-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၂၅


ဒဏ်ချက် လေးဆယ်ထက် ပိုမရိုက်ရ

လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရား တွေ့ကြသောအခါ၊ ​ဖြောင့်မတ်သောသူကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံစေခြင်းငှာ၎င်း စီရင်ရမည်။ ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကိုချ၍၊ အပြစ်နှင့်အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။ သို့သော်လည်း ဒဏ်ချက် လေးဆယ်ထက် မလွန်စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏ အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိမည်၊ ဟုစိုးရိမ်စရာရှိ၏။ စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။


အစ်ကိုသေလျှင် မရီးကို ညီကယူရမည်

အတူနေသော ညီအစ်ကိုတို့တွင်၊ တစ်စုံတစ်ယောက်သော သူသည် သားမရှိဘဲ သေလျှင်၊ သေသောသူ၏ မယားသည် အခြားတစ်ပါးသော လူစိမ်းနှင့် စုံဘက်ခြင်းကို မပြုရ။ သူ၏ လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သော ဝတ်ကိုပြုရမည်။ ဣသရေလ အမျိုး၌ အစ်ကို အမည်ကို မပျောက်စေခြင်းငှာ၊ အဦးဖွားသော သားသည် သေသော ဘကြီး၏ အရိပ်အရာကို ခံရမည်။ ညီသည် အစ်ကို မယားကို မယူလိုလျှင်၊ မိန်းမသည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ သွား၍၊ ​ကျွန်မ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလ အမျိုး၌ မတည်စေလိုပါ၊ သူပြုအပ်သောဝတ်ကို မပြုလိုပါ၊ ဟုလျှောက်လျှင်။ မြို့၌ အသက်ကြီးသူတို့သည် ထိုသူကိုခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အ​ကျွန်ုပ် မယူလိုပါ၊ ဟုဆို၍ ခိုင်မာစွာနေလျှင်။ သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏မျက်နှာ၌ တံတွေးထွေးလျက်၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသော သူ၌ ဤသို့ပြုသင့်သည်၊ ဟုသူ့အား ပြန်ပြောရမည်။ ၁၀ နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသော အမျိုးဟူ၍ ဣသရေလ အမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။


မိန်းမလက်ဖြတ်ရမည်

၁၁ လူချင်းခိုက်ရန် ပြုကြစဉ်တွင်၊ တစ်ယောက်သောသူ၏ မယားသည် အပါးသို့ ချဉ်း၍ မိမိလင်ကို ကူညီလိုသောငှာ ခိုက်ရန်ပြုသောသူ၏ ယောကျ်ား တန်ဆာကို ကိုင်ဆွဲမိလျှင်။ ၁၂ ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏ မျက်စိသည် သူ့ကို မသနားရ။


မှန်ကန်သော အလေးခြင်စရာ တန်ဆာသုံးရမည်

၁၃ သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သော အလေး တည်းဟူသော ခြားနားသော အလေးကို မရှိစေရ။ ၁၄ သင့်အိမ်၌ ခြားနားသော ခြင်စရာ တန်ဆာ အကြီးအငယ်ကို မရှိစေရ။ ၁၅ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်၌ ၊ သင်၏ အသက်တာ ရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သော ခြင်စရာ တန်ဆာများကိုသာ သုံးရမည်။ ၁၆ အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူ အပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူ အပေါင်းတို့ကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။


အာမလက်အမျိုးကို ရှင်းရှင်းဖျက်ဆီးရမည်

၁၇ သင်သည် အဲဂုတ္တုပြည်မှ ထွက်၍ ခရီးသွားသောအခါ။ ၁၈ သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသောသူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ ဆီးကြို၍ လုပ်ကြံကြောင်းကို၎င်း၊ ဘုရားသခင်ကို မကြောက် ရွံ့ကြောင်းကို၎င်း၊ အောက်မေ့လော့။ ၁၉ သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာတို့ အပိုင် ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌ နေသော ရန်သူအပေါင်းတို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးတော်မူသောအခါ၊ အာမလက် အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင်အောက်၌ သုတ်သင် ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့မလျော့ရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.