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်၊ ဟုစိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းကြီး ပေးတော်မူမည် ဟူ၍၎င်း၊ စိုးရိမ်စရာရှိ၏။ ၂၀ ထိုသူကို ထာဝရဘုရား နှမြောတော်မမူ။ အပြစ်ရှိသည်၊ ဟုထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုးထွက်၍ ဤကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင် အောက်၌ ချေတော်မူလိမ့်မည်။ ၂၁ ဤပညတ္တိကျမ်းစာ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာ ရှိသမျှ တို့နှင့်အညီ၊ ထိုသူကို ဣသရေလ အမျိုးအနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရား နှုတ်၍ အပြစ်ပေးဖို့ရာ ခွဲထားတော်မူလိမ့်မည်။ ၂၂ သူ့နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ်တော်မူသော၊ ၂၃ အနာရောဂါ ဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရားသည် ဒေါသ အမျက်တော်ထွက်၍၊ မှောက်လှန် တော်မူသော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ ပြိုပျက်ရာကဲ့သို့၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်းလောင်သော ဆားသက်သက်ဖြစ်၍၊ [B] မျိုးစေ့မကြဲ၊ အသီးအနှံမသီး၊ မြက်ပင်မပေါက် ကြောင်းကို၎င်း၊ သင်တို့နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသောအရပ်မှ လာသော တပါးအမျိုးသား တို့သည် မြင်ကြသောအခါ၊ ၂၄ ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော် အရှိန်ကား၊ အဘယ်သို့နည်း၊ ဟုလူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊ ၂၅ သူတပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်၎င်း၊ ၂၆ အထက်က သူတို့မသိ၊ သူတို့အား အဘယ်အရာကိုမျှ မပေးသော အခြားတစ်ပါးသော ဘုရားတို့အား ဝတ်ပြု ကိုးကွယ်ကြသောကြောင့်၎င်း၊ ၂၇ ဤမည်သော ကျမ်းစာ၌ ရေးထားသော အမင်္ဂလာ ရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝရဘုရားသည် အမျက်တော် ထွက်သဖြင့်၊ ၂၈ ပြင်းစွာသော ဒေါသ အမျက်အရှိန် အားကြီးလျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ်၍၊ ယနေ့တိုင်အောင် အခြားတစ်ပါးသော ပြည်သို့ နှင်ထုတ်တော်မူသည်၊ ဟုပြန်ပြောကြလိမ့်မည်။


မထင်ရှားသောအရာသည် ဘုရား၏ အငန်းတာ

၂၉ မထင်ရှားသောအရာတို့သည် ငါတို့ ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာ ဖြစ်ကြ၏။ ဖော်ပြတော်မူသော အရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့ သားသမီးများတို့၏ အငန်းအတာဖြစ်၍၊ ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်ရမည် အကြောင်းတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.