-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၆


အနန္တတန်ခိုးရှင်ဘုရားနှင့် ထာ၀ရဘုရား
CROSS REFERENCES






ထာဝရဘုရားကလည်း၊ ငါသည် ဖာရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည် ကြီးစွာသော တန်ခိုးကိုတွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသောတန်ခိုးကို တွေ့မြင်၍၊ သူတို့ကို မိမိပြည်မှ နှင်ရလိမ့်မည်၊ ဟုမောရှောအား မိန့်တော်မူ၏။ တဖန် ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည်ထာဝရဘုရား ဖြစ်၏။ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင် [A]ဘုရားသခင်နာမ (El Shaddai, God Almighty) နှင့် ထင်ရှားသော်လည်း၊ ထာဝရဘုရားနာမ (YHWH, LORD) အားဖြင့် သူတို့သည် ငါ့ကိုမသိကြ။ သူတို့သည် အရပ်ရပ်လည်၍၊ ဧည့်သည်နေရာပြည်၊ ခါနာန်ပြည်ကို သူတို့အားပေးခြင်းငှာ၊ သူတို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါတည်စေပြီ။


အလွန်ပင်ပန်းသောကြောင့် မောရှေပြောသောစကား နားမထောင်ကြ

အဲဂုတ္တုလူတို့သည် အစေ​ကျွန်ခံစေသော ဣသရေလအမျိုးသားတို့၏ ညည်းတွား၊ မြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။ ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသော စကားဟူမူကား၊ ငါသည် ထာဝရဘုရားဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည်။ ငါ၏လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကို ငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင် ဖြစ်မည်။ ငါသည် သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်သော၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို၊ သင်တို့သိကြလိမ့်မည်။ ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ပေးမည်၊ ဟုကျိန်ဆိုသောပြည်သို့ ငါပို့ဆောင်၍၊ အမွေခံစရာဖို့ ပေးမည်။ ငါသည် ထာဝရဘုရား ဖြစ်၏၊ ဟုမိန့်တော်မူ၏။ ထိုသို့ မောရှေသည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း၍ ကြမ်းတမ်းစွာ ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ မောရှေစကားကို နားမထောင်ဘဲနေကြ၏။


ထာ၀ရဘုရားက မောရှေစေလွှတ်ပြန်
CROSS REFERENCES






၁၀ ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းထံသို့ဝင်၍၊ ၁၁ သူသည် ဣသရေလ အမျိုးသားတို့ကို မိမိပြည်မှ လွှတ်ရမည်အကြောင်း ပြောလော့၊ ဟုမောရှေအား မိန့်တော်မူ၏။ ၁၂ မောရှေကလည်း၊ ဣသရေလ အမျိုးသားတို့သည် အ​ကျွန်ုပ်ပြောသော စကားကို နားမထောင်ဘဲ နေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကို [B]မခံသောနှုတ်နှင့် ပြောတတ်သော အ​ကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်း၊ ဟုထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။ ၁၃ သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည်အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလ အမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းထံသို့၎င်း၊ စေခိုင်းမှာထားတော်မူ၏။


မောရှေနှင့် အာရုန်တို့၏ မျိုးရိုး

၁၄ ဣသရေလအဆွေအမျိုး သူကြီးတို့၏အမည်ဟူမူကား၊ ဣသရေလ သားဦး ရုဗင်၏သားကား၊ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။ ၁၅ ရှိမောင်၏သားကား၊ ယမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုးသမီး မိန်းမ၏သား ရှောလတည်း။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ်၏။ ၁၆ လေဝိသား အဆွေအမျိုး အလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ် တစ်ရာ့သုံးဆယ်ခုနစ်နှစ် ရှိသတည်း။ ၁၇ ဂေရရှုံသား အဆွေအမျိုး အလိုက်ဟူမူကား၊ လိဗနိနှင့်ရှိမိတည်း။ ၁၈ ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တစ်ရာ့သုံးဆယ်သုံးနှစ်ရှိသတည်း။ ၁၉ မေရာရိသားကား၊ မဟာလိနှင့်မုရှိတည်း။ ဤသူတို့သည် လေဝိအဆွေအမျိုး အသီးအသီးဖြစ်သတည်း။ ၂၀ အာမရံသည် မိမိအရီး ယောခေဗက်နှင့် စုံဘက်၍၊ သူသည် အာရုန်နှင့်မောရှေကို၎င်း၊ သူတို့အစ်မ မိရိအံကို၎င်း ဖွားလေ၏။ အာမရံအသက်သည် အနှစ်တစ်ရာ့သုံးဆယ့်နှစ်နှစ် ရှိသတည်း။၂၁ ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။ ၂၂ ဩဇေလသားကား၊ မိရှေလ၊ ဧလဇာဖန်၊ သိသရိတည်း။ ၂၃ အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမ ဧလိရှဘနှင့်စုံဘက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဖွားလေ၏။ ၂၄ ကောရသားကား၊ အဿိရ၊ ဧလကာန၊ အဗျာသပ်တည်း။ ဤသူတို့သည် ကောရအဆွေအမျိုး ဖြစ်သတည်း။ ၂၅ အာရုန်သား ဧလဇာသည် ပုတျေလ သမီးတစ်ယောက်နှင့် စုံဘက်၍၊ သူသည် ဖိနဟတ်ကို ဖွားလေ၏။ ဤသူတို့သည် လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီး ဖြစ်ကြသတည်း။ ၂၆ ထာဝရဘုရားက ဣသရေလ အမျိုးသား ဗိုလ်ပါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လော့၊ ဟုမိန့်တော်မူသောစကားကို ခံသောသူ၊ ၂၇ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခြင်းငှာ၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့် မောရှေ ဖြစ်သတည်း။
CROSS REFERENCES






၂၈ အဲဂုတ္တုပြည်မှာ ထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသော နေ့ရက်၌လည်း၊ ၂၉ ငါသည် ထာဝရ ဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအား ပြန်ပြောရမည်၊ ဟုမောရှေအား ထာဝရဘုရား မိန့်တော်မူ၏။ ၃၀ မောရှေကလည်း၊ အ​ကျွန်ုပ်သည် အရေဖျားလှီးခြင်းကို [C] မခံသော နှုတ်ရှိသည်ဖြစ်၍၊ ဖာရောဘုရင်သည် အ​ကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်း၊ ဟုထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.