-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁၆


ပသခါပွဲခံရမည်

သင်၏ ဘုရားသခင် ထာဝရဘုရားသည် အဗိဗလ၊ ညအခါ၌ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသောကြောင့်၊ အဗိဗလကို မှတ်၍၊ သင်၏ ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံလော့။ ထာဝရဘုရားသည် နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်၌ သိုးနွားတို့ကို ယဇ်ပူဇော်၍၊ သင်၏ ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံရမည်။


ဒုက္ခမုန့်စားရမည်
CROSS REFERENCES






သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသော နေ့ရက်ကို တစ်သက်လုံး အောက်မေ့ဖို့ရာ ပသခါပွဲခံစဉ်၊ [A] တဆေးပါသော မုန့်ကိုမစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူသော ဒုက္ခမုန့်ကို ခုနစ်ရက် ပတ်လုံးစားရမည်။ အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆော ထွက်လာသတည်း။ ခုနစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါသောမုန့် မရှိရ။ ပဌမနေ့ ညဦးယံ၌ ပူဇော်သော ယဇ်၏အသားကို တစ်ညလုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မြို့အရပ်ရပ်တို့တွင်၊ ပသခါယဇ်ကို ပူဇော်ရသောအခွင့် ရှိသည်မဟုတ်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက် တော်မူသော အရပ်တွင်၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသော အချိန်၊ နေဝင်ရာ ညဦးယံချိန်၌ ပသခါယဇ်ကို ပူဇော်ရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ်မှာ မီးနှင့်ကင်၍ စားပြီးမှ၊ နံနက်အချိန်၌ အိမ်သို့ပြန်သွားရမည်။ ​ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည်။ သတ္တမနေ့၌ သင်၏ ဘုရားသခင် ထာဝရဘုရားအဖို့ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။


သာကေနေပွဲ

စပါးကို ရိတ်စကာလနောက်၊ အရေအတွက်အားဖြင့် ခုနစ်သတင်းလွန်မှ၊ ၁၀ သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသော ပူဇော်သက္ကာကို ဆောင်ခဲ့ရမည်။ ၁၁ သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမတော်တည် စေဖို့ရာ ရွေးကောက် တော်မူသောအရပ်တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ ခုနစ်သတင်းပွဲကို ခံ၍သားသမီး၊ ​ကျွန်ယောကျ်ားမိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။ ၁၂ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို အောက်မေ့၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။ ၁၃ စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ၊ ခုနစ်ရက်ပတ်လုံး သာကေနေပွဲကို ခံရကြမည်။ ၁၄ ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သားသမီး၊ ​ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။ ၁၅ ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ၊ ခုနစ်ရက်ပတ်လုံး သင်၏ဘုရားသခင် ထာဝရဘုရားအဖို့၊ ဓမ္မပွဲကို ခံရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ တိုးပွားလေရာရာ၊ သင်လုပ်ဆောင်လေရာရာ၌ ကောင်းကြီး ပေးတော်မူသောကြောင့်၊ အမှန်ရွှင်လန်းခြင်းကို ပြုရမည်။



၁၆ အဇုမပွဲခံချိန်၊ ခုနစ်သတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တစ်နှစ်တွင်သုံးကြိမ်မြောက်အောင် သင်တို့ ယောက်ျား အပေါင်းတို့သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါထာဝရဘုရား ထံတော်သို့ အဘယ်သူမျှ လက်ချည်း မပေါ်မလာရ။ ၁၇ သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့်၊ လူအသီးသီးတို့သည် တတ်နိုင်သည် အတိုင်း ဆက်ရကြမည်။ ၁၈ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မြို့ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာ ခရိုင်များ၌ အနှံ့အပြား ခန့်ထားရမည်။ သူတို့သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ကြရမည်။ ၁၉ သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိ မျက်စိကို ကွယ်စေတတ်၏။ ​ဖြောင့်မတ်သောသူ ၏စကားကို ကောက်စေတတ်၏။ ၂၀ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အကြောင်း၊ ​ဖြောင့်သော တရားလမ်းသို့သာ လိုက်ရမည်။ ၂၁ သင်၏ ဘုရားသခင် ထာဝရဘုရား အဖို့ သင်တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့သော အာရှရပင်ကိုမျှ မစိုက်ရ၊ ၂၂ သင်၏ ဘုရားသခင် ထာဝရဘုရား မုန်းတော်မူသော ရုပ်တုဆင်းတုကို မတည်မထားရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.