-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁၁

ဘုရားပြုသမျှသောအရာတို့ကို သင်မြင်ရပြီ
CROSS REFERENCES






သို့ဖြစ်၍ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားကို ချစ်ရမည်၊ [A] စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထားတော်မူသော ပညတ်တော်တို့ကို အစဉ် စောင့်ရှောက်ရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူခြင်းကို၎င်း၊ ဘုန်းအာနုဘော် တော်ကို၎င်း၊ အားကြီးသော လက်ရုံး ဆန့်တော်မူခြင်းကို၎င်း၊ ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည်၌၊ အဲဂုတ္တု ရှင်ဘုရင် ဖာရောမင်းနှင့် ပြည်သူ ပြည်သားများတို့အား ပြုတော်မူသော အမှုကို၎င်း၊ အဲဂုတ္တုစစ်သူရဲ အလုံးအရင်း တည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသော အမှုကို၎င်း၊ သင်တို့ကို လိုက်သောသူတို့ကို ပင်လယ်နီ ရေလွှမ်းမိုးစေ၍၊ [B] ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်းကို၎င်း၊ ဤအရပ်သို့ မရောက်မှီ၊ တော၌ လှည့်လည်စဉ်တွင် သင်တို့အား ပြုတော်မူသော အမှုကို၎င်း၊ ရုဗင်အမျိုး၊ ဧလျာဘသား ဒါသန်နှင့် အဘိရံတို့အား ပြုတော်မူသောအမှုကို၎င်း၊ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသော ဥစ္စာပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ်၌၊ မျိုကြောင်းကို၎င်း၊ [C] မသိမမြင်သော သင်တို့၏သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ်တိုင် သိမှတ်ကြလော့။ ထာဝဘုရား ပြုတော်မူသော အမှုကြီး အလုံးစုံတို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။


ထာ၀ရဘုရား တစ်နှစ်ပတ်လုံး ကြည့်ရှုသောပြည်
CROSS REFERENCES






ထိုကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်ကို ကြီးစွာသော ခွန်အားနှင့် ဝင်စားမည်အကြောင်း၊ ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့ အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ [D] သင်တို့ အသက်တာ ရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။ ၁၀ သင်တို့သွား၍ ဝင်စားလတံ့သော ပြည်သည်ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍​ ခြေဖြင့် ရေလောင်းရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။ ၁၁ သင်တို့သွား၍ ဝင်စားလတံ့သော ပြည်သည်တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုးရေကို သောက်သောပြည်၊ ၁၂ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပြုစု၍ တစ်နှစ်ပတ်လုံး ကြည့်ရှုတော်မူသော ပြည်ဖြစ်၏။ [E]


ပညတ်တို့ကို စေ့စေ့နားထောင်လျှင်
CROSS REFERENCES






၁၃ သင်တို့ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်၍ အမှုတော်ကို ဆောင်ရွက်မည်အကြောင်း၊ ယနေ့ငါမှာထား သမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊ [F]၁၄ သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်းခြင်းငှာ အရင်မိုး၊ နောက်မိုး [G]တည်းဟူသော သင်တို့ပြည်နှင့် ဆိုင်သော မိုးရေကို ငါပေးမည်။ [H] ၁၅ သင်တို့သည် ဝစွာစားရမည်အ ကြောင်း၊ သင်တို့ တိရစ္ဆာန်များအဖို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေမည်။ [I] ၁၆ သင်တို့သည် မိစ္ဆာဒိဌိအယူကို စွဲ၍ လမ်းမလွှဲ၊ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။ ၁၇ သို့မဟုတ် ထာဝရဘုရားသည် အမျက်တော်ထွက်၍ မိုးမရွာ။ မြေ၏ အသီးအနှံကို မဖြစ်စေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန် ပျောက်ပျက်ကြလိမ့်မည်။ ၁၈ သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ [J] လက်၌ လက္ခဏာ သက်သေဖို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း၊ ချည်ထားရကြမည်။ ၁၉ ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက်နေသည် ဖြစ်စေ၊ ခရီးသွားသည် ဖြစ်စေ၊ အိပ်လျက် ထလျက် ရှိသည် ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။ ၂၀ အိမ်တံခါး မြို့တံခါး၌လည်း ရေးထားရကြမည်။ ၂၁ သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည်၌ သင်တို့အသက်၊ သားသမီးများ အသက်တာသည်၊ ကောင်းကင်၌ အသက်တာရှည် သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။ ၂၂ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့ လိုက်၍၊ ကိုယ်တော်၌ ဆည်းကပ် မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့် စောင့်ရှောက်လျှင်၊ ၂၃ ထာဝရဘုရားသည် ဤလူမျိုး ခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ့်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို အစိုးရကြလိမ့်မည်။ ၂၄ သင်တို့သည် ခြေနှင့်နင်းသမျှသော အရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင် တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ် ကမ်းနားတိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏ နိုင်ငံအဝင် ဖြစ်လိမ့်မည်။ ၂၅ သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်အောင်၊ သင်တို့နင်းသော မြေအရပ်၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ ထိတ်လန့်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော် ရှိသည်အတိုင်း ပြုတော်မူမည်။


ကောင်းကြီးပေးခြင်းနှင့်ကျိန်ခြင်း

၂၆ ယနေ့ ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်းဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား၏။ [K] ၂၇ ယနေ့ ငါဆင့်ဆိုသော သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင်မူကား၊ ကောင်းကြီးပေးခြင်း၊ ၂၈ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသော လမ်းမှလွှဲရှောင်၍၊ မသိဘူးသော အခြားတစ်ပါးသော ဘုရားကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန်ခြင်းကို ငါထား၏။ ၂၉ သင်တို့သည်သွား၍ ဝင်စားလတံ့သော ပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်းတော်မူပြီးမှ၊ ကောင်းကြီး မင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်း တင်ထားရကြမည်၊ ၃၀ ထိုတောင်တို့သည် ယော်ဒန်မြစ် အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့ နေရာ အရပ်တည်းဟူသော၊ မောရေသပိတ် တောအနား၊ ဂိလဂါလနှင့် ဆိုင်သော လွင်ပြင်၌ ရှိသည် မဟုတ်လော။ ၃၁ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ် တဘက်သို့ ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက် နေရကြမည်။ ၃၂ ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.