-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၈


လူသည် မုန့်အားဖြင့် မဟုတ် မိန့်တော်မူသမျှအားဖြင့်

သင်သည် အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရဘုရားသည် သင်၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့သောငှာ သတိပြုရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး၊ တော၌ ပို့ဆောင်တော်မူသော လမ်းခရီး တလျှောက်လုံးကို အောက်မေ့ရမည်။ ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ် ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ ဘိုးဘေး မသိဖူးသော မန္နနှင့် ကျွေးမွေး တော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။ [A]


သင့်ကိုကောင်းမွန်သော ပြည်သို့ပို့ဆောင်
CROSS REFERENCES






လွန်ခဲ့ပြီးသော အနှစ်လေးဆယ် ပတ်လုံး သင်ဝတ်သော အဝတ်မဟောင်းမနွမ်း၊ သင့်​ခြေလည်း မပွန်းမရောင်။ အဘသည်သားကို ဆုံးမသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အား ဆုံးမတော်မူသည်ကို စိတ်ထဲမှာ အောက်မေ့ရမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် [B] ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲက ပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊ ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊ ဘာမျှမလိုဘဲ ဝစွာစားရသောပြည်၊ သံကျောက်နှင့် ပြည့်စုံ၍၊ တောင်ထဲက ​ကြေးနီကို တူးရသော ပြည်သို့ သင့်ကို ဆောင်သွားတော်မူ၏။ ၁၀ ထိုကောင်းမွန်သော ပြည်ကို ပေးသနား တော်မူသည်ဖြစ်၍၊ သင်သည် ဝစွာ စားရသောအခါ၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။


ကောင်းကြီးခံစားသောအခါ မဝါကြွားရ

၁၁ ယနေ့ ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိနှင့် ရှောင်လော့။ ၁၂ သင်သည် ဝစွာစား၍ ကောင်းသော အိမ်ကိုဆောက်လျက် နေရစဉ်၊ ၁၃ သင်၏သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုး များပြားစဉ်အခါ၊ ၁၄ သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက် ကျွန်ခံနေရာ အဲဂုတ္တပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော၊ ၁၅ မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ်ခံရာအရပ်၊ ကြောက်မက်ဖွယ်သော တောကြီးအလယ်၌ သင့်ကို ပို့ဆောင်၍၊ မီးပါ ကျောက်ထဲက ရေကို ထွက်စေတော်မူထသော၊ ၁၆ သင့်ကို နှိမ့်ချစုံစမ်း၍ နောက်ဆုံး၌ ကျေးဇူးပြုလိုသောငှာ၊ သင်၏ ဘိုးဘေးမသိဖူးသော မန္နနှင့် တော၌ ​ကျွေးမွေးတော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားကို မေ့လျော့၍၊ ၁၇ ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်၊ ဟုစိတ်ထဲမှာအောက် မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။


ဘုရားကိုစွန့်လျှင်ပျက်စီးမည်

၁၈ သင်၏ ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ် တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင် ပေးတော်မူ၏။ ၁၉ သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် မေ့လျော့သဖြင့်၊ အခြားတစ်ပါးသော ဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်၊ ဟုယနေ့ငါသည် သင့်တဘက်၌ သက်သေခံ၏။ ၂၀ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာ ဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းထူ သင်သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.