-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၉

​ (၆) ဆဌမ နိမိတ်လက္ခဏာ တိရစ္ဆာန်များသေ

ထာဝရဘုရားကလည်း၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်၍၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကို လွှတ်လော့။ မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊ ထာဝရဘုရား လက်တော်သည် လယ်ပြင်၌ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွားတို့အပေါ်၌ ရောက်၍ အလွန်ပြင်းစွာသော ရောဂါ စွဲလိမ့်မည်။ ထာဝရဘုရားသည်၊ ဣသရေလလူတို့၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကို ခြားနားစေသဖြင့်၊ ဣသရေလ အမျိုးသားပိုင်သော တိရစ္ဆာန် တစ်ကောင်မျှ မသေရ။ နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကို ထာဝရဘုရား ပြုတော်မူမည် ၊ ဟုမှန်သောအချိန်ကို ချိန်းချက်တော်မူပြီ ၊ ဟုဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည် အကြောင်းကို ပြောလော့ ၊ ဟုမောရှေအားမိန့်တော်မူ၏။ နက်ဖြန်နေ့၌ ထိုအမှုကို ပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုး သေကြ၏။ ဣသရေလလူတို့၏ တိရစ္ဆာန် တစ်ကောင်မျှ မသေ။ ဖာရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသရေလ အမျိုးသားတို့၏ တိရစ္ဆာန်တစ်ကောင်မျှ မသေကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။


(၇) သတ္တမ နိမိတ်လက္ခဏာ အနာဆိုး

ထာဝရဘုရားကလည်း၊ မီးဖိုထဲက ပြာကို လက်နှင့်ယူ၍ မောရှေသည်၊ ဖာရောဘုရင်ရှေ့၌ မိုးကောင်းကင်သို့ ပစ်လွှင့်စေ။ ထိုပြာသည် အဲဂုတ္တုပြည် တလျှောက်လုံး၌ နှံ့ပြားသောအမှုန့် ဖြစ်၍၊ ပြည်တလျှောက်လုံးတွင် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ် ပြည့်သောအနာဆိုး ဖြစ်လိမ့်မည် ၊ ဟုမောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်အတိုင်း၊ ၁၀ သူတို့သည် မီးဖိုထဲကပြာကိုယူ၍၊ ဖာရောဘုရင်ရှေ့မှာ ရပ်လျက်၊ မောရှေသည် မိုးကောင်းကင်သို့ ပစ်လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ် ပြည့်သောအနာဆိုး ဖြစ်လေ၏။ ၁၁ ဝိဇ္ဇာဆရာတို့သည် အနာဆိုးကြောင့်၊ မောရှေရှေ့၌ မရပ်မနေနိုင်။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့၌၎င်း၊ အဲဂုတ္တုလူအပေါင်းတို့၌၎င်း၊ စွဲသတည်း။ ၁၂ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအား မိန့်တော်မူသည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲ နေလေ၏။


(၈) အဋ္ဌမ နိမိတ်လက္ခဏာ မိုးသီး
CROSS REFERENCES






၁၃ တဖန် ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖာရောဘုရင်ရှေ့မှာ ရပ်လျက်၊ ဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သွားရသော အခွင့်ကို ပေးလော့။ ၁၄ သို့မဟုတ် ယခုကာလအခါ သင်၏နှလုံးကို၎င်း၊ သင်၏ကျွန်များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ် အလုံးစုံတို့ကို သင့်ရောက်စေမည်။ မြေကြီးတလျှောက်လုံး၌ ငါကဲ့သို့သောသူ မရှိကြောင်းကို သင်သည်သိရလိမ့်မည်။ ၁၅ ငါ့လက်ကို ငါဆန့်၍ သင်နှင့် သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။ သင့်ကိုလည်း မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းမည်။ ၁၆ အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ငါပြခြင်းငှာ၎င်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာ၎င်း၊ သင့်ကိုငါချီးမြှောက်ခဲ့ပြီ။ ၁၇ သင်သည် ငါ၏လူတို့ကို မလွှတ်ဘဲ၊ သူတို့ကို စော်ကားသေးသလော။ ၁၈ ကြည့်ရှုလော့။ အဲဂုတ္တုပြည် တည်သည် ကာလမှစ၍၊ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသော မိုးသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန်၌ ငါဖြစ်စေမည်။ ၁၉ ထိုကြောင့် ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့မဆောင်လျှင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာ မိုးသီးကျ၍၊ သူတို့သည် သေကြလိမ့်မည် အကြောင်းကို ပြောလော့၊ ဟုမောရှေအား မိန့်တော်မူ၏။ ၂၀ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော [A] ဖာရောဘုရင်၏ ကျွန်တို့သည်၊ မိမိ​ကျွန်၊ မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။ ၂၁ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပမာဏ မပြုသောသူတို့သည်၊ မိမိ​ကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ ထားကြ၏။


အဲဂုတ္တုပြည်တလျှောက်လုံး၌ မိုးသီးရွာ

၂၂ ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည် တလျှောက်လုံး၌ လူတို့အပေါ်မှာ၎င်း၊ တိရစ္ဆာန်များအပေါ်မှာ၎င်း၊ လယ်ပြင်၌ ရှိလေသမျှသော အပင်များပေါ်မှာ၎င်း၊ မိုးသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ ဆန့်လော့ ၊ ဟုမောရှေအား မိန့်တော်မူ၏။ ၂၃ မောရှေသည် မိမိလှံတံကို မိုးကောင်းကင်သို့ဆန့်၍၊ ထာဝရဘုရားသည် မိုးကြိုးနှင့်မိုးသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာ ပြေးလေ၏။ ထိုသို့ ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုးသီးရွာစေတော်မူသဖြင့်၊ ၂၄ အဲဂုတ္တုပြည် တည်ထောင်သည် ကာလမှစ၍ တစ်ခါမျှ မဖြစ်ဘူးသော မိုးသီး၊ မီးနှင့်ရော၍ အလွန်ပြင်းထန်စွာသော မိုးသီးဖြစ်လေ၏။ ၂၅ အဲဂုတ္တုပြည် တလျှောက်လုံး၌၊ လယ်ပြင်မှာ ရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုးသီးထိလေ၏။ ၂၆ သို့ရာတွင် ဣသရေလ အမျိုးသား နေရာ ဂေါရှင်ပြည်၌ မိုးသီးမကျ၊ မရွာ။


ပထမအကြိမ် ဖာရောက သူမှားကြောင်းဝန်ခံ

၂၇ ထိုအခါ ဖာရောဘုရင်သည် လူကိုစေလွတ်၍၊ မောရှေနှင့်အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ ငါပြစ်မှားပြီ။ ထာဝရဘုရားသည်​ ဖြောင့်မတ်တော်မူ၏။ ငါနှင့်ငါ၏ လူတို့သည် အပြစ်များပါ၏။ ၂၈ တန်ပါပြီ။ အားကြီးသော မိုးကြိုးနှင့်မိုးသီး စဲမည်အကြောင်း၊ ထာဝရဘုရားကို တောင်းပန်ပါ။ သင်တို့ကို ငါမဆီးမတား၊ အလျင်အမြန်လွှတ်မည်၊ ဟုဆိုလေ၏။ ၂၉ မောရှေကလည်း၊ မြို့ထဲက​ကျွန်ုပ် ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ​ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို၊ ကိုယ်တော်သိစေခြင်းငှာ မိုးကြိုးစဲလိမ့်မည်။ မိုးသီးလည်း မကျ၊ မရွာရ။ ၃၀ သို့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေးကြောင်းကို၊ အ​ကျွန်ုပ်သိပါသည်၊ ဟုလျှောက်ဆို၏။ ၃၁ ပိုက်ဆန်ပင်၊ မုယောပင်ကို မိုးသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့် ပြည့်စုံပြီ။ ပိုက်ဆံပင်လည်း အသီးမှည့်ပြီ။ ၃၂ ဂျုံစပါး၊ ကောက်စပါးပင်ကိုကား၊ မထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။ ၃၃ မောရှေသည် ဖာရောဘုရင်ထံမှ ထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကိုဖြန့်သဖြင့်၊ မိုးကြိုးနှင့်မိုးသီးစဲလေ၏။ မြေကြီးပေါ်၌လည်း မိုးမရွာ။ ၃၄ ထိုသို့ မိုးမရွာ၍ မိုးသီးနှင့် မိုးကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တဖန် ပြစ်မှား၍၊ ​ကျွန်များနှင့်အကွ နှလုံးခိုင်မာလျက်နေ၏။ ၃၅ ထိုသို့ ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလ အမျိုးသားတို့ကို မလွှတ်ဘဲ နေပြန်သတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.