-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၂၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၉

အာရုန်နှင့်သားများကို ဘိသိက်ပေးခြင်း

သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ အဘယ်သို့ သန့်ရှင်းစေရမည်နည်းဟူမူကား၊ အပြစ်မပါသော နွားသူငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကို၎င်း၊ တဆေးမပါသော ဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လူးသော ဂျုံမုန့်ကြွပ်တို့ကို၎င်း၊ ယူရမည်။ ထိုမုန့်များကို တောင်းတလုံးထဲ၌ ထည့်ပြီးမှ၊ နွားတစ်ကောင်၊ သိုးနှစ်ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။ အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍၊ ရေချိုးရမည်။ အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ၍၊ ထူးဆန်းသော သင်တိုင်း၊ ရင်စည်းနှင့် စည်းရမည်။ သူ၏ ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ ဗောင်း၌ သန့်ရှင်းသော သင်းကျစ်ကို တပ်ရမည်။ ထိုအခါ လိမ်းစရာဆီကို ယူ၍ သူ၏ခေါင်းပေါ်၌ လောင်းသဖြင့် သူ့ကိုလိမ်းရမည်။ သူ၏ သားတို့ကိုလည်း ခေါ်ခဲ့၍၊ အင်္ကျီဝတ်စေရမည်။ ခါးပန်းကိုလည်း စည်း၍၊ ဦးထုပ်ကိုလည်း ဆောင်းစေပြီးလျှင်၊ သူတို့သည် ထာဝရ ပညတ်တော်အတိုင်း ယဇ်ပုရောဟိတ် အရာကို ဆိုင်ရမည်။ ထိုသို့ အာရုန်နှင့် သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။


အပြစ်​ဖြေရာယဇ်

၁၀ ထိုနောက် နွားထီးတစ်ကောင်ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။ ၁၁ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ထာဝရဘုရား ရှေ့တော်၌ ထိုနွားကို သတ်ရမည်။ ၁၂ အသွေးကိုယူ၍ ယဇ်ပလ္လင်ဦးချိုတို့၌ လက်ညှိုးနှင့် ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်​ခြေရင်းနား၌၊ သွန်ရမည်။ ၁၃ အအူကိုဖုံးသော ဆီဥရှိသမျှ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥကို ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ၁၄ နွား၏အသား၊ အရေ၊ ချေးနုကိုကား၊ တပ်ပြင်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်၏။


မီးရှို့ရာယဇ်
CROSS REFERENCES






၁၅ သိုးထီးတစ်ကောင်ကိုလည်း ယူ၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည်။ ၁၆ ထိုသိုးကိုသတ်ပြီးလျှင် အသွေးကိုယူ၍ ယဇ်ပလ္လင် အပေါ်နား ပတ်လည်၌ ဖြန်းရမည်။ ၁၇ သိုးကိုလည်း အပိုင်းပိုင်းဖြတ်၍ ဝမ်းထဲ၌ ရှိသော အရာနှင့် ခြေတို့ကို ဆေးကြောပြီးလျှင်၊ ခေါင်းနှင့် သားတစ်များကို စုထား၍၊ ၁၈ သိုးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးရှို့သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်၏။ [A]


အရာ၌ ခန့်ထားသောယဇ်

၁၉ အခြားသော သိုးကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည်။ ၂၀ ထိုသိုးကိုသတ်ပြီးလျှင် အသွေးကိုယူ၍ အာရုန်၏ လက်ယာနားပျဉ်း၌၎င်း၊ သူ၏သားတို့၏ လက်ယာနားပျဉ်း၌၎င်း၊ သူတို့၏ လက်ယာလက်မ၌၎င်း၊ လက်ယာ​ခြေမ၌၎င်း ထည့်၍၊ ယဇ်ပလ္လင်ပေါ်ပတ်လည်၌ ဖြန်းရမည်။ ၂၁ ယဇ်ပလ္လင်ပေါ်မှာ ရှိသော အသွေးနှင့် လိမ်းစရာဆီကိုယူ၍ အာရုန်နှင့် သူ၏အဝတ်၌၎င်း၊ သူ၏သားတို့နှင့် သူတို့အဝတ်၌၎င်း ဖြန်းသဖြင့်၊ အာရုန်မှစ၍သားများ၊ အဝတ်များတို့သည် သန့်ရှင်းကြလိမ့်မည်။ ၂၂ ထိုသိုးသည် အရာ၌ ခန့်ထားရာ သိုးဖြစ်သောကြောင့်၊ ဆီဥ၊ အမြီး၊ အအူကိုဖုံးသောဆီဥ၊ အသဲပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကို ဖုံးသော ဆီဥ၊ လက်ယာပခုံး၊


ချီလွှဲသောပူဇော်သက္ကာ
CROSS REFERENCES






၂၃ ထာဝရဘုရားရှေ့တော်၌ ထားသောတဆေးနှင့် မုန့်တောင်းထဲက မုန့်တလုံး၊ ဆီနှင့်လုပ်သော မုန့်ပြားတစ်ပြား၊ မုန့်ကြွပ်တစ်ချပ်ကိုယူ၍၊ ၂၄ အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကို ထားပြီးလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုရမည်။ ၂၅ ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ထာဝရဘုရား ရှေ့တော်တွင် မွှေးကြိုင်သော အနံ့ဖြစ်စေခြင်းငှာ၊ [B] ယဇ်ပလ္လင်၌ မီးရှို့ရာယဇ်အပေါ်မှာ ရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဖြစ်၏။ ၂၆ အာရုန်၏အရာ၌ ခန့်ထားရာ သိုး၏ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုပြီးမှ၊ သိုး၏ရင်ပတ်သည် သင်၏အဖို့ဖြစ်ရမည်။ ၂၇ ထိုသို့ အာရုန်နှင့် သူတို့၏အရာ၌ ခန့်ထားရာသိုးထဲက၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲသော ရင်ပတ်ကို၎င်း၊ ချီးမြှောက်သော ပူဇော်သက္ကာပြု၍၊ ချီးမြှောက်သော ပခုံးကို၎င်း၊ သန့်ရှင်းစေပြီးမှ၊ ၂၈ ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရ ပညတ်တော်အတိုင်း၊ ဣသရေလ အမျိုးသား လှူသော အာရုန်၏အဖို့၊ သူ့သားတို့၏အဖို့ ဖြစ်ရမည်။ ဣသရေလ အမျိုးသား ပြုသော မိဿဟာယယဇ်ထဲက၊ ထာဝရ ဘုရားရှေ့တော်၌ ချီးမြှောက်၍၊ ချီးမြှောက်ရာ ပူဇော်သက္ကာဖြစ်၏။


အာရုန်၏အဝတ်

၂၉ အာရုန်၏ သန့်ရှင်းသော အဝတ်တန်ဆာကို၊ သူ၏သားတို့သည် အမွေခံသဖြင့်၊ ဆီလိမ်းခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားသောအခါ၊ ဝတ်ဆင်ရမည်။ ၃၀ အာရုန်ကိုယ်စား ယဇ်ပုရောဟိတ် လုပ်သော သားသည်၊ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ခြင်းငှာ၊ ပရိသတ် စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ၊ ခုနစ်ရက်ပတ်လုံး ဝတ်ဆင်ရမည်။


အရာ၌ ခန့်ထားရာ သိုးသား

၃၁ အရာ၌ ခန့်ထားရာ သိုး၏အသားကိုယူ၍၊ သန့်ရှင်းရာဌာန၌ ပြုတ်ပြီးမှ၊ ၃၂ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို၎င်း၊ တောင်းထဲ၌ ရှိသောမုန့်ကို၎င်း၊ ပရိသတ် စည်းဝေးရာ တဲတော် တံခါးနားမှာ စားရကြမည်။ ၃၃ သူတို့ကို သန့်ရှင်းစေ၍၊ အရာ၌ ခန့်ထားစေခြင်းငှာ၊ အပြစ်ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သောအရာတို့ကို၊ သူတို့သည် စားရကြမည်။ ထိုအရာတို့သည် သန့်ရှင်းသောကြောင့်၊ မဆိုင်သောသူ မစားရ။ ၃၄ အရာ၌ ခန့်ထားရာနှင့် ဆိုင်သော အမဲသားဖြစ်စေ၊ မုန့်ဖြစ်စေ၊ နံနက်တိုင် အောင်ကျန်ကြွင်းလျှင်၊ ထိုအကြွင်းကို မီးရှို့ရမည်။ သန့်ရှင်းသောကြောင့်၊ အဘယ်သူမျှ မစားရ။ ၃၅ ထိုသို့ ငါပညတ်သမျှ အတိုင်း အာရုန်နှင့် သူ၏သားတို့အား ပြု၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်း မင်္ဂလာကို၊ ခုနစ်ရက်ပတ်လုံး ဆောင်ရမည်။၃၆ ထိုမှတပါး၊ အပြစ်ဖြေခြင်း အလိုငှာ၊ နေ့တိုင်း နွားထီးတစ်ကောင်ကို ပူဇော်၍၊ အပြစ်ဖြေရာယဇ် ပြုရမည်။ ထိုသို့ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေခြင်းကို ပြုပြီးမှ၊ ပလ္လင်ကို စင်ကြယ်စေရမည်။ ထိုနောက် သန့်ရှင်းစေခြင်းငှာ ဆီနှင့်လိမ်းရမည်။ ၃၇ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ဖို့ အပြစ်ဖြေခြင်းကိုပြု၍ သန့်ရှင်းစေပြီးမှ၊ အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်၍၊ ထိုပလ္လင်နှင့် ထိသမျှသော အရာတို့သည် သန့်ရှင်းသောအရာ ဖြစ်ရမည်။

၃၈ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသော အရာဟူမူကား၊ အခါမလည်သော သိုးသူငယ် နှစ်ကောင်ကိုယူ၍၊ ၃၉ နေ့တိုင်း အစဉ်မပြတ် နံနက်ယံ၌ တစ်ကောင်၊ ညဦးယံ၌ တစ်ကောင်ကို ပူဇော်ရမည်။ ၄၀ သိုးသူငယ် တစ်ကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကို ထောင်း၍၊ ရသော သံလွင်ဆီ သုံးလောဃနှင့် ရောသော မုန့်ညက်တစ်ဩမဲကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာဖို့ စပျစ်ရည် သုံးလောဃကို၎င်း၊ သိုးသူငယ်နှင့်အတူ ပူဇော်ရမည်။ ၄၁ အခြားသော သိုးသူငယ်ကို ညဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ ပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရားအား မီးနှင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာပြုရမည်။ ၄၂ ထိုသို့ သင်တို့သားစဉ် မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရား ရှေ့တော်၌၊ ပရိသတ် စည်းဝေးရာ တဲတော် တံခါးနားမှာ အစဉ်မပြတ် မီးရှို့သော ယဇ်ကို ပူဇော်ရကြမည်။ ၄၃ ထိုအရပ်၌ ဣသရေလ အမျိုးသားတို့နှင့် ငါတွေ့၍၊ ငါ့ဘုန်းတော်အားဖြင့် သူတို့ကို သန့်ရှင်းစေမည်။ ၄၄ ငါ့ရှေ့၌ ယဇ်ပုရောဟိတ် အမှုကိုဆောင်စေခြင်းငှာ၊ အာရုန်နှင့် သူ၏သားတို့ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်ကို၎င်း၊ ယဇ်ပလ္လင်ကို၎င်း၊ ငါသန့်ရှင်းစေမည်။ ၄၅ ဣသရေလ အမျိုးသားတို့တွင် ငါနေ၍၊ သူတို့၏ ဘုရားဖြစ်မည်။ ၄၆ ငါသည် သူတို့တွင် နေခြင်းငှာ၊ သူတို့ကို အဲဂုတ္တုပြည်ထဲက ကယ်နှုတ်ဆောင်ယူခဲ့သော သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။ ငါသည်သူတို့ ဘုရားသခင် ထာဝရဘုရား ဖြစ်၏၊ ဟုမောရှေအား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.