-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၈


(၃) တတိယ နိမိတ်လက္ခဏာ ဖားဖြစ်စေ

ထာဝရဘုရားကလည်း၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။ မလွှတ်ဘူး၊ ဟုငြင်းလျှင်၊ သင်၏ပြည် တလျှောက်လုံးကို ဖားတို့ဖြင့် ဒဏ်ခတ်ဦးမည်။ မြစ်သည်လည်း များစွာသော ဖားတို့ကိုဖွား၍၊ သူတို့သည် သင်၏အိမ်၌၎င်း၊ အိပ်ခန်း၌၎င်း၊ အိပ်ရာပေါ်၌၎င်း၊ သင်၏​ကျွန်တို့အိမ်၌၎င်း၊ သင်၏လူတို့အပေါ်၌၎င်း၊ သင်၏မီးဖို၌၎င်း၊ မုန့်နှယ်သောခွက်၌၎င်း၊ တက်ကြလိမ့်မည်။ သင်မှစ၍ သင်၏လူ၊ သင်၏​ကျွန်ရှိသမျှတို့အပေါ်၌ တက်ကြလိမ့်မည်၊ ဟုထာဝရဘုရား မိန့်တော်မူသည် အကြောင်းကို ကြားပြောလော့၊ ဟုမောရှေအား မိန့်တော်မူ၏။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့ အပေါ်၌ လှံတံကိုကိုင်လျက်၊ လက်ကိုဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဖားများကို တက်စေခြင်းငှာ ပြောလော့၊ ဟုမိန့်တော်မူ၏။ အာရုန်သည် အဲဂုတ္တုပြည်အပေါ်၌ ရှိသော ရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဖားတို့သည်တက်၍ အဲဂုတ္တုပြည် တလျှောက်လုံးကို ဖုံးလွှမ်းကြ၏။ ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍၊ ဖားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင်ကြ၏။


ဖာရောမင်းက ဖားများ ဖယ်ရှားမည့်အကြောင်း တောင်းပန်

ထိုအခါ ဖာရောမင်းသည်၊ မောရှေနှင့်အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဖားတို့ကို ငါနှင့်ငါ့လူတို့ထံမှ ပယ်ရှားတော်မူမည် အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ငါပေးမည်ဟုဆို၏။ မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဖားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေခြင်းငှာ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဖို့ အ​ကျွန်ုပ် တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါ ဟုလျှောက်သော်၊ ၁၀ နက်ဖြန်နေ့ တောင်းပန်လော့၊ ဟုမိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှာ အမိန့်တော်အတိုင်းဖြစ်၍၊ ၁၁ ဖားတို့သည် ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ​ကျွန်များ၊ လူများထံမှ ထွက်သွား၍ မြစ်၌သာနေကြလိမ့်မည်၊ ဟုမောရှေလျှောက်ပြီးလျှင်၊ ၁၂ အာရုန်နှင့်အတူ အထံတော်မှ ထွက်သွား၍၊ ဖာရောဘုရင်အပေါ်သို့ ထာဝရဘုရား ဆောင်တော်မူသော ဖားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပဌနာ ပြုလေ၏။ ၁၃ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်း ပြုတော်မူသဖြင့်၊ ဖားတို့သည်အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင် သေကြ၏။ ၁၄ အသေကောင်တို့ကို စုပုံ၍ ထားသဖြင့် တပြည်လုံး နံလေ၏။ ၁၅ ဖာရောမင်းလည်း၊ သက်သာရကြောင်းကို သိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန်လေ၏။


(၄) စတုတ္ထ နိမိတ်လက္ခဏာ ခြင်ကောင်

၁၆ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည် တလျှောက်လုံး၌ရှိသော မြေမှုန့်သည် ခြင်ကောင် ဖြစ်စေခြင်းငှာ၊ အာရုန်သည်လှံတံကို ကိုင်လျက်လက်ကိုဆန့်၍၊ မြေမှုန့်ကို ရိုက်စေခြင်းငှာ ပြောလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၁၇ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍ မြေမှုန့်ကိုရိုက်လေ၏။ မြေမှုန့်သည်လည်း လူ၌၎င်း၊ တိရစ္ဆာန်၌၎င်း၊ ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တလျှောက်လုံး၌ မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ်လေ၏။ ၁၈ ဝိဇ္ဇာဆရာတို့လည်း၊ ခြင်ကောင်တို့ကို ဖြစ်စေခြင်းငှာ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင်ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ ခြင်ကောင်တို့သည် ရှိကြ၏။ ၁၉ ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရားသခင်၏ တန်ခိုးကြောင့် ဖြစ်သည်၊ ဟုဖာရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန်လေ၏။


(၅) ပဉ္စမ နိမိတ်လက္ခဏာ ယင်ရဲ

၂၀ ထာဝရဘုရားကလည်း၊ သင်သည် နံနက်စောစောထလော့။ ရေဆိပ်သို့ ထွက်သွားသော ဖာရောဘုရင် ရှေ့မှာရပ်၍ ထာဝရ ဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။ ၂၁ မလွှတ်ဘဲနေလျှင် သင်နှင့် သင်၏ကျွန်များ၊ လူများ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တုလူတို့ နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့် ရှိရလိမ့်မည်။ ၂၂ ငါသည် မြေကြီးအလယ်၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှာ၊ ငါ၏လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့၌ ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။ ၂၃ ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနားစေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်၊ ဟုမိန့်တော်မူကြောင်းကို ပြောလော့၊ ဟုမောရှေအား မိန့်တော်မူ၏။ ၂၄ ထိုသို့ ထာဝရဘုရား ပြုတော်မူသဖြင့်၊ အလွန်ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖာရောဘုရင်အိမ် အစရှိသော သူ၏​ကျွန်တို့အိမ်၊ အဲဂုတ္တုပြည် တလျှောက်လုံး၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည် ပျက်လေ၏။


ဖာရောမင်းက သွားခွင့်ပြုသော်လည်း ဝေးဝေးသွားခွင့်မပြု

၂၅ ထိုအခါ၊ ဖာရောဘုရင်သည် မောရှေနှင့်အာရုန်ကို ခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌ သင်တို့၏ ဘုရားသခင်အား ယဇ်ပူဇော်သွားကြလော့၊ ဟုမိန့်တော်မူသော်၊ ၂၆ မောရှေက ထိုသို့မပြုသင့်၊ ပြုလျှင် အဲဂုတ္တုလူတို့၏ ရွံရှာဖွယ်သောအရာကို အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဖွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော်လျှင်၊ သူတို့သည် အ​ကျွန်ုပ်တို့ကို ခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။ ၂၇ သို့ဖြစ်၍ တော၌ သုံးရက်ခရီးသွား၍ အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်၊ ဟုလျှောက်ဆို၏။ ၂၈ ဖာရောဘုရင်ကလည်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကို ငါပေးမည်။ သို့ရာတွင် ဝေးဝေးမသွားရကြ။ ငါ့အဖို့ တောင်းပန်လော့၊ ဟုမိန့်တော်မူ၏။ ၂၉ မောရှေကလည်း၊ အ​ကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ ယင်ရဲတို့သည် ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကို တောင်းပန်ပါမည်။ သို့ရာတွင် ဣသရေလ လူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည်အကြောင်း၊ နောက်တဖန် ဆီးတား၍ လှည့်စားတော်မမူပါနှင့်၊ ဟုလျှောက်ပြီးလျှင်၊ ၃၀ ဖာရောဘုရင်ထံမှ ထွက်သွား၍ ထာဝရဘုရားကို တောင်းပန်လေ၏။ ၃၁ ထာဝရဘုရားသည်လည်း၊ မောရှေစကားကို နားထောင်၍၊ ယင်ရဲတို့ကို ဖာရောဘုရင်နှင့် သူ၏​ကျွန်များ၊ လူများထံမှာ တစ်ကောင်မျှ မကျန်စေခြင်းငှာ ပယ်ရှားတော်မူ၏။ ၃၂ ထိုအခါ၌ လည်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်စေဘဲ နေလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.