-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၂

ဧသောကိုမ နှောင့်ယှက်နှင့်

တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည့်အတိုင်း၊ ငါတို့သည်လှည့်၍၊ ပင်လယ်နီလမ်းဖြင့် တောသို့ ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာ လှည့်လည်ကြ၏။ ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။ တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။ သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသား တို့နေသော စိရပြည်အနားမှာ သင်တို့လျှောက် သွားသောအခါ၊ သူတို့သည် ကြောက်ကြ လိမ့်မည်။ ထိုကြောင့် သတိပြုကြလော့။ သူတို့ကို အလျှင်း မပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အား ငါမပေး။ ​ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးပြီ။ သင်တို့သည် စားဖို့ရာအစာကို၎င်း၊ သောက်ဖို့ ရာရေကို၎င်း သူတို့ထံငွေ နှင့်ဝယ်ရကြမည်၊ သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေး တော်မူပြီ။ ဤတောကြီး၌ သင်တို့ လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ် လေးဆယ်ပတ်လုံး သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့နှင့် အတူရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှမလို၊ ဟုဆင့်ဆိုရ၏။


မောဘကို မနှောင့်ယှက်နှင့်

စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသောအမျိုးသား တို့အနား၌ လျှောက်လျက် ဧလပ်မြို့။ ဧဇယုန်ဂါဗါမြို့မှ သွားသောလွင် ပြင်လမ်းသို့ လိုက်ပြီးလျှင်၊ တဖန်လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။ ထာဝရဘုရား ကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ယှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး။ အာရ (Ar) ပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီ၊ ဟုငါ့အားမိန့်တော်မူ၏။ ၁၀ ရှေးကာလ၌ အာနက အမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ၊ ဧမိမ် အမျိုးသားတို့သည် ထိုပြည်မှာ နေကြ၏။ ၁၁ ထိုသူတို့သည် အာနက အမျိုးသားကဲ့သို့ အလွန်ကြီးမားသော လူတို့အဝင် ဖြစ်သည်ကို လူများထင်မှတ်ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ ခေါ်ကြ၏။ ၁၂ ရှေးကာလ၌ ဟောရိ လူတို့သည်လည်း စိရပြည်မှာနေကြ၏။ ထိုသူတို့ကို ဧသော အမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌ နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဣသရေလ အမျိုးသားတို့သည် ပြုရကြသတည်း။


၃၈ နှစ်ကြာ

၁၃ ယခုထ၍ ဇေရက်ချောင်းကို ကူးကြလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။ ၁၄ ကာဒေရှ ဗာနာအရပ်သို့ အရင်ရောက်သော ကာလမှစ၍၊ ဇေရက်ချောင်းကို ကူးသော ကာလတိုင်အောင်၊ နှစ်ပေါင်း သုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည် အတိုင်း၊ အရင်စစ်သူရဲမျိုး အပေါင်းတို့သည် လူအလုံးအရင်းထဲက သေ​ကြေ ကွယ်ပျောက်ရကြ၏။ ၁၅ ထိုသူတို့ မကွယ်မပျောက်မှီ တိုင်အောင်၊ ထာဝရဘုရားသည် သူတို့ကို အလုံးအရင်းထဲက ပယ်ရှားခြင်းငှာ လက်တော်ကို ဆန့်တော်မူ၏။


အာမုန်အမျိုးသားကို မနှောင့်ယှက်နှင့်

၁၆ စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေ​ကြေကွယ်ပျောက်ပြီးမှ၊ ၁၇ ထာဝရဘုရားက၊ သင်သည် ၁၈ မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့ လျှောက်သွားရမည်။ ၁၉ အမ္မုန်အမျိုးသားတို့ အနီးသို့ ရောက်သောအခါ၊ သူတို့ကို မနှောင့်ယှက်နှင့်၊ အလျှင်းမပြုနှင့်။ အမ္မုန်အမျိုးသားနေသော ပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီ၊ ဟုငါ့အားမိန့်တော်မူ၏။ ၂၀ ထိုပြည်ကိုလည်း၊ အလွန် ကြီးမားသော သူတို့၏နေရာ ဖြစ်သည်၊ ဟုလူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သားတို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။ ၂၁ ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသောလူ ဖြစ်ကြ၏။ ၂၂ သို့သော်လည်း စိရပြည်၌ နေသော ဧသောအမျိုး သားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသော အမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြသကဲ့သို့၊ အမ္မုန်အမျိုးသားရှေ့မှာ ဇံဇုမ္မိမ်လူတို့ကို သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ၌ အမ္မုန် အမျိုးသားတို့သည် နေကြ၏။ ၂၃ ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့ တိုင်အောင် နေဖူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ် လူတို့သည် ဖျက်ဆီး၍ သူတို့နေရာ၌ နေကြ၏။


အာမောရိရှင်ဘုရင် ရှိဟုန်ကိုပေး

၂၄ သင်တို့သည်ထ၍ ခရီးသွားသဖြင့် အာနုန်မြစ်ကို ကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သောကြောင့်၊ ထိုမြေကို သိမ်းစပြု၍ ထိုမင်းကို စစ်တိုက်ကြလော့။ ၂၅ မိုးကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့သည် ယနေ့သင်တို့ကို ကြောက်ရွှံ့ ထိတ်လန့်စရှိမည် အကြောင်း ငါပြုမည်။ သင်တို့၏ သတင်းကိုကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၂၆ ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက်၊ ၂၇ မင်းကြီး၏ ပြည်အလယ်၌ ကျွန်ုပ် လျှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လကျ်ာဘက် လက်ဝဲဘက်သို့ မလွှဲပါ။ ၂၈ စိရပြည်၌ နေသော ဧသောအမျိုးသား၊ အာရပြည်၌ နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ ပြုသကဲ့သို့ ကျွန်ုပ်စားဖို့ရာ အစာကို၎င်း၊ သောက်ဖို့ရာ ရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။ ၂၉ ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့၊ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး၍၊ မရောက်မှီတိုင်အောင် မင်းကြီး ပြည်အလယ်၌ ​ခြေဖြင့်သွားရုံမျှသာ ပြုပါမည်၊ ဟုမိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊ ၃၀ ​ကျွန်ုပ်တို့ လျှောက်သွားရသော အခွင့်ကို ဟေရှဟုန်ရှင် ဘုရင်ရှိဟုန်မင်းသည် မပေး။ အကြောင်းမူကား၊ ယနေ့ထင်ရှားသည် အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့လက်၌ အပ်ခြင်းငှာ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသော နှလုံးကို သူ၌ ပေးသွင်းတော်မူ၏။ ၃၁ ထာဝရဘုရား ကလည်း၊ ရှိဟုန်မင်းနှင့် သူ၏မြေကို သင့်အား ငါပေးစပြု၏။ ထိုမြေကို အမွေခံအံ့သောငှာ၊ သိမ်းစပြုလော့၊ ဟုငါ့အားမိန့်တော်မူ၏၊ ၃၂ ထိုအခါ ရှိဟုန်မင်းသည် သူ၏ လူအပေါင်းနှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှာ ထွက်လာ၏။ ၃၃ ငါတို့ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကိုငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။ ၃၄ ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကို တစ်ယောက်မျှ မကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြ၏။ ၃၅ တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများကိုသာ ကိုယ်ဖို့ သိမ်းယူကြ၏။ ၃၆ အာနုန်မြစ်နား၌ ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တစ်မြို့မျှမရှိ။ ငါတို့ ဘုရားသခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။ ၃၇ သို့ရာတွင် အမ္မုန်အမျိုးသား နေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့် ဆိုင်သောမြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာ တစ်စုံတခုကိုမျှ မချဉ်းရကြ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.