-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁၀

ပညတ်တော်ပြန်ရေးပေး

ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း၊ နောက်ကျောက်ပြားပေါ် မှာငါရေးထားဦးမည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်၊ ဟုငါ့အားမိန့်တော်မူ၏။ ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာကိုလုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကိုကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။ သင်တို့ စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော ပညတ်တော် ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်အတိုင်း၊ ထာဝရဘုရားသည် ရေးထား၍ ငါ့အားပေးတော်မူ၏။ ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကိုထား၍၊ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။ ငါသည် တောင်ပေါ်မှာ အရင်နေသော ကာလနှင့်အမျှ၊ အရက် လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကို မဖျက်ဆီးမည်အကြောင်း၊ ငါ့စကားကို နားထောင်တော်မူ၏။


စခန်းချသောအရပ်များနှင့်အာရုန်သေခြင်း (a)

ထာဝရဘုရား ကလည်း၊ ထလော့။ ဤလူမျိုးအား ပေးခြင်းငှါ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့သူတို့သည် သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့၊ ဟုငါ့အားမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် မောသရုတ်အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဇိနတောကာဒေရှ အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရတောင်၌ စခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သား ဧလာဇာသည် ဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။


လေဝိသားတို့၏မွေသည် ထာ၀ရဘုရား

၁၀ လေဝိသားတို့သည် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းစေခြင်းငှါ၎င်း၊ ရှေ့တော်၌ ရပ်၍အမှုတော်ကို ဆောင်ရွက်စေခြင်းငှါ၎င်း၊ အခွင့်တော်နှင့် ကောင်းကြီး ပေးစေခြင်းငှါ၎င်း၊ ယနေ့တိုင်အောင် ထိုသူတို့ကို ခွဲခန့်တော်မူ၏။ ၁၁ ထိုကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့်ရော၍ အဘို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ ဘုရားသခင် ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားသည် သူတို့ခံရသော အမွေဖြစ်တော်မူ၏။ [A]


စိတ်နှလုံး အရေဖျားလှီးလော့။ လည်ပင်းမခိုင်မာစေနှင့်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၂ အိုဣသရေလအမျိုး၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ [B] လမ်းတော်သို့ လိုက်သွားခြင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ [C] အမှုတော်ကို ဆောင်ရွက်ခြင်း၊ ၁၃ သင်၏ အကျိုးကိုထောက်၍ ယနေ့ ငါဆင့်ဆိုသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှု မှတပါး၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း။ ၁၄ မိုးကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာ ရှိသမျှကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရား ပိုင်တော်မူ၏။ ၁၅ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်ခင်မြတ်နိုး၍၊ [D]ယနေ့ရှိသကဲ့သို့၊ သူတို့ အမျိုးအနွယ် တည်းဟူသော သင့်ကို၊ အခြားသော လူမျိုးတကာတို့တွင် ရွေးကောက်တော်မူ၏။ ၁၆ သို့ဖြစ် ၍ သင်၏ နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တဖန် ခိုင်မာသော လည်ပင်းမရှိစေနှင့်။


ထာ၀ရဘုရားသည် ဘုရားတို့၏ဘုရား

၁၇ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဘွယ်သော ဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊ ၁၈ မိဘမရှိသော သူငယ်၊ မုဆိုးမ ဘက်၌ တရားစီရင်၍၊ ဧည့်သည် အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။ ၁၉ သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ ၂၀ သင်၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။ ၂၁ ထာဝရဘုရားသည် သင်၏ ဂုဏ်အသရေ၊ သင်၏ ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ့်မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဖွယ်သော အမှုအရာကြီးတို့ကို သင့်အဖို့ ပြုတော်မူပြီ။ ၂၂ သင်၏ဘိုးဘေးတို့သည် အရေအတွက်အားဖြင့်၊ လူခုနစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုးကောင်းကင် ကြယ်နှင့်အမျှ သင်၏ဘုရားသ ခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်၌ အခန်းငယ် (ရ) မှ (၁၁) အထိသည် အင်္ဂလိပ်ကျမ်းစာအုပ်များနှင့် သိုထားပုံခြင်း မတူညီချေ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.