-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၆

ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ [A] ငါပေးထားသော ပညတ်တရားတော်ရှိသမျှတို့ကို တသက်လုံး စောင့်ရှောက်မည် အကြောင်းနှင့်၊ သင်တို့၏ အသက်တာရှည် စေမည်အကြောင်း၊ သင်တို့သွား၍ ဝင်စားလတံ့သောပြည်၌ ကျင့်ဖို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရားဟူမူကား၊ အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့်ပျားရည်စီးသောပြည်၌ [B] ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ [C] သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အသက်၊(a) အစွမ်းသတ္တိ ရှိသမျှနှင့် ချစ်လော့။ [D] ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ [E] ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဖို့ရာ၎င်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရမည်။ အိမ်တံခါး၊ မြို့တံခါးတို့၌လည်း ရေးထားရမည်။


ဘုရားကိုမမေ့လျော့ဘဲ ကြောက်ရွံ့ရမည်
CROSS REFERENCES





CROSS REFERENCES






၁၀ သင်မတည်သော မြို့ကြီး မြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သော အိမ်တို့ကို၎င်း၊ ၁၁ သင်မတူးသော ရေတွင်းတို့ကို၎င်း၊ သင်မစိုက် မပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း သင့်အားပေးခြင်းငှာ၊ သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော ပြည်သို့သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက် နေရသောအခါ၊ ၁၂ ​ကျွန်ခံနေရာ အဲဂုတ္တပြည်မှ သင့်ကို ကယ်နှုတ်ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုလော့။ ၁၃ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ [F] ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကို ပြုရမည်။ ၁၄ အခြားတစ်ပါးသော ဘုရား၊ သင့်ပတ်လည်၌ နေသော လူမျိုးတို့၏ဘုရားကို မဆည်းမကပ်ရ။ ၁၅ သင်၏ဘုရားသခင် ထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား (b) [G] ဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်ကို အမျက်ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှားတော်မူမည်၊ ဟုစိုးရိမ်စရာရှိ၏။


ဘုရားကို မစုံစမ်းရ ဖြောင့်မတ်စွာကျင့်ရမည်

၁၆ သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်း မပြုရ။ ၁၇ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော သက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍ စောင့်ရှောက်ရမည်။ ၁၈ သင်သည် ချမ်းသာရခြင်းငှာ၎င်း၊ ၁၉ ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား၍ နေခြင်းငှာ၎င်း၊ ထာဝရဘုရား ရှေ့တော်၌ ​ဖြောင့်မတ် လျောက်ပတ်သော အမှုတို့ကိုပြုရမည်။


ဘုရားကြောက်ရွံ့ဖို့ သားမြေးတို့အား ပြောရမည်

၂၀ နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ဤသက်သေခံချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်း၊ ဟုမေးမြန်းလျှင်၊ ၂၁ သင်က၊ ငါတို့သည် အဲဂုတ္တပြည်၌ ဖာရောဘုရင်၏​ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်နှင့် ငါတို့ကို၊ အဲဂုတ္တပြည်မှ နှုတ်ဆောင်တော်မူ၏။ ၂၂ ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန်သော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တပြည် အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့ အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ ပြတော်မူပြီးလျှင်၊ ၂၃ ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့သွင်း၍၊ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ၏။ ၂၄ ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူးပြုတော်မူ သကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ [H] ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။ ၂၅ သို့ဖြစ်၍ ငါတို့ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ကျင့်စေခြင်းငှာ သတိပြုလျှင်၊ ​ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်၊ ဟုပြန်ပြောရမည်။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်၌ נַפְשְׁךָ֖ nap̄·šə·ḵā အသက် သို့မဟုတ် ဝိညာဉ် မပါချေ။

၁၅ (b) မြန်မာကျမ်းစာအုပ်၌ "အပြစ်ရှိသည်၊ ဟုယုံလွယ်သောဘုရား" ဟုဘာသာပြန်ထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.