-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၅


မောရှေက ထာ၀ရဘုရားနှင့် ပဋိညာဉ်ပြုသောအရာ ပြန်ပြော

တဖန်မောရှေသည် ဣသရေလ အမျိုးသား အပေါင်းတို့ကိုခေါ်၍၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင်တို့အား ငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။ ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည် မဟုတ်။ ယနေ့ပင် အသက်ရှင်၍ ဤအရပ်၌ ရှိသမျှသော ငါတို့နှင့် ပြုတော်မူ၏။ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက သင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။ ထိုအခါ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့ မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာ ရပ်နေ၏။ မိန့်မြွက်တော်မူသော စကားဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင်၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။


ပညတ်တော်ဆယ်ပါး [A]

ငါမှတပါး အခြားသော ဘုရားကို မကိုးကွယ်နှင့်။ အထက် မိုးကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက် ရေထဲ၌၎င်း၊ ရှိသောအရာနှင့် ပုံသဏ္ဍာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဖို့ မလုပ်နှင့်။ ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ ဘုရားသခင်၊ ငါထာဝရဘုရားသည် သဝန်တိုတတ်သော ဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သော ဘုရား၊ ၁၀ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ကရုဏာကို ပြသောဘုရား ဖြစ်၏။ ၁၁ သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့် ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိ၊ ဟုထာဝရဘုရား မှတ်တော်မမူ။


ဥပုသ်နေ့စောင့်ပါ
CROSS REFERENCES






၁၂ သင်၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို [B] သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို စောင့်လော့။ ၁၃ ​ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ ၁၄ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ​ကျွန်ယောက်ျားမိန်းမ၊ နွားမြည်းအစရှိသော သင်၏ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာ နေသကဲ့သို့၊ သင်၏ ကျွန်ယောက်ျား မိန်းမတို့သည် ငြိမ်ဝပ်စွာ နေရကြမည်။ ၁၅ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင် တော်မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုသ်နေ့ကို စောင့်ရမည်၊ ဟုသင်၏ ဘုရားသခင် ထာဝရဘုရားမှာ ထားတော်မူ၏။


လူအပေါ်၌ စောင့်ရမည့်ပညတ်များ

၁၆ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌၊ သင်သည် အသက်တာရှည်၍ ကောင်းစားရမည် အကြောင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ ၁၇ သင်၏မိဘကို ရိုသေစွာပြုလော့။ ၁၈ လူအသက်ကို မသတ်နှင့်၊ ၁၉ သူ့မယားကို မပြစ်မှားနှင့်။ ၂၀ သူ့ ဥစ္စာကို မခိုးနှင့်။ ၂၁ ကိုယ်နှင့် စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေကိုမခံနှင့်၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ မယားကို တပ်မက်သော စိတ်မရှိစေနှင့်။ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်၊ လယ်ယာ၊ ​ကျွန်ယောက်ျားမိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစ်စုံတခု ကိုမျှ တပ်မက်လိုချင်သော စိတ်မရှိစေနှင့်၊ ဟုမိန့်တော်မူ၏။


လူများက ဘုရားကိုယ်တိုင် စကားမပြောဖို့ တောင်းဆိုကြ
CROSS REFERENCES






၂၂ ထိုစကားတော်ကို ထာဝရဘုရားသည် တောင်ပေါ်မှ မီး၊ မိုးတိမ်၊ ထူထပ်သော မှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သင်တို့ စည်းဝေးရာ ပရိသတ် အပေါင်းတို့အား မိန့်မြွက်တော်မူ၏။ ထပ်၍ မိန့်မြွက်တော်မမှု။ ထိုစကားတော်ကိုလည်း ကျောက်ပြား နှစ်ပြားပေါ်မှာရေး၍ ငါ၌ အပ်တော်မူ၏။ ၂၃ သင်တို့သည် မှောင်မိုက်ထဲက စကားသံကိုကြား၍၊ တောင်ထိပ်သည် မီးလောင်လျက် ရှိသောအခါ၊ သင်တို့ အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူတို့သည် ငါ့ထံသို့ချဉ်းကပ်၍၊ ၂၄ အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းတန်ခိုး အာနုဘော်တော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူပြီ။ မီးထဲက စကားတော်အသံကို အ​ကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း၊ လူသည် အသက်ရှင် သေးသည်ကို၊ ယနေ့၌ အ​ကျွန်ုပ်တို့သည် သိမြင်ရပါပြီ။ ၂၅ အ​ကျွန်ုပ်တို့သည် အဘယ်ကြောင့် ယခုသေ ရပါမည်နည်း။ ဤကြီးစွာသော မီးဖြင့် အ​ကျွန်ုပ်တို့သည် ဆုံးရှုံးပါလိမ့်မည်။ အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသော အသံတော်ကို တဖန်ကြားရလျှင် သေရပါလိမ့်မည်။ ၂၆ အသက်ရှင်တော်မူသော ဘုရားသခင်သည် မီးထဲက မိန့်မြွက်တော်မူသော အသံတော်ကို အ​ကျွန်ုပ်တို့ ကြားရသကဲ့သို့ အဘယ် လူသတ္တဝါသည် ကြား၍ အသက်ရှင်သနည်း။ ၂၇ ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အ​ကျွန်ုပ်တို့သည် နားထောင်၍ ပြုပါမည်၊ [C] ဟုလျှောက်ဆိုကြ၏။


လူများတောင်းဆိုသော စကားကို ဘုရားကကြား
CROSS REFERENCES






၂၈ ထိုသို့သင်တို့သည် ငါ့အား လျှောက်သောစကားကို ထာဝရဘုရား ကြားတော်မူ၏။ ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် သင့်အား လျှောက်သော စကားသံကို ငါကြားရပြီ။ လျှောက်လေသမျှသော စကားသည် လျောက်ပတ်ပေ၏။ ၂၉ သူတို့နှင့် သားမြေး အစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့၍ [D] ငါပညတ်သမျှတို့ကို အစဉ် စောင့်ရှောက်ချင်သော စိတ်နှင့် ပြည့်စုံကြပါစေသော်။ ၃၀ တဲများသို့ ပြန်သွားကြလော့၊ ဟုသူတို့အားပြောလော့။ ၃၁ သင်မှာမူကား၊ ဤအရပ်၌ ငါ့အနားမှာ ရပ်နေလော့။ သူတို့အား ငါအပိုင်ပေးသောပြည်၌ သူတို့ကျင့်ဖို့ရာ သင်သည် သူတို့အား သွန်သင်ရသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရား အလုံးစုံတို့ကို ငါမြွက်ဆိုမည်၊ ဟုငါ့အားမိန့်တော်မူ၏။ ၃၂ သို့ဖြစ်ပါ၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည် ကျင့်အံ့သောငှာ စောင့်နေရကြမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။ ၃၃ သင်တို့ ဝင်စားလတံ့သော ပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာ ရှည်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.