-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၁၃

သားဦးများသည် ဘုရား၏ဥစ္စာ

မောရှေကိုခေါ်၍ ဣသရေလ အမျိုးသားတို့တွင် အဦးဖွားသောသူ၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဖို့ သန့်ရှင်းစေလော့။ ငါ့ဥစ္စာ ဖြစ်ကြသည်၊ ဟုမိန့်တော်မူ၏။


တဆေးမဲ့မုန့်ပွဲ ကျင်းပရမည်
CROSS REFERENCES






မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ကြလော့။ ထာဝရ ဘုရားသည် အားကြီးသော လက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသော မုန့်ကိုမစားရ။ အဗိဗလ၊ ယနေ့၌ ပင်သင်တို့သည် ထွက်လာကြပြီ။ သင်တို့အား ပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရား ကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ တိတ္တိလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသော ပြည် [A]သို့ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကို ပြုရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမပါသော မုန့်ကိုစားပြီးမှ၊ ခုနစ်ရက် မြောက်သောနေ့တွင်၊ ထာဝရဘုရားအဖို့ ပွဲခံရကြမည်။ တဆေးမပါသော မုန့်ကိုစားရသော ခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေသော အရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။ ငါတို့သည် အဲဂုတ္တုပြည်မှ ထွက်သောကာလ၊ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ၏၊ ဟုထိုနေ့၌ သားမြေးတို့အား ကြားပြောရမည်။ ထာဝရဘုရား၏ တရားသည်၊ သင်၏နှုတ်၌ တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌ လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဖို့ရာ ဖြစ်ရမည်။ အားကြီးသော လက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ။ ၁၀ ထိုကြောင့် စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။


တိရစ္ဆာန်တို့၏ သားဦးအပေါင်း ရွေးရမည်

၁၁ သင်တို့၌၎င်း၊ ဘိုးဘေး၌၎င်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကို ပို့ဆောင်၍၊ ထိုပြည်ကို ပေးသနားတော်မူသောအခါ၊ ၁၂ သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဖို့ အသီးအခြား ခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။ ၁၃ မြည်းမ၌ အဦးဖွားသော မြည်းသူငယ်ကို၊ သိုးသူငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသူငယ် လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။ ၁၄ နောင်ကာလ၌ သင်၏သားကလည်း၊ အဘယ်သို့နည်း၊ ဟုမေးမြန်းလျှင်၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ၏။ ၁၅ ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲ နေသောအခါ၊ အဲဂုတ္တုပြည်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဖွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်၊ ဟုပြန်ဆိုရမည်။ ၁၆ ဤအရာသည်လည်း၊ သင်၏ လက္ခဏာသက်သေ၊ သင်၏ မျက်စိကြားမှာ သင်းကျပ် ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ၊ ဟုလူများတို့အား ပြောဆိုလေ၏။


ဘုရားကဦးဆောင်၊ ယောသပ်အရိုးများ ဆောင်သွား

၁၇ ဣသရေလလူတို့ကို ဖာရောဘုရင် လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင် ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကိုတွေ့ မြင်သောအခါ စိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်း ပြန်ကြလိမ့်မည်၊ ဟုသိတော်မူ၏။ ၁၈ ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ပင်လယ်နီ(a) နား တောလမ်းဖြင့် ဝိုင်း၍၊ ဆောင်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ခင်းကျင်းသောတပ် အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။ ၁၉ အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ ​ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလ အမျိုးသားတို့ကို ကြပ်ကြပ် ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ ယူဆောင်လေ၏။


မိုးတိမ်တိုင်နှင့် မီးတိုင်အားဖြင့်ဦးဆောင်
CROSS REFERENCES






၂၀ တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား၍ တောအနား၊ ဧသံမြို့၌ စခန်းချကြ၏။ ၂၁ သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဖို့ မိုးတိမ်တိုင်အားဖြင့်၎င်း၊ ည၌ ကား အလင်းပေးဖို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။ ၂၂ နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။ [B]

_________________________
Footnotes


၁၈ (a) မြန်မာကျမ်းစာအုပ်၌ "ဧဒုံပင်လယ်" ဟုရေးထားသည်။ မူရင်းဟေဗြဲကျမ်း၌ ס֖וּף יַם־ "ပင်လယ်နီ" ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.