-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၃၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၃၃


မောရှေကကောင်းကြီးပေး
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ဘုရားသခင်၏လူ မောရှေသည် မသေမှီ ဣသရေလ အမျိုးသားတို့ကို ကောင်းကြီး ပေးသော မင်္ဂလာစကားဟူမူကား၊ ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည် ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ အထောင် အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလ လူတို့အဖို့၊ လကျ်ာလက်တော်မှ ထွက်လေ၏။ အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ [A] မိမိသန့်ရှင်းသူ [B] အပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ၏။ သူတို့သည် ​ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။ ယာကုပ်အမျိုး ပရိသတ် အမွေခံရသော ဓမ္မတရားကို မောရှေသည် ငါတို့အား ထား၏။ ဣသရေလ အမျိုးမင်းများနှင့် တကွ၊ အမျိုးအနွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှုရုန် (a) [C]အမျိုး၌ ရှင်ဘုရင်ဖြစ်၏။


ရုဗင်ယုဒလေဝိအမျိုး
CROSS REFERENCES






ရုဗင်အမျိုးမသေ၊ အသက်ရှင်၍ သူ၏လူတို့သည် များပါစေသော်။ ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကားသံကို နားထောင်၍ သူ့ကို အမျိုးသားချင်းတို့ ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဖို့ တန်ပါစေသော်။ သူ့ကိုရန်သူတို့ လက်မှ ကယ်တင်တော်မူပါ။ လေဝိအမျိုးကိုကား၊ သင်၏ သုမိမ်နှင့် ဥရိမ်သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေအနားမှာ သင်ဆန့်ကျင်ဘက် ပြုသော သင်၏ သန့်ရှင်းသူ [B] ၌ ရှိပါစေသော်။ ထိုသူသည် ကိုယ်မိဘ ဖြစ်သော်လည်း ငါမတွေ့မမြင်၊ ဟုဆိုတတ်၏။ ကိုယ်ညီအစ်ကိုကိုလည်း မမှတ်တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်အကြောင်းမူကား၊ စကားတော်ကို နားထောင်၍ ပဋိညာဉ် တရားတော်ကို စောင့်ရှောက်တတ်၏။ ၁၀ သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အမျိုး၌၎င်း၊ တရားတော်ကို ဣသရေလ အမျိုး၌၎င်း သွန်သင်ကြလိမ့်မည်။ မီးရှို့ရာ နံ့သာပေါင်းကို ရှေ့တော်၌၎င်း၊ တကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော် ပေါ်၌၎င်း၊ တင်ထားကြလိမ့်မည်။ ၁၁ အိုထာဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းကြီးပေး၍ သူလုပ်ဆောင်သော အမှုကို လက်ခံတော်မူပါ။ သူ့တဘက်၌ ထ၍ သူ့ကိုမုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။


ဗင်္ယာမိန်နှင့်ယောသပ်

၁၂ ဗင်္ယာမိန်အမျိုးတို့ကား၊ ထာဝရဘုရား ချစ်တော်မူသောသူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရလိမ့်မည်။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း၍ သူ၏ ပခုံးကြားမှာ နေရာချ တော်မူလိမ့်မည်။ ၁၃ ယောသပ်အမျိုးကိုကား၊ ထိုအမျိုး နေသောပြည်သည် အထက် မိုးကောင်းကင် ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသောအရာ အားဖြင့်၎င်း၊ ၁၄ နေဖြစ်စေသော ဘဏ္ဍာ၊ လဖြစ်စေသော ဘဏ္ဍာအားဖြင့်၎င်း၊ ၁၅ အသက်ကြီးသော တောင်ထိပ်၊ မြဲမြံသော တောင်ထဲက ထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊ ၁၆ မြေကြီး ဘဏ္ဍာ စုံလင်ရာအားဖြင့်၎င်း၊ ထာဝရဘုရား ပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော်။ ချုံ၌ နေတော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲ ဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော်။ ၁၇ သူ၏ဘုန်းသည် နွားလား ဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချိုတို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင်နက် ထိုးခတ်လိမ့်မည်။ ဧဖရိမ် အမျိုးသား အသောင်းသောင်း၊ မနာရှေ အမျိုးသား အထောင်ထောင်ပေတည်း။


ဇာဗလုန်နှင့်ဂဒ်အမျိုး

၁၈ ဇာဗလုန်အမျိုးတို့ကား၊ အိုဇာဗုလုန်အမျိုး၊ ထွက်သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိတဲ၌ နေလျက် ဝမ်းမြောက်လော့။ ၁၉ ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော် ကြလိမ့်မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည်။ ၂၀ ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေသောသူသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထိုအမျိုးသည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့် ဦးထိပ်ကို ဆုတ်ဖဲ့တတ်၏။ ၂၁ ရှေ့ဦးစွာသော အဖို့ကို မိမိအဖို့ ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏ တရားမှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။


ဒန်၊ နဿလိ၊ အာရှာ
CROSS REFERENCES






၂၂ ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သူငယ်ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။ ၂၃ နဿလိ အမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေးဇူးတော်နှင့် ကြွယ်ဝ၍၊ ထာဝရဘုရား ပေးတော်မူသော မင်္ဂလာနှင့် ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။ ၂၄ အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သားသမီးကိုရ၍ မင်္ဂလာ ရှိပါစေသော်။ ညီအစ်ကိုချင်း၏ စိတ်နှင့်တွေ့ခြင်း၊ မိမိ​ခြေကိုဆီ၌ နှစ်ခြင်းရှိပါစေသော်။ ၂၅ သင်၏ တံခါး ကန့်လန့်ကျင်တို့သည် သံနှင့်​ကြေးဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏ နေ့ရက်ကာလ ဖြစ်သည်အတိုင်း သင့်အစွမ်းသတ္တိ ဖြစ်လိမ့်မည်။ ၂၆ သင့်ကို ပြုစုစေခြင်းငှာ ဘုန်းအားနုဖေါ်နှင့် ပြည့်စုံလျက်၊ မိုးကောင်းကင်ကို စီးတော်မူသော ယေရှုရုန် (a) [D]အမျိုး၏ ဘုရားသခင်နှင့် တူသောသူမရှိ။ ၂၇ ရှေ့ဦးစွာသော ဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မတော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသော အခွင့်ပေးတော်မူမည်။


ဣသရေလအမျိုး

၂၈ ဣသရေလ အမျိုးသည် ဘေးလွတ်၍ တမျိုးတည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ်ရည်နှင့် ပြည့်စုံသော ပြည်၌ နေရာကျ၍၊ မိုးနှင်းရည်လည်း စက်စက်ကျ လိမ့်မည်။ ၂၉ အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရား ကယ်တင်တော်မူသော အမျိုး၊ သင်နှင့် အဘယ်သူ တူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာသော ဒိုင်းလွှားသင့်ကို ချီးမြှောက်သော ဓားလက်နက် ဖြစ်တော်မူ၏။ သင်၏ ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏ မြင့်မြတ်သော အရပ်တို့၌ နင်းရလိမ့်မည်၊ ဟုမြွက်ဆို၏။

_________________________
Footnotes


(a) יְשֻׁרוּן֙ Yeshurun "upright one" "ယေရှုရုန်" သည် "ဖြောင့်မတ်သောသူ" ဟုအဓိပ္ပါယ်ရှိသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.