-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၃၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၃၂


မောရှေက ထာ၀ရဘုရားကို ချီးမွမ်း
CROSS REFERENCES






အိုကောင်းကင်၊ နားထောင်လော့၊ ငါပြောမည်။ အိုမြေကြီး၊ ငါမြွက်ဆိုသော စကားကို ကြားလော့။ [A] ငါ့ဒေသနာသည် မိုးရေကဲ့သို့ စက်စက်ကျ၍၊ ငါ့စကားသည် နှင်းကဲ့သို့ ဖြည်းညှင်းစွာ သက်ရောက်လိမ့်မည်။ နုသော ပျိုးပင်ပေါ်မှ ရွာသော မိုးကဲ့သို့၎င်း၊ မြက်ပင်ပေါ်မှာ များပြားသော မိုးရေကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ငါသည် ထာဝရဘုရား၏ နာမတော်ကို ဖော်ပြသည် ဖြစ်၍၊ ငါတို့ ဘုရားသခင်၏ ဘုန်းအာနုဘော်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မူလအမြစ် ဖြစ်၍၊ အမှုတော်သည် စုံလင်ပေ၏။ စီရင် တော်မူသမျှတို့သည် တရားနှင့်ညီလျက်၊ သစ္စာစောင့်သော ဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်​ ဖြောင့်မတ်သောဘုရား ဖြစ်တော်မူ၏။


ထာ၀ရဘုရားသည် သင့်ကိုဖန်ဆင်းရှင်

သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏ သားမဟုတ်၊ အညစ်အ​ကြေး ကပ်ကြ၏။ သဘောကောက်၍ ဖောက်ပြန်သော အမျိုးဖြစ်ကြ၏။ အိုပညာမဲ့သော လူမိုက်တို့၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ဤသို့ ဆပ်မည်လော။ ထာဝရဘုရားသည် သင်ကို ဖြစ်စေသောအဘ၊ သင့်ကိုဖန်ဆင်း၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော။ ရှေးကာလကို အောက်မေ့လော့။ လွန်လေပြီးသော နှစ်ပေါင်းများကို ဆင်ခြင်လော့။ သင့်အဘကို မေးမြန်းလျှင် သူသည် ဖော်ပြလိမ့်မည်။ အသက်ကြီးသူတို့ကို မေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။


လူမျိုးတို့ကိုပိုင်းခြား၍ အမွေမြေဝေပေး

အမြင့်ဆုံးသော ဘုရားသည် အာဒံ၏ အမျိုးအနွယ် ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကို ဝေပေးသောအခါ။ ဣသရေလ အမျိုးသားတို့ အရေအတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာ အပိုင်းအခြားကို စီရင်တော်မှု၏။ ထာဝရဘုရား၏ အဖို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း။ ၁၀ လူဆိတ်ညံသော အရပ်၊ သားရဲမြည်၍၊ လွတ်လပ်သော တောလွင်ပြင်၌ ယာကုပ်ကို တွေ့တော်မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်း ကျေးဇူးကိုပြု၍ မျက်ဆန်တော် [B]ကဲ့သို့ စောင့်တော်မူ၏။


လင်းယုန်ကဲ့သို့ ထာ၀ရဘုရားသည် ယာကုပ်ကိုဆောင်

၁၁ လင်းယုန်သည် အသိုက်ကို မွှေလျက်၊ သားငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကို ဖြန့်လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊ [C] ၁၂ ထာဝရဘုရား တပါးတည်းသာလျှင်၊ ယာကုပ်ကို ဆောင်သွားတော်မူ၏။ အခြားတပါးသော ဘုရားမည်မျှမရှိ။ ၁၃ မြေကြီးပေါ်မှာ မြင့်မြတ်သော အရပ်တို့၌ နေရာချတော်မူသဖြင့်၊ သူသည် မြေအသီးအနှံကိုစား၍ ကျောက်ထဲက ပျားရည်ကို၎င်း၊ မီးပါကျောက်ထဲက ဆီကို၎င်း၊ ၁၄ သိုးသငယ်ဆီဥ၊ ဗာရှန်အမျိုး၏ သိုးထီး၊ ဆိတ်ထီးဆီဥ၊ ဂျုံစပါး၊ ကျောက်ကပ် ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကို၎င်း၊ စို့မည်အကြောင်း စီရင်တော်မူ၍၊ သင်သည် စပျစ်သီး အသွေးစစ်ကို သောက်ရ၏။


ထာ၀ရဘုရားကို စွန့်ကြ
CROSS REFERENCES






၁၅ သို့ရာတွင်၊ ယေရှုရုန်(a) [D] သည် ဆူဝ၍ ခြေနှင့်ကန်လေ၏။ ဆူဝလျက်၊ တုတ်လျက်၊ ဆီဥနှင့် ပြည့်စုံလျက် နေသဖြင့်၊ ဖန်ဆင်းတော်မူသော ဘုရားသခင်ကို စွန့်၍၊ ကယ်တင်ရာ ကျောက်ကို မထီမဲ့မြင် ပြုလေ၏။ ၁၆ သူတို့သည် အခြားတစ်ပါးသော ဘုရားအားဖြင့် ငြူစူစေကြ၏။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။ ၁၇ ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဖူးသောဘုရား၊ ဘိုးဘေးတို့ မကြောက်ဖူးသော ဘုရားသစ်တို့အား ယဇ်ပူဇော်ကြ၏။ ၁၈ သင်ဖြစ်ရာ မူလအမြစ်ကို သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ။


ထာ၀ရဘုရားက သူ၏သားသမီးများကို ဖျက်ဆီးမည်

၁၉ ထိုအမှုကို ထာဝရဘုရား မြင်သောအခါ၊ အမျက်တော်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊ ၂၀ ငါသည် ကိုယ်မျက်နှာကို သူတို့မှ လွှဲမည်။ သူတို့သည် အဘယ်သို့ ဆုံးမည်ကို ငါကြည့်မည်။ သဘော ခိုင်မာသော အမျိုး၊ သစ္စာမရှိသော သားသမီး ဖြစ်ကြ၏။ ၂၁ ဘုရားမဟုတ်သော အရာအားဖြင့် ငါသည် ငြူစူသော စိတ်ရှိစေခြင်းငှာ၊ ပြုကြပြီ။ အချည်းနှီးသော အရာအားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာသော လူမျိုးအားဖြင့် သူတို့သည် ငြူစူသော စိတ်ရှိစေခြင်းငှာ၎င်း၊ ပညာမရှိသော လူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှာ၎င်း ငါပြုရမည်။ ၂၂ ငါသည် အမျက်ထွက်၍ မီးရှို့သဖြင့်၊ အနက်ဆုံးသော မရဏာနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့် မြေအသီးအနှံကို ကျွမ်းစေ၍ တောင်​ခြေရင်း တိုင်အောင် လောင်လိမ့်မည်။ ၂၃ သူတို့အပေါ်မှာ ဘေးဥပါဒ်များကို ငါပို့မည်။ ငါးမြှားတို့ကို အကုန်အစင်ပစ်မည်။ ၂၄ သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသော ဖျက်ဆီးခြင်း ဘေးအားဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏ သွားကို၎င်း၊ မြေ၌ ကျင်လည်သော မြွေအဆိပ်ကို၎င်း၊ သူတို့၌ ငါစေလွှတ်မည်။ ၂၅ အိမ်ပြင်၌ ဓားဘေး၊ အိမ်အတွင်း၌ ကြောက်မက်ဖွယ်သော ဘေးသည် လူပျိုနှင့် အပျိုကို၎င်း၊ နို့စို့သူငယ်နှင့် ဦးဆံဖြူသော သူကို၎င်း၊ ဖျက်ဆီးလိမ့်မည်။


သူတို့ကိုပယ်ရှင်းမည်

၂၆ ရန်သူ၏ မာန်မာနကို ငါမကြောက်လျှင်၎င်း၊ ၂၇ ရန်ဘက် ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသော ငါတို့လက်ရုံးပြပြီ၊ ဟုပြောမည်ကို စိုးရိမ်စရာ မရှိလျှင်၎င်း၊ သူတို့ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ ကွဲပြားစေ၍၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှာ ပယ်ရှင်းမည်၊ ဟုငါအကြံရှိ၏။ ၂၈ အကြောင်းမူကား၊ သူတို့သည် ပညာသတိမရှိ၊ ဥာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။ ၂၉ ပညာကိုရ၍ ဤအမှုကို နားလည်ကြပါစေသော်။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသော်၊ ဟုမိန့်တော်မူ၏။


CROSS REFERENCES






၃၀ သူတို့ခိုလှုံစရာ ကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတစ်ယောက်သည် လူတစ်ထောင်ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း။ ၃၁ ငါတို့၏ ရန်သူများ စီရင်ဆုံး ဖြတ်သော်လည်း၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့် မတူ။ ၃၂ သူတို့ စပျစ်နွယ်ပင်သည် သောဒုံ စပျစ်နွယ်ပင်မျိုး၊ ဂေါမောရ မြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့စပျစ်သီးသည် ခါးသော အပင်၏ အသီးဖြစ်၍၊ စပျစ်သီးပြွတ်တို့သည် ခါးသော အရသာနှင့် ပြည့်စုံကြ၏။ ၃၃ သူတို့စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန်သော မြွေဆိုး အဆိပ်အတောက် ဖြစ်၏။ [E] ၃၄ ဤအမှုသည် ငါ့ထံမှာ သိုထားလျက်၊ ငါ့ဘဏ္ဍာတိုက်၌ တံဆိပ်ခတ်လျက် ရှိသည်မဟုတ်လော။ ၃၅ အပြစ် တရားကို စီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန်တန်မှ သူတို့​ ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေးရောက်သော အချိန်နီးပြီ။ သူတို့တွေ့ကြုံရသော အမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။ ၃၆ ထာဝရဘုရားသည် မိမိလူတို့အဖို့ တရားစီရင်တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်းခိုးကုန်ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူ တစ်ယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင်တရ တော်မူလျက်၊ ၃၇ သူတို့ဘုရား၊ သူတို့ခိုလှုံသော ကျောက်သည် အဘယ်မှာရှိသနည်း။ ၃၈ သူတို့ပူဇော်သော ဆီဥကို စား၍ သွန်းလောင်းရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သောသူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည် ထ၍ သင်တို့ကို ကွယ်ကာ စောင့်မပါလေစေ။ ၃၉ ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်းကို၎င်း၊ ငါမှတပါး အခြားသော ဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှာ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။ ၄၀ ငါသည် အစဉ်အမြဲ အသက်ရှင်ပေ၏၊ ဟုငါ့လက်ကို ကောင်းကင်သို့ ချီ၍ ကျိန်ဆို၏။ ၄၁ ငါသည် ပြောင်လက်သော ဓားကိုသွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကို မုန်းသောသူတို့ ခံထိုက်သော အပြစ်အလျောက် ငါဆပ်ပေးမည်။ ၄၂ ငါ့မြှားတို့ကို အသွေးနှင့် ယစ်မူးစေမည်။ ငါ့ဓားသည် အသားကို စားလိမ့်မည်။ သတ်သောသူ၊ လက်ရသောသူတို့၏ အသွေး၊ ရန်သူ အကဲအမှူးတို့၏ ဦးခေါင်းကို စားသောက်လိမ့်မည်။ ၄၃ တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ ကျွန်တို့ကို သတ်သော အပြစ်နှင့် အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ ရန်သူတို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မ သနားတော်မူမည်ဟူသော၊ ၄၄ ဤသီချင်းစကားကို မောရှေသည် လာ၍ နုန်သား ယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို၏။ ၄၅ ထိုသို့ မောရှေသည် ဤစကား အလုံးစုံတို့ကို ဣသရေလ အမျိုးသား အပေါင်းတို့အား အကုန်အစင် ဟောပြော မြွက်ဆိုပြီးလျှင်၊ ၄၆ သင်တို့အား ယနေ့ ငါသက်သေခံ သမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ [F] သင်တို့ သားသမီးတို့သည် ဤပညတ်တရား စကားတော် အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြမည်။ ၄၇ ဤအမှုသည် သာမညအမှု မဟုတ်။ သင်တို့အသက်နှင့် ဆိုင်သော အမှု ဖြစ်၏။ ယော်ဒန်မြစ်ကို ကူး၍ ဝင်စားလတံ့သော ပြည်၌ ဤအမှုကို စောင့်ရှောက်လျှင်၊ ကိုယ်အသက်တာ ရှည်ကြလိမ့်မည်၊ ဟုပြောဆို၏။


မောရှေအား ခါနာန်ပြည် ဝင်ခွင့်မပေး

၄၈ ထိုနေ့ခြင်းတွင် ထာဝရဘုရားက၊ ယေရိခေါမြို့တဘက်၊ မောဘပြည် အာဗရိမ်တောင်ရိုး၊ နေဗော တောင်ထိပ်ပေါ်သို့ တက်၍၊ ၄၉ ဣသရေလ အမျိုးသားတို့အား ငါအပိုင်ပေးသော ခါနာန်ပြည်ကို ကြည့်ရှုလော့။ ၅၀ သင့်အစ်ကို အာရုန်သည် ဟောရတောင်ပေါ်မှာ သေ၍ မိမိလူမျိုး စည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာ သေ၍၊ သင်၏ လူမျိုးစည်းဝေးရာသို့ ရောက်လော့။ ၅၁ အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာဒေရှရွာ၊ မေရိဘ စမ်းရေအနား၌ ဣသရေလ အမျိုးသားတို့ ရှေ့မှာ၊ ငါ့ကို မရိုမသေပြု၍ ပြစ်မှားကြပြီ။ ၅၂ ထိုကြောင့် ဣသရေလ အမျိုးသားတို့အား ငါပေးသောပြည်ကို၊ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း၊ ထိုပြည်သို့ မဝင်စားရ၊ ဟုမောရှေအား မိန့်တော်မူ၏။

_________________________
Footnotes


၁၅ (a) יְשֻׁרוּן֙ Yeshurun "upright one" "ယေရှုရုန်" သည် "ဖြောင့်မတ်သောသူ" ဟုအဓိပ္ပါယ်ရှိသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.