-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၁၇


ရေငတ်သောကြောင့် မောရှေကို ရန်တွေ့ကြ

ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သိန်တောထဲက ထွက်၍ ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဖို့ရာ ရေမရှိ။ ထိုကြောင့် လူများတို့က၊ သောက်ဖို့ ရေပေးပါဟုဆို၍ မောရှေကို ရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်း၊ ဟုဆိုလေ၏။ လူများတို့သည် ရေငတ်၍ မောရှေကို အပြစ်တင် မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီး တိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလို့ငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း၊ ဟုဆိုကြ၏။ ထိုအခါ မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍၊ ဤလူတို့အား အ​ကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်း။ အ​ကျွန်ုပ်ကို ခဲနှင့်ပစ်လုကြပါပြီ၊ ဟုလျှောက်လေ၏။


ကျောက်ထဲက ရေပေး

ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကို ခေါ်လော့။ မြစ်ကိုရိုက်သော သင်၏လှံတံကိုကိုင်လျက်၊ ဟောရပ်အရပ်သို့ သွားလော့။ ထိုအရပ်၌ ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည်။ သင်သည် ထိုကျောက်ကို ရိုက်ရမည်။ လူများသောက်ဖို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်၊ ဟုမောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။ ဣသရေလ အမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင် ရှိသလော၊ မရှိလော၊ ဟုထာဝရဘုရားကို စုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့် မေရိဘ၊ ဟုသမုတ်သတည်း။


အာမလက်လူတို့နှင့် စစ်တိုက်

ထိုအခါ အာမလက်လူတို့သည် လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။ မောရှေကလည်း၊ လူတို့ကိုရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏ လှံတံကိုကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်၊ ဟုယောရှုအားဆို၏။ ၁၀ မောရှေမှာ လိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တက်ကြ၏။ ၁၁ မောရှေသည် လက်ကိုချီသောအခါ၊ ဣသရေလ လူတို့သည် နိုင်ကြ၏။ လက်ကိုချသောအခါ၊ အာမလက်လူတို့သည် နိုင်ကြ၏။ ၁၂ သို့ရာတွင် မောရှေ၏ လက်သည်​ ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကို ထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တစ်ယောက်တစ်ဘက်နေ၍ သူ၏လက်ကို မ, ကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။ ၁၃ ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကို ဓားလက်နက်ဖြင့် လုပ်ကြံလေ၏။ ၁၄ ထာဝရဘုရားကလည်း၊ ဤအမှုကို အောက်မေ့စရာဖို့ စာရေးထား၍၊ ယောရှုအား ဖတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်၊ ဟုမောရှေအား မိန့်တော်မူ၏။ ၁၅ မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါနိဿိ (Jehovah-Nissi - ဘုရားသည် ငါ၏ အောင်မြင်ခြင်း၊ ချီးမြှောက်ခြင်း) ၊ ဟုသမုတ်လေ၏။ ၁၆ အကြောင်းမူကား၊ အာမလက်အမျိုး၏ လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ ရန်ဘက်ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကို စစ်တိုက်တော်မူလိမ့်မည်၊ ဟုဆိုသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.