-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၃၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၃၁


မောရှေက ဣသရေလ အမျိုးသား မကြောက်ဖို့
CROSS REFERENCES






တဖန်မောရှေသည် သွား၍ ဣသရေလ အမျိုးသားအပေါင်းတို့အား ဟောပြောသည်ကား၊ ငါသည် ယနေ့ အသက် တစ်ရာ့နှစ်ဆယ်စေ့ပြီ။ [A] သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ်နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရ၊ ဟုမိန့်တော်မူပြီ။ [B] သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ရှေ့မှာ ကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ ဝင်စားရကြလိမ့်မည်။ ထာဝရဘုရား အမိန့်တော်အတိုင်း၊ ယောရှုသည်လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။ ထာဝရဘုရားသည်လည်း၊ အာမောရိ ရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌၎င်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည်၌၎င်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မှုလိမ့်မည်။ ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ်တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်း ရှိကြလော့၊ မစိုးရိမ်ကြနှင့်။ [C] သူတို့ကို မကြောက်ကြနှင့်။ [D] ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍၊ သင်တို့နှင့်အတူ ကိုယ်တိုင် ကြွတော်မူမည်။ [E] သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော် မမူ၊ ဟုဟောပြော၏။ [F] တဖန်ယောရှုကို ခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူတော်မူသော ပြည်သို့ သင်သည် သူတို့နှင့်အတူ သွား၍ အမွေခံစေရမည်။ သင်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့် ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ [G]စိတ်မပျက်နှင့်၊ ဟုဣသရေလ အမျိုးသား အပေါင်းတို့ ရှေ့မှာပြောဆို၏။


ဤပညတ်တရားကို ခုနစ်နှစ်စေ့ သကေနေပွဲတိုင်း၌ ဖတ်ရမည်
CROSS REFERENCES





CROSS REFERENCES






ဤပညတ်တရားကို မောရှေသည် ရေးထား၍၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသော လေဝိသား ယဇ်ပုရာဟိတ်များ၊ ဣသရေလ အမျိုးအသက်ကြီးသူများ အပေါင်းတို့၌ အပ်၍၊ ၁၀ မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲ [H] ခံချိန်ရောက်မှ၊ ၁၁ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူလတံ့သော အရပ်တွင်၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ပရိသတ် အပေါင်းတို့ရှေ့မှာ ဖတ်ရွတ်ရမည်။ ၁၂ ယောကျ်ား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသား များတို့သည်ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ [I] ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ ပရိသတ်တို့ကို စုဝေးစေကြလော့။ ၁၃ ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သော ပြည်၌ နေသည် ကာလပတ်လုံး၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ၊ သင်ကြလိမ့်မည်၊ ဟုမှာထားသတည်း။


မောရှေသေချိန်နီး၍ ယောရှုနှင့် ဘုရားထံ ချဉ်းကပ်

၁၄ ထာဝရဘုရား ကလည်း၊ သင်သည် သေရသော အချိန်နီးပြီ။ ယောရှုကိုခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှုသည်သွား၍ ပရိသတ် စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်ကြ၏။ ၁၅ ထာဝရဘုရားသည် တဲတော်တွင် မိုးတိမ်တိုင်၌ ထင်ရှားတော်မူ၍၊ မိုးတိမ်တိုင်သည် တဲတော် တံခါးဝအပေါ်မှာ တည်နေ၏။


အခြားဘုရားကိုးကွယ်သောအခါ ဘုရားမျက်နှာလွှဲမည်

၁၆ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည် ထ၍ ယခုသွားသော ပြည်၌ နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။ ၁၇ ထိုအခါ ငါသည် အမျက်တော် ထွက်၍ သူတို့ကိုစွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည် ပျက်စီး၍ ဘေးဒဏ် ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြလိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ ဘုရားသခင်သည် ငါတို့တွင် ရှိတော်မမူ သောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့အပေါ်မှာ ရောက်သည် မဟုတ်လော၊ ဟုဆိုကြလိမ့်မည်။ ၁၈ သူတို့သည် အခြားတစ်ပါးသော ဘုရားတို့ နောက်သို့ လွဲသွား၍ ပြုသော ဒုစရိုက် အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန်လွှဲမည်။


ဘုရားကမောရှေကို သီချင်းစပ်၍ သင်ခိုင်း
CROSS REFERENCES






၁၉ ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထိုသီချင်းကို ဣသရေလ အမျိုးတဘက်၌ ငါ့အဖို့ သက်သေ ဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေကြလော့။ ၂၀ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသောပြည် [J] သို့သူတို့ကို ငါဆောင်သွင်းသဖြင့်၊ သူတို့သည် ဝစွာစားရ၍ ဆူဖြိုးသောအခါ၊ အခြားတပါးသော ဘုရားတို့ ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုပုန်ကန်၍ ငါ့ပဋိညာဉ် တရားကို ဖျက်ကြလိမ့်မည်။ ၂၁ ဘေးဒဏ် ရန်မာန် အပေါင်းတို့နှင့် တွေ့ကြုံသောအခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့်မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက် မမေ့လျော့ရ။ ငါကျိန်ဆိုသော ပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ၏၊ ဟုမိန့်တော်မူ၏။ ၂၂ မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကို ရေးထား၍ ဣသရေလ အမျိုးသားတို့အား သင်လေ၏။


ထာ၀ရဘုရားက ယောရှုကိုမှာထား

၂၃ တဖန်နုန်၏သား ယောရှုအား ထာဝရဘုရားက၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ [K] ငါကျိန်ဆိုသော ပြည်သို့ ဣသရေလ အမျိုးသားတို့ကို ဆောင်သွင်းရမည်။ ငါသည် သင်နှင့်အတူ ရှိမည်၊ ဟုမှာထားတော်မူ၏။


မောရှေက လေဝိသားတို့ကိုမှာထား

၂၄ မောရှေသည် ဤပညတ်တရား စကားတော် အလုံးစုံတို့ကို အကုန်အစင် ရေးထားပြီးမှ၊ ၂၅ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသော လေဝိသားတို့ကိုခေါ်၍၊ ၂၆ ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုး တဘက်၌ သက်သေဖြစ်မည် အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်အနားမှာ တင်ထားကြလော့။ ၂၇ သင်တို့အမျိုးသည် ပုန်ကန်တတ်သောသဘော၊ ခိုင်မာသောသဘောရှိကြောင်းကို ငါသိ၏။ [L] ငါအသက်ရှင်၍၊ သင်တို့တွင် နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှမက ပြုကြလိမ့်မည်။ ၂၈ သင်တို့ အမျိုးအနွယ် အသက်ကြီးသူ၊ အရာရှိ သူအပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့။ ဤစကားတို့ကို သူတို့အား ဟောပြော၍၊ သူတို့တဘက်၌ ကောင်းကင် မြေကြီးကို ငါတိုင်တည်မည်။ ၂၉ အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသော လမ်းမှ လွဲသွားကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ကိုယ်လက်နှင့် လုပ်ဆောင်သော အားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်၊ ဟုသတိပေးလေ၏။ ၃၀ မောရှေသည် ဣသရေလ ပရိသတ် အပေါင်းတို့အား အကုန်အစင် မြွက်ဆိုသော သီချင်းစကားဟူမူကား။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.