-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၂၈


ပညတ်တော်များ ကျင့်စောင့်လျှင် ရရှိမည့် ကောင်းကြီးမင်္ဂလာများ

ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့ နားထောင်လျှင်၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ထက် သင့်ကို ချီးမြှောက်တော်မူမည်။ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်လျက်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကောင်းကြီး မင်္ဂလာများ ဟူမူကား။ သင်သည် မြို့၌ မင်္ဂလာ ရှိလိမ့်မည်၊ တော၌ မင်္ဂလာ ရှိလိမ့်မည်။ သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့်၎င်း၊ တိရစ္ဆာန်ဖွားသော သားငယ်အားဖြင့်၎င်း၊ သိုးနွား အစီးအပွားအားဖြင့်၎င်း၊ မင်္ဂလာရှိလိမ့်မည်။ ခြင်းတောင်း၌၎င်း၊ မုန့်နယ်သောခွက်၌၎င်း၊ မင်္ဂလာရှိလိမ့်မည်။ မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။ သင့်တဘက်၌ ထသော ရန်သူတို့ကို သင့်မျက်မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည်။ သင်၏ ဘဏ္ဍာတိုက်၌၎င်း၊ သင်ပြုလေရာရာ၌ ၎င်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ၊ မင်္ဂလာ ရောက်စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌၊ သင့်ကို ကောင်းကြီ မင်္ဂလာ ပေးတော်မူမည်။ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည် အတိုင်း၊ သင့်ကို ကိုယ်တော်အဖို့ သန့်ရှင်းသော အမျိုး အစဉ်အမြဲ ဖြစ်စေတော်မူမည်။ ၁၀ သင်သည် ထာဝရဘုရား၏ နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသည်၊ ဟုလူမျိုးခပ်သိမ်းတို့သည် သိမြင်၍ သင့်ကို ကြောက်ရွံ့ ကြလိမ့်မည်။ ၁၁ ထာဝရဘုရားသည် သင့်အား ပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန် အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝ စေတော်မူမည်။ ၁၂ ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌ မိုးရွာစေခြင်းငှာ၎င်း၊ သင်ပြုလေရာရာ၌ ကောင်းကြီးပေးခြင်းငှာ၎င်း၊ ဘဏ္ဍာတော် တိုက်တည်းဟူသော မိုးကောင်းကင်ကို ဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားရသော အခွင့်မရှိရ။ ၁၃ ထာဝရဘုရားသည် သင့်ကို အမြီး မဖြစ်စေဘဲ၊ ခေါင်း ဖြစ်စေတော်မူသဖြင့်၊ သင်သည်အောက်၌ မနေရဘဲ အပေါ်၌သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ငါဆင့်ဆိုသော၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင်၎င်း၊ ၁၄ ယနေ့ ငါဆင့်ဆိုသော စကားတော်လမ်းမှထွက်၍ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲ၊ အခြားတစ်ပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြုဘဲ နေလျှင်၎င်း၊ ထိုသို့သော ကျေးဇူးတော်ကို ခံရလိမ့်မည်။


ထာ၀ရဘုရား၏စကားနားမထောင်လျှင်

၁၅ ယနေ့ ငါဆင့်ဆိုသော သင်၏ ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ကို ကျင့်စောင့်ခြင်းငှာ၊ စကားတော်ကို နားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂလာများ ဟူမူကား၊ ၁၆ သင်သည် မြို့၌ အမင်္ဂလာ ရှိလိမ့်မည်၊ တော၌ အမင်္ဂလာ ရှိလိမ့်မည်။ ၁၇ ခြင်းတောင်း၌၎င်း၊ မုန့်နယ်သောခွက်၌၎င်း၊ အမင်္ဂလာ ရှိလိမ့်မည်။ ၁၈ သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့်၎င်း၊ သိုးနွား အစီးအပွားအားဖြင့်၎င်း၊ အမင်္ဂလာ ရှိလိမ့်မည်။ ၁၉ မိမိအိမ်ထဲသို့ ဝင်သောအခါ အမင်္ဂလာ ရှိလိမ့်မည်။ ပြင်သို့ထွက်သောအခါ အမင်္ဂလာ ရှိလိမ့်မည်။ ၂၀ ထာဝရဘုရားကို စွန့်၍ ပြုမိသော ဒုစရိုက်အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီ တိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက်ရောက် စေတော်မူမည်။ ၂၁ သင်သွား၍ ဝင်စားလတံ့သော ပြည်မှ သုတ်သင် ပယ်ရှင်းတော် မမူမှီတိုင်အောင်၊ ကာလနာကို သင်၌ စွဲစေတော်မူမည်။ ၂၂ ထာဝရဘုရားသည် သင့်ကို တူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်၎င်း၊ ဓါးဘေး၊ လေထိ၍ အပင်သေဘေး၊ အရည်ယို၍ အပင် သေဘေးဖြင့်၎င်း၊ ဒဏ်ခတ်တော်မူ၍၊ သင်သည် မပျက်စီး မှီတိုင်အောင်၊ ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။ ၂၃ သင့်ခေါင်းပေါ်မှာ မိုးကောင်းကင်သည် ​ကြေးဝါကဲ့သို့၎င်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။ ၂၄ ထာဝရဘုရားသည် သင့်နေရာပြည်၌ ရွာသော မိုးရေကို မြေမှုန့်၊ ဖုံဖြစ်စေတော်မူသဖြင့်၊ သင်သည် မပျက်စီးမှီ တိုင်အောင် သင့်အပေါ်မှာ ကျရလိမ့်မည်။ ၂၅ သင်၏ ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကို ဒဏ်ပေးတော်မူမည်။ သင်သည် တလမ်းတည်းဖြင့် သူတို့ရှိရာသို့ သွားသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သူတို့ရှေ့မှပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။ ၂၆ သင်၏ အသေကောင်သည် မိုးကောင်းကင်ငှက်၊ တောသားရဲစားစရာဖို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။ ၂၇ ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သော ယားနာဖြင့် ဒဏ်ခတ်တော်မူမည်။ ၂၈ ရူးသောအနာ၊ မျက်စိကန်းသော အနာ၊ မိန်းမောတွေဝေသော အနာဖြင့် ဒဏ်ခတ်တော်မူ၍၊ ၂၉ မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်းသပ်ရ သကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ်ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင်ရ။ ၃၀ မိန်းမနှင့် လက်ထပ်ပြီးသော်လည်း အခြားသောသူသည် ပေါင်းဖော် ရလိမ့်မည်။ အိမ်ကို ဆောက်သော်လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်သီးကို မဆွတ်မယူရ။ ၃၁ သင့်နွားကို သင့်မျက်မှောက်၌ သတ်၍ သေသော်လည်း သင့်ကိုယ်တိုင် မစားရ။ သင့်မြည်းကို သင့်ရှေ့မှောက်၌ အနိုင်အထက် ယူသွားပြီးမှ၊ နောက်တဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌ အပ်သောအခါ ကယ်နှုတ်သောသူ မပေါ်မရှိရ။ ၃၂ သင့်သားသမီးတို့သည် သူတပါး လက်သို့ ရောက်၍၊ သင့်မျက်စိသည် တစ်နေ့လုံး မျှော်ကြည့်လျက် အားကုန်လိမ့်မည်။ သင်လက်သည်လည်း ခွန်အားမရှိရ။ ၃၃ သင်မသိ မ​ကျွမ်းသော လူမျိုးသည် သင့်နေရာပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ ရသောဥစ္စာကို၎င်း၊ စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။ ၃၄ ထိုသို့ ကိုယ်တိုင် တွေ့မြင်သော အမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။ ၃၅ ထာဝရဘုရားသည် သင့်ဒူးနှင့်​ ခြေထောက်မက၊ ​ခြေဖဝါးမှစ၍ ဦးခေါင်း ထိပ်တိုင်အောင် မပျောက်နိုင်သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။


အမင်္ဂလာများအဆက်

၃၆ ထာဝရဘုရားသည်၊ သင်ချီးမြှောက်သော ရှင်ဘုရင်ကို သင်နှင့် သင့်ဘိုးဘေးတို့ မသိမ​ကျွမ်းဖူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတစ်ပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။ ၃၇ ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူသော အပြည်ပြည်တို့၌ သင်သည် အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာ ဖြစ်လိမ့်မည်။ ၃၈ သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ ယူသွား၍၊ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသော စပါးကို သိမ်းရလိမ့်မည်။ ၃၉ စပျစ်ဥယျာဉ်တို့ကို စိုက်၍ ပြုစုသော်လည်း၊ ပိုးများ ကိုက်စားသောကြောင့် ကိုယ်တိုင် စပျစ်သီးကို မဆွတ်ရ၊ စပျစ်ရည်ကိုလည်း မသောက်ရ။ ၄၀ သင့်နေရာ အရပ်ရပ်၌ သံလွင်ပင်ရှိသော်လည်း၊ အသီးမမှည့်မှီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကို မလိမ်းရ။ ၄၁ သားသမီးကို ဖွားမြင်သော်လည်း၊ သူတို့နှင့် မပျော်မွေ့ရ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။ ၄၂ သင့်နေရာပြည်၌ သစ်ပင်ရှိသမျှ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည်။ ၄၃ သင်နှင့်အတူနေသော တပါးအမျိုးသားသည် မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍ နေရလိမ့်မည်။ ၄၄ သူသည်သင့်အား ချေးငှားသောအခွင့် ရှိလိမ့်မည်။ သင်မူကား၊ သူ့အားချေးငှားသော အခွင့်မရှိရ။ သူသည် ခေါင်းဖြစ်၍၊ သင်သည် အမြီးဖြစ်လိမ့်မည်။ ၄၅ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် တရားကို စောင့်ရှောက်ခြင်းငှာ၊ သင်သည် စကားတော်ကို နားမထောင်သောကြောင့်၊ မပျက်စီးမှီ တိုင်အောင် ဤကျိန်ခြင်း အမင်္ဂလာရှိ သမျှတို့သည် သင့်အပေါ်မှာ သက်ရောက်လျက်၊ သင့်ကိုလိုက်၍ မှီလျက်ရှိ ကြလိမ့်မည်။ ၄၆ သင့်ပေါ်၌၎င်း၊ သင့်အမျိုး အနွယ်အပေါ်၌၎င်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည်။


ဥစ္စာကြွယ်၀သောအခါ အမှုမဆောင်သောကြောင့်
CROSS REFERENCES






၄၇ သင်သည် ဥစ္စာ ကြွယ်ဝသောအခါ၊ ဝမ်းမြောက် ရွှင်လန်းသော စိတ်နှင့် သင်၏ ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို မဆောင်မရွက်သောကြောင့် ၄၈ ထာဝရဘုရား စေလွှတ်တော်မူသော ရန်သူ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ [A] အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီ တိုင်အောင် သင့်လည်ပင်း၌ သံထမ်းပိုးကို တင်ထားတော်မူမည်။ ၄၉ လင်းယုန် ပျံတတ်သကဲ့သို့ လျင်မြန်သော လူမျိုး၊ ကြမ်းတမ်းသော မျက်နှာနှင့် ပြည့်စုံလျက်၊ ၅၀ အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သော လူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ထာဝရဘုရားသည် ခေါ်၍ သင့်ကို တိုက်စေတော်မူမည်။ ၅၁ သင်သည် မပျက်စီးမှီ တိုင်အောင်၊ ထိုရန်သူသည် သင်၏ သိုးသူငယ်၊ နွားသူငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမှီ တိုင်အောင်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွား အစီးအပွားကို သင့်အဖို့ မချန်မထားရ။ ၅၂ သင့်နေရာ ပြည် အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင်အောင်၊ သင့်နေရာ မြို့ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်အရပ်ရပ်တို့၌ ၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့်မည်။


သားသမီးများ၏ အသားကိုစားရမည်
CROSS REFERENCES





CROSS REFERENCES






၅၃ ထိုသို့ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေသောအခါ၊ ကိုယ်ရင်သွေး တည်းဟူသော သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။ [B] ၅၄ သင့်နေရာမြို့တို့ကို ရန်သူ ဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊ ၅၅ အလွန်နူးညံ့ သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိသားသမီး၏ အသားကို စားရသော်လည်း၊ မိမိညီအစ်ကို၊ မိမိရင်ခွင်၌ ရှိသောမယား၊ ကျန်ကြွင်းသေးသော သားသမီးတို့ကို မနာလိုသော စိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေ မပေးဘဲ စားလိမ့်မည်။ ၅၆ သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊ ၅၇ အလွန်နူးညံ့ သိမ်မွေ့သဖြင့် မြေကို မနင်းဝံ့သော မိန်းမသည်လည်း၊ စားစရာ အလျှင်း မရှိသောကြောင့်၊ မိမိရင်ခွင်၌ ရှိသောလင်၊ မိမိသားသမီး၊ မိမိဝမ်းထဲက ထွက်သောအချင်း၊ မိမိဖွားမြင်သော သူငယ်တို့ကို မနာလိုသော စိတ်ရှိ၍၊ မိမိသူငယ်ကို တိတ်ဆိတ်စွာ စားရလိမ့်မည်။ ၅၈ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး၌ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ၊ [C] ဤကျမ်းစာ၌ ရေးထားသော ဤတရားတော် စကားအလုံးစုံတို့ကို သင်သည် မကျင့်မစောင့်ဘဲ နေလျှင်၊ ၅၉ ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အမျိုးအနွယ် ခံရသောဘေးတို့ကို အံ့ဩဘွယ်သောဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံသော ရောဂါဝေဒနာ ဖြစ်စေတော်မူမည်။ ၆၀ ထိုမှတပါး၊ သင်ကြောက်တတ်သော အဲဂုတ္တုပြည်၏ အနာရောဂါ ရှိသမျှတို့ကို သင့်အပေါ်မှာ သက်ရောက် စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။ ၆၁ ထိုမှတပါး၊ ဤပညတ္တိကျမ်းစာ၍ ရေး၍မထားသော အနာရောဂါ၊ ဘေးဥပဒ်ရှိ သမျှတို့ကို သင်သည် မပျက်စီးမှီ တိုင်အောင်၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက် စေတော်မူမည်။ ၆၂ သင်သည် အရေအတွက်အားဖြင့် မိုးကောင်းကင် ကြယ်ကဲ့သို့ များသော်လည်း၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်သောကြောင့် နည်းနည်း ဖြစ်ရလိမ့်မည်။ ၆၃ သင့်ကို ကျေးဇူးပြု၍ များပြားစေသော အမှု၌ ထာဝရဘုရား ပျော်မွေ့တော်မူသည် နည်းတူ၊ တဖန်သင့်ကို ဖျက်ဆီး၍ အကျိုးနည်းစရာ အမှု၌ ပျော်မွေ့တော်မူသဖြင့်၊ သင်သွား၍ ဝင်စားလတံ့သော ပြည်ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။ ၆၄ ထာဝရဘုရား သည်လည်း၊ မြေကြီးစွန်း တဘက်မှသည် တဘက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့် သင့်ဘိုးဘေးတို့မသိဖူးသော အခြားတစ်ပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။ ၆၅ ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊ နေရာမကျရာ၊ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိမျှော်၍ အားကုန်ခြင်း၊ ဝမ်းနည်းခြင်း အကြောင်းကို ထာဝရဘုရား စီရင်တော်မူသဖြင့်၊ ၆၆ သင်သည် အသက်ဆုံးလုသည် ဖြစ်၍၊ နေ့ညမပြတ် စိုးရိမ်လျက် သေဘေးနှင့် လွတ်မည် မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည်။ ၆၇ သင်၏ စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသော အကြောင်း၊ သင့်မျက်စိနှင့် မြင်ရသော အရာကြောင့် နံနက်အချိန်၌ သင်က၊ ညရောက်ပါစေဟူ၍၎င်း၊ ညအချိန်၌ နံနက် ရောက်ပါစေဟူ၍၎င်း ဆုတောင်းရ လိမ့်မည်။ ၆၈ ထိုလမ်းကို နောက်တဖန် သင်မမြင်ရ၊ ဟုမိန့်တော်မူသော လမ်းဖြင့်၊ ထာဝရဘုရားသည် တဖန်သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထိုပြည်တွင် ကျွန်ယောကျ်ား၊ ​ကျွန်မိန်းမ ဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လို၊ ဟုဣသရေလလူများတို့ကို ဟောပြောလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.